မင်္ဂလာပါခင်ဗျာ :::: ဤဘလော့တွင် တင်သမျှ နည်းပညာလေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ ::::

……..မင်္ဂလာပါ :::: Kyaw Soe Tun Aung Blog မှာကြိုဆိုပါတယ်…….

……..မင်္ဂလာပါ :::: Kyaw Soe Tun Aung Blog မှာကြိုဆိုပါတယ်…….

……..မင်္ဂလာပါ :::: Kyaw Soe Tun Aung Blog မှာကြိုဆိုပါတယ်…….

……..မင်္ဂလာပါ :::: Kyaw Soe Tun Aung Blog မှာကြိုဆိုပါတယ်…….

……..မင်္ဂလာပါ :::: Kyaw Soe Tun Aung Blog မှာကြိုဆိုပါတယ်…….

Real Boxing APK+Data

Screenshots of the Real Boxing for Android tablet, phone. 
Android Os လက်ဝှေ့ထိုးတဲ့ဂိမ်းပါ။Data ဖိုင်ဆိုဒ်သိပ်မကြီးပါဘူး
 ဆော့ချင်သူများအောက်တွင်ဒေါင်းပြီးဆော့နိုင်ပါတယ်
ထည့်သွင်းနည်း

ဖုန်းတွင် apk ဖိုင်ကို အရင် install လုပ်ပါ။ 
သွင်းထားတဲ့  apk ဂိမ်းထဲကိုလုံးဝမ၀င်မိပါစေနှင့်။
 ပြီးလျှင် file manager ထဲ က android အောက်တွင် odd ဆိုတဲ့ folder လေးဆောက်ပြီး မိမိဒေါင်းထားတဲ့ obb ဖိုင်လေးကို ထည့်ပေးလိုက်ပါ။ ပြီးလျှင်ဂိမ်းကိုဖွင့်ပြီးဆော့လို့ ရပါပြီ။

>>>>>Apk _ Download -(9 MB)

>>>>>Data _ Download - (180 MB)
Screenshots of the Real Boxing for Android tablet, phone. 
Screenshots of the Real Boxing for Android tablet, phone. 
Screenshots of the Real Boxing for Android tablet, phone. 
Screenshots of the Real Boxing for Android tablet, phone. 
Screenshots of the Real Boxing for Android tablet, phone.

ကိုယ့်အချစ်ဆုံးလေးနဲ့ ချစ်သူတွေဖြစ်ခဲ့ကြတာ ဘယ်နှရက်ရှိပြီလဲ Auto တွက်ချက်ပေးမယ့် App




ကိုယ့်အချစ်ဆုံးလေးနဲ့ ချစ်သူတွေဖြစ်ခဲ့ကြတာ ဘယ်နှရက်ရှိပြီလဲ Auto တွက်ချက်ပေးမယ့် App လေးပါ။ 

ချစ်သူရည်းစားရှိသူများ တုံ့ဆိုင်းမနေပဲ ဆွဲထားလိုက်ပါဗျာ။

MP3 VOICE RECORDER ( FULL ) 1.11.2 APK




သီချင်းဆိုပြီး အသံအရည်အသွေးကို ပြုပြင်ပေးနိုင်တဲ့ ဆော့ဝဲကောင်းလေးပါ အသံသွင်းပြီး ကိုယ့်အသံ
ဘယ်လိုအနေအထားရှိလဲ MRTV-4 မှာလာနေတဲ့ ရင်ခုန်လက်ကမ်း  မှာသီချင်းပြိုင်သွားလို့ရလောက်လား
စမ်းကြည့်ပေါ့ဗျာ



Download >>LInk 1>>Link 2

Adobe® Photoshop® Touch v1.5.1.apk


Android ဖုန်းလေးပေါ်မှာ Photoshop ကလိချင်ကြတဲ့ သူငယ်ချင်းများအတွက် အရန်းမိုက်တဲ့ဆော့ဝဲ
လေးပါ ကွန်ပျူတာမှာ ကျွမ်းကျင်ရင်တော့ ပြေားစရာမလိုဘူးပေါ့ဗျာ 

English Grammer Apk

Android တွေအတွက် English Grammer Apk လေးတစ်ခုတွေ့လို့တင်ပေးလိုက်ပါတယ်။

Grammer စိတ်ဝင်စားသူတွေအတွက် အလွယ်တကူလေ့လာနိုင်သွားတာပေါ့။

လိုအပ်မဲ့သူတွေယူထားလိုက်ပါ ...

Download >> Link1 >> Link 2>> Link 3

Will Smith ရဲ့ AFTER EARTH Game Apk +Data

Android OS များအတွက်  will smith သားအဖ ရဲ့ ရုပ်ရှင် AFTER EARTH ရုပ်ရှင်ဂိမ်းလေးကို ဆော့ကြည့်လိုက်ပါဦး ။ 
ဇာတ်လမ်းသွားမှ ဆော့လိုသူများအတွက် Data ပါပေါင်းတင်ပေးလိုက်ပါတယ်။

ထည့်သွင်းနည်း

ဖုန်းတွင် apk ဖိုင်ကို အရင် install လုပ်ပါ။ 
သွင်းထားတဲ့  apk ဂိမ်းထဲကိုလုံးဝမ၀င်မိပါစေနှင့်။
 ပြီးလျှင် file manager ထဲ က android အောက်တွင် odd ဆိုတဲ့ folder လေးဆောက်ပြီး မိမိဒေါင်းထားတဲ့ obb ဖိုင်လေးကို ထည့်ပေးလိုက်ပါ။ ပြီးလျှင်ဂိမ်းကိုဖွင့်ပြီးဆော့လို့ ရပါပြီ။

>>>>>>>>>>APK  File Download 
>>>>>>>>>>Data File Download  


refer from:zealot-mko.com

FIFA 14 game Apk + Data




FIFA 14 game လေး Android အတွက် ထွက်လာတာတွေ့လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 apk ရယ် data file ရယ် နှစ်ခုပါ။


apk ကတော့ 15 MB ပဲရှိပါတယ်။


data file ကတော့ 1.3 GB ရှိပါတယ်။


စိတ်ဝင်စားတယ်ဆိုရင်တော့..............




refer from:android.mob.org

Facebook မှာဘယ်သူ unfriend လုပ်သွားတဲ့သူကိုကြည့်ဖို့ WhoUnfriended apk

ဒီ application လေးကတော Facebook မှာ ကိုယ့်ကို unfriend လုပ်သွားတဲ့သူတွေကိုကြည့်နိုင်မယ့်

application လေးပါ။

လိုအပ်မဲ့သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

လိုအပ်မဲ့သူများ ယူထားလိုက်ပါ.............

Download >>Link 1 >>Link 2 >>Link 3

Windows Product Activation (WPA)

ကျွန်တော်တို့ Windows တင်ရင် Genuine Windows ဖြစ်အောင်လုပ်ပေးရတာအားလုံးသိကြမှာပါ။ Microsoft က WPA ကို Windows XP ကနေစပြီးမိတ်ဆက်ခဲ့တာ အခုလက်ရှိ Windows 8 ထိဆိုပါတော့။ WPA အလုပ်လုပ်တာရှင်းရှင်းလေးပါ။ သူ့ OS ကို လိုင်စင်မဲ့အသုံးပြုခြင်းကနေ ကာကွယ်တာပါပဲ။ လက်ရှိမြန်မာနိုင်ငံမှာတော့ လိုင်စင်ဗားရှင်းသုံးတဲ့သူ နည်းနေလိမ့်မယ်။ တစ်နေ့ မိုက်ခရိုဆော့ရဲ့ Copyright ကအကျုံးဝင်လာခဲ့ရင် WPA အလုပ်လုပ်ပုံကို အကြမ်းဖြင်းသိထားဖို့ လိုပါလိမ့်မယ်။ ဒီပိုစ့်မှာ WPA ဘယ်လိုအလုပ်,လုပ်သလဲ ဆိုတာ ဗဟုသုတတစ်ခုတိုးသွားမယ်လို့ မျော်လင့်ပါတယ်။

Activation ဘာကြောင့်လုပ်ရသလဲ?
ရှင်းရှင်းလေးပါ။ မိုက်ခရိုဆော့အနေနဲ့ သူ့ဆော့ဝဲလ်ကို PC တစ်လုံးပေါ်မှာသာ လိုင်စင်နဲ့အသုံးပြုစေချင်လို့ပါ။ တနည်း လိုင်စင်နံပါတ်တစ်ခုတည်းကို PC နှစ်ခုပေါ်မှာမှာ အသုံးပြုလို့မရအောင် လုပ်ထားတာပါ။ ကျွန်တော်တို့ ကားလိုင်စင်တွေလိုပေါ့ဗျာ။ ကျွန်တော်တို့ Windows တင်ပြီး ရက် 30 အတွင်း Product Key ကိုထည့်သွင်းဖို့ WPA ကတိုက်တွန်းပါလိမ့်မယ်။ ရက် 30 ပြည့်လို့မှမထည့်ဘူးဆိုရင် Windows is not genuine ဆိုပြီး Windows ကသုံးစားလို့မရတာ ကြုံဖူးသူတိုင်းသိပါလိမ့်မယ်။ အဲလိုဆိုရင် ကျွန်တော်ကတော့ Windows Loader နဲ့ဖျောက်ပစ်လိုက်တယ်။ biggrin

Genuine Windows ဖြစ်ကြောင်းဘယ်လို သတ်မှတ်နိုင်မှာလဲ?
ဟုတ်ကဲ့။ Genuine Windows ဆိုတာ Windows Installation လုပ်နေစဉ်အတွင်းမှာ Product Key ကိုထည့်သွင်းအသုံးပြုခြင်းကိုသာ အမှန်ကန် Genuine လို့ဆိုရမှာဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ပိုက်ဆံပေးပြီးသုံးတဲ့ Windows OS ပေါ့ဗျာ။ တကယ်လို့ အဲဒီ product key ကိုအခြား pc မှာအသုံးပြုရင်တော့ pirate copy လို့သတ်မှတ်ရပါမယ်။

Activation လုပ်နေစဉ် အသေးစိတ်အလုပ်လုပ်ပုံ

Windows OS အမှန်အကန်လိုင်စင်ဗားရှင်းကို အင်စတော့လုပ်မယ်ဆိုရင် နည်းလမ်းနှစ်ခုသာရှိပါတယ်။ Phone နဲ့ အင်တာနက်လိုင်းကနေပါ။ ဒါကတော့ မိမိက Windows activate လုပ်မယ့် နည်းထဲကအတိုင်း ကွဲသွားပါလိမ့်မယ်။ ဆိုပါစို့။ အင်တာနက်နဲ့ activate လုပ်တယ်လို့ပဲပြောရအောင်။ အင်စတော့လုပ်နေစဉ်မှာ မိမိစက်က Installation ID ကိုထုတ်ပေးပါတယ်။ အဲဒါကို မိုက်ခရိုဆော့က စစ်ဆေးမှာဖြစ်ပါတယ်။ သူက စစ်ဆေးပြီး လိုင်စင်ဗားရှင်းဖြစ်ကြောင်း အတည်ပြုပေးပြီးတာနဲ့ ဒီကနေ Activation ID ကိုလက်ခံရရှိမှာဖြစ်ပါတယ်။ တကယ်လို့ phone ကနေ Activation ဆိုရင် Manually ထည့်ပေးဖို့လိုမှာပေါ့နော်။

Installation ID မှာ အောက်က Information တွေပါဝင်ပါတယ်။
1. Product ID – Original Windows CD/DVD ခွေဖြစ်ပါတယ်။ CD မှာ Product Key ကို sticker နဲ့ဖော်ပြထားမှာဖြစ်ပါတယ်။ အဲဒီ product key ကတော့ မိမိ Windows ဟာ လိုင်စင်ဗားရှင်းဖြစ်ကြောင်း အတည်ပြုပေးမယ့် unique number ဖြစ်ပါတယ်။
2. Hardware ID – ဒါကတော့ မိမိစက်ထဲက hardware configuration setting တွေဖြစ်ပါတယ်။ WPA အနေနဲ့ သင့် ကွန်ပျူတာနဲ့ပတ်သက်တဲ့ hardware အကြောင်းကို အောက်က 10 ချက်အတိုင်းမှတ်ထားမှာဖြစ်ပါတယ်။

Display Adapter
SCSI Adapter
IDE Adapter (effectively the motherboard)
Network Adapter (NIC) and its MAC Address
RAM Amount Range (i.e., 0-64mb, 64-128mb, etc.)
Processor Type
Processor Serial Number
Hard Drive Device
Hard Drive Volume Serial Number (VSN)
CD-ROM / CD-RW / DVD-ROM

hardware configuration နဲ့ပတ်သက်ပြီး အပေါ်ကအချက် 10 ခုကို Microsoft ရဲ့ ဆာဗာပေါ်ကို ပို့လိုက်မှာဖြစ်ပါတယ်။

Installation ID ကဘယ်လို့ validated ဖြစ်မှာလဲ?
ဒီလောက်ဆိုခန်းမှန်းလို့ရပါပြီ။ ကျွန်တော်တို့ဆီက hardware information တွေကို မိုက်ခရိုဆော့အနေနဲ့ လက်ခံရရှိပြီးတာနဲ့ စစ်ဆေးတော့မှာပါ။ အခုဆိုရင် မိုက်ခရိုဆော့က ဒီကထည့်လိုက်တဲ့ product key ဟာသူ့ရဲ့ဆာဗာမှာ အရင်က သုံးထားတာ ရှိ/မရှိ တိုင်ဆိုင်စစ်ဆေးပါမယ်။ မရှိသေးဘူးဆိုရင် အိုကေပေါ့။ တကယ်လို့ မိမိက အဲဒီ product key ကိုပထမဆုံးအကြိမ်အသုံးပြုတာဆိုရင် Activation process က ဒီမှာတင်ပြီးဆုံးမှာပါ။ တစ်ဆက်တည်းမှာပဲ မိုက်ခရိုဆော့က ဒီက hardware information တွေကိုလည်း အဲဒီ product key နဲ့တွဲပြီး သူ့ရဲ့ဆာဗာမှာ မှတ်ထားလိုက်ပါတယ်။ ကဲ ဒီတော့ အခြားကွန်ပျူတာမှာ အဲဒီ product key ကိုအသုံးပြုလိုက်တာနဲ့ မိုက်ခရိုဆော့အနေနဲ့ အရင်စစ်မှာက product key ကိုအရင်က အသုံးပြုထားခြင်း ရှိ/မရှိစစ်ဆေးမယ်။ ပြီးရင် hardware information ကိုတိုက်ကြည့်မယ်။ match မဖြစ်ဘူးဆို not genuine ပေါ့။ ဒါကြောင့် activation အောင်မြင်ဖို့ အောက်က နှစ်ချက် ကိုက်ညီရပါမယ်။

1. product key ဟာ ပထမဆုံးအသုံးပြုတာ ဖြစ်ရပါမယ်။ တနည်းအားဖြင့် product key ကိုအရင်ကအသုံးပြုထားတာမျိုးမဖြစ်ရဘူး။
2. တကယ်လို့ product key ဟာအရင်ကသုံးဖူးတာဖြစ်နေရင် hardware configuration ဟာ match ဖြစ်ရပါမယ်။

ဒီလိုဖြစ်ဖို့ဆိုတာကတော့ ကွန်ပျူတာတစ်လုံးတည်းကနေ အင်စတော့လုပ်မှ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် မိမိက လိုင်စင်ဝယ်ပြီး နောက်တစ်ခါ အင်စတော့လုပ်ရင် activate မဖြစ်မှာ စိုးရိမ်စရာမလိုပါဘူး။ မိမိက windows ကို Format ချပြီး Re-install လုပ်မယ်ဆိုလည်း မိမိရဲ့ hardware configuration က match ဖြစ်မှာဖြစ်လို့ Windows က genuine ဖြစ်မှာပါ။ တစ်နေ့တည်းကို Windows အခေါက် 20 လောက်လုပ်ရင်တော့ ဘယ်လိုနေမှန်းမပြောတတ်ဘူး။ ဟီး biggrin ဒါဆို ကျွန်တော်တို့က စောဒကတက်စရာရှိပါတယ်။ မိမိက Hardware ကို upgrade လုပ်လိုက်မယ်ဆိုပါစို့။ ဒါဆို သေချာတာကတော့ hardware configuration setting တွေတူမှာမဟုတ်တော့ဘူး။ ဟုတ်ကဲ့ အပေါ်က 13 ချက်ထဲက အနည်းဆုံး 10 ချက်လောက်တော့တူညီရပါမယ်။ ဒီတော့ upgrade လုပ်မယ်ဆို 3 ခုလောက်ပဲ လုပ်ပေါ့ဗျာ။ ဥပမာ CD/DVD Drive တွေကအပျက်များတယ်လေ။ နောက် RAM တိုးမယ်။ Hard Disk လဲမယ်။ ဒီလောက်ကတော့ အဆင်ပြေမှာပါ။ ဒီထက်ပိုပြီးတော့ upgrade လုပ်ရင်တော့ အဆင်ပြေမှာမဟုတ်တော့ပါဘူး။ Product Key နောက်တစ်ခုသာထပ်ဝယ်လိုက်ပါတော့။ biggrin


WPA အကြောင်း သင်သိထားသင့်တာအချို့။

-WPA အနေနဲ့ သင့် information ကို မိုက်ခရိုဆော့ဆီကို မပို့ပါဘူး။ Register လုပ်ဖို့သက်သက်သာဖြစ်ပြီး လုံးဝသီးခြားဖြစ်ပါတယ်။ Don't worry about your personal info. :)
-တကယ်လို့ ဖုန်းနဲ့ activate လုပ်မယ်ဆိုရင် သင့်ရဲ့ personal info ကိုပြောပြစရာမလိုအပ်ပါဘူး။ ကောင်မလေးဖုန်းကိုင်ရင်တော့ ကိုယ့်အကြောင်း မိတ်ဆက်ချင်မိတ်ဆက်ပေါ့။ ဟီး
-WPA အနေနဲ့ သင့်ရဲ့ ကွန်ပျူတာကိုပိတ်ပစ်လိုက်ဖို့ပြောတာမျိုး၊ သင့်ကွန်ပျူတာကို damage ဖြစ်စေမယ့်အရာတွေလုပ်မှာမဟုတ်ပါဘူး။ တကယ်တော့ သင့်ရဲ့ data ကို access တောင်လုပ်ခွင့်မရှိပါဘူး။
-WPA အနေနဲ့ နှစ်နှစ်ပြီးရင်သက်တမ်းကုန်တာမျိုး၊ တစ်ခါ ဝယ်ပြီးတာနဲ့ နောက်ထပ်ပြန်ဝယ်ရတာမျိုး မဟုတ်ပါဘူး။ သင့်အနေနဲ့ စိတ်ကြိုက်သုံးနိုင်ပါတယ်။ တစ်သက်လုံး သုံးချင်သုံးပေါ့။ Windows XP ကိုသင်သဘောကျတယ်ဆိုလည်း။ :P



refer : soesoediary

လေးလံနေတဲ့ Android ဖုန်းတွေကို Extreme Speed နဲ့ ရှင်းမယ်

လေးလံနေတဲ့ Android ဖုန်းတွေကို အထိရောက် ဆုံးနှင့်အကောင်းဆုံးပေါ့ပါးအောင် စွမ်းဆောင်ပေး မယ် Extreme Speed v1.1
မိမိတို့ရဲ့ Android စက်ရုပ်ဖုန်းလေးထဲမယ် ဖိုင်တွေ များနေလို့ဖြစ်စေ.. အခြားအသုံးမလိုတဲ့ Temp ဖိုင်တွေများနေလို့ဖြစ်စေ.. Memory ဟာလေးလံနေတတ်ပါတယ်..အဲလိုဖြစ်နေပြီဆိုရင် မိမိတို့ရဲ့ ဖုန်းလုပ်ဆောင်ချက်တွေဟာလဲ နှေးကွေးလာတတ်ပါတယ်..ဒါကို Android ဖုန်းအသုံးပြုသူအများစု ကြုံဖူးကြပါတယ်။ ဒီလိုလေးလံနေတဲ့ ဖုန်းတွေအတွက် လုံးဝကို ပေါ့ပါးသွားစေမယ် extreme speed v1.1 ဆိုတဲ့ Software လေးတင်ပေးလိုက်ပါတယ်။



Software မှာ Quick Boost နဲ့ Deep Clean ဆိုတာပါပါတယ်။ နှစ်ခုလုံးကို တစ်ပြိုင်နက် အသုံးပြုနိုင် ပါတယ်။ အကုန်လုံးကို Kill Processes လုပ်ပါ။ လုပ်ပြီးပြီဆိုတာနဲ့ Deep Clean ကိုထပ်မံ အသုံးပြုပါ.. အမှန်ခြစ်တွေကို မဖြုတ်ပါနဲ့..အားလုံးကို Clean လုပ်လိုက်ပါ။ပြီးတာနဲ့ မိမိရဲ့ဖုန်းကို ပါဝါ ပိတ်ပြီး ပြန် ဖွင့်ပေးလိုက်ပါ။ အရင်နဲ့မတူ  ပေါ့ပါးနေတာတွေ့ရပါလိမ့်မယ်ခင်ဗျာ ..အောက်မှာ ဒေါင်းလုပ်ရယူလိုက်ပါ။
 
 
Download >>Link 1>> Link 2 >> Link 3


Android ဖုန်းတွေ မကြာခဏ Hang နေရခြင်း


 ဖုန်းတွေ ဘာလို့ မကြာခဏ Hang နေရတာလဲဆိုတာ အကြောင်းအရင်းများစွာ ရှိပါတယ်။ CPU နိမ့်နေ တာ ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ဆုံး အခြေအနေကတော့ ဖုန်းမှာပါတဲ့ Built-in Memory လို့ခေါ်တဲ့ Memory ပမာဏနည်းတဲ့ ဖုန်းတွေက ပို Hang တတ်ပါတယ်။

ဘာကြောင့် Built-in Memory နည်းတဲ့ ဖုန်းတွေက ပို Hang တာလဲ ?

Built-in Memory နည်းတဲ့ဖုန်းတွေက CPU နည်းပါ တယ်။ Built-in Memoryက နည်းနေတဲ့အတွက် External Memory ထပ်ထည့်ရပါ တယ်။ External Memory 8GB, Built-in Memoryက 125 MB ရှိနေတဲ့ ဖုန်းတစ်လုံးဟာ မကြာခဏ Hangနေတယ်။ ဘာကြောင့်လဲဆိုရင် ဖုန်းထဲမှာ သွင်းထားတဲ့ Application တွေများနေတယ်။ Built-in Memory ရှိသလောက်ကို Applicationတွေ သွင်းထား တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက External Memory 8GBကို 7GBလောက် Dataတွေ ထည့်ထားတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အဲ့ဒီလို အခြေ အနေမျိုးမှာ ဖုန်းက OSကိုလဲ Runနေရတယ်။ တစ်ခြား Application တွေကိုလဲ Run နေရတဲ့ အတွက် သူလုပ်နိုင်တဲ့ စွမ်းရည်ထက် ကျော်လွန်သွား တဲ့အခါ တစ်ခါတလေ Hangတတ်ပါတယ်။

Built-in Memory နည်းတဲ့ ဖုန်းတွေကို အဲ့လို မဖြစ်အောင် ဘယ်လိုလုပ်မလဲ?

ရှင်းပါတယ်၊ သူလုပ်နိုင်သလောက် တာဝန်ကိုပဲ လုပ်ခိုင်းပါ။ CPU နည်းတဲ့အတွက် သူရဲ့အလုပ် လုပ်နိုင်စွမ်း လည်း နည်းပါတယ်။ ဖုန်းတစ်လုံးက Built-in Memory 125 MB, CPU 800 MHz ရှိတယ် ဆိုပါစို့။ အဲ့ဒီ Memoryက Android Os ရဲ့ Data ပမာဏကို နုတ်ပြီး လက်ကျန် Memory ဖြစ်ပါတယ်။ နဂိုထဲက Memory နည်းနေတဲ့အတွက် Application အများကြီး သွင်းလို့ မရပါဘူး။ ဖုန်းထုတ်တဲ့ လူတွေက ဒါကို တွက်ချက် ပေးပြီးသားပါ။
Applicationတွေကို အစကတည်းက လိုအပ်သလောက် ထည့်ပေးပြီးသားပါ။ User လက်ထဲရောက်မှာသာ စိတ်ကြိုက် Application ထည့်လို့ရအောင် Memory ချန်ပေးထားတာပါ။ Built-in Memoryပေါ်မှာ Android Osကလဲ အလုပ်လုပ်နေတယ်၊ Application တွေကလဲ အလုပ် လုပ်နေပါတယ်။ Built-in Memory နည်းတဲ့ ဖုန်းတွေကို External Memory တတ်နိုင်သမျှ အများဆုံး ထည့်ပါ။ Applicationတွေ လိုအပ်သလောက်ပဲ ထည့်ပါ။ ဂိမ်းကို အချိန် ကြာမြင့်အောင် မဆော့ပါနဲ့။ Recentတွေကို ဖျက်ပေးပါ။ Call Logတွေ အများကြီး သိမ်းမထားပါနဲ့ ဖျက်လိုက်ပါ။
တစ်ပတ် တစ်ခါလောက် ဖုန်းကို Restart လုပ်ပေးပါ။ ဖုန်းဖွင့်ထားဖို့ မလိုအပ်တဲ့ အချိန်တွေမှာ ဖုန်းကို ခဏ ပိတ်ထားပါ။ ဖုန်းဆိုတာ ကွန်ပျူတာထက် အလုပ် ပိုလုပ်ပါတယ်။ ကွန်ပျုတာက အလုပ်လုပ်ပြီးရင် ပိတ်တဲ့အချိန်တွေ ရှိပါတယ်။ ဖုန်းကို Power ပိတ်တဲ့အချိန်က နည်းပါတယ်။ ဒါကြောင့် တစ်ခါတလေ အနားပေးသင့်ပါတယ်။ စက်ပစ္စည်းဆိုတာ လူတွေနဲ့ အတူညီဆုံး ပုံစံတွေယူပြီး တီထွင်ထားတာပါ။ သူတို့လဲ လူတွေလို အနားပေးသင့်ပါတယ်။ လုပ်နိုင်စွမ်းထက် ပိုလာရင် ဘယ်အရာပဲဖြစ်ဖြစ် ပျက်စီးလွယ် ပါတယ်။
ဒီလိုနည်းလမ်းတွေနဲ့ ဖုန်း မကြာခဏ Hang နေတယ်ဆိုတဲ့ Error ကို အတတ်နိုင် ဆုံး ဖြေရှင်း လို့ရ ပါတယ်။

ဥပဒေ အဘိဓာန် for Android

 


ဥပဒေ အဘိဓာန်တွင် စကားလုံးပေါင်း ၃၂၀၀ ကျော် ပါရှိပါတယ်။
 ဥပဒေများကို လေ့လာ လိုက်စားရသူများ လွယ်လင့်တကူ အသုံးပြုနိုင်စေ ရန်ရည်ရွယ်ထားပါတယ်။တိုတိုနှင့် ထိထိ မိမိ ဘာသာပြန်ပေးထားသဥ၁့်အတွက် အသုံးပြုသူအတွက် လွယ်ကူ လျှင်မြန်စွာ အဓိပ္ပါယ်ကို နားလည် သဘောပေါက် လွယ်စေပါတယ်။
 
 
Download >>Link1 >>Link2

Feature အသစ်တွေထပ်တိုးလာတဲ့ - Viber v4.0.0.1707 APK (Latest Version)


Viber ဆိုရင် တော့လူတိုင်းသိကြမှာပါ အခုလည်း  12ရက်နေ့က Version အသစ်လေးထွက်လာလို့ 
 တင်ပေးလိုက်ပါတယ်ဗျာ။ အခု အသစ်ထွက်လာတဲ့ Version မှာတော့
 Sticker တွေအများကြီးထပ်တိုးလာတာကိုတွေ့ရပါတယ်။ အချို့ Sticker များကိုလည်း 
ဝယ်ယူနိုင်ရန်အတွက် Sticker Mark လည်းပါဝင်လာပါတယ်။ ဒါ့အပြင် Android OS 4.1 နှင့်အထက် 
User တွေအတွက် အသံကို Record လုပ်ပြီး Message ပို့လို့ရပါတယ်ဗျာ။ အဲဒီထပ်တိုးလာတဲ့ 
Feature တွေကတော့ User တွေအတွက် တကယ့်ကိုအသုံးဝင်ပါတယ်။ အသစ်ထပ်တိုးလာတဲ့ Sticker 
များကိုလည်း အောက်မှာပုံနဲ့တကွပြပေးထား ပါတယ်ဗျာ။
Download >>Link 1 >> Link 2 










MPT Service v.1.1 APK (Offline Service) For Android Only

MPT Service - screenshot
အခုတင်ပေးလိုက်တဲ့ Application လေးကတော့ MPT ရဲ့ Service ကိုအသုံးပြုနေတဲ့ 
Android User တိုင်းရှိ ထားသင့် တဲ့ Application လေးတစ်ခုဆိုလည်းမမှားပါဘူး။ ပြည်ပမှာနေထိုင်သူတွေအတွက်အသုံးမတည့် ပါဘူးနော်။ မြန်မာနိုင်ငံသုံးဆက်သွယ်ရေးဝန်ဆောင်မူများအတွက်ဖြစ်ပါတယ်။

ဒီ App ကနေ
  1. Gsm အချင်းချင်းငွေဖြည့်ငွေလွဲလုပ်နိုင်ခြင်း
  2. CDMA ငွေဖြည့်နိုင်ခြင်း
  3. GSM Internet လျှောက်ထားနိုင်ခြင်း
  4. GSM Internet Setting ချိန်နည်းပါရှိခြင်း
  5. GSM Call Waiting Service လျှောက်ထားနိုင်ခြင်း
  6. GSM Call Forward Service လျှောက်ထားနိုင်ခြင်း
  7. GSM Miss Call Altert Service လျှောက်ထားနိုင်ခြင်း
  8. GSM Voice Mail လျှောက်ထားနိုင်ခြင်း
  9. Developer Feed Back ပြန်ပေးနိုင်ခြင်း အစရှိသည်တို့ကို

လုပ်ဆောင်နိုင်ပါသည်။

App အတွင်းမြန်မာလိုအညွန်းများပါဝင်ခြင်းကြောင့်အဆင်ပြေပြေ လုပ်ဆောင်နိုင်မှာပါ။
Service တစ်ခုခြင်းဆီရဲ့အချက်အလက်များကို App အတွင်းရေးသားပေးထားပါတယ်။

Download >> Link1 >> Link2

MPT Service - screenshot

MPT Service - screenshot

MPT Service - screenshot

MPT Service - screenshot

MPT Service - screenshot

MPT Service - screenshot

MPT Service - screenshot

Andriod ဖုန်းနဲ့ ဗီဒီယို ကာရာအိုကေ စာတန်းထိုးချင်တဲ့ သူငယ်ချင်းတွေအတွက် X Video Editor v1.4.3


Andriod ဖုန်းနဲ့ ဗီဒီယို ကာရာအိုကေ စာတန်းထို့ချင်တဲ့ သူငယ်ချင်းတွေ အတွက် X Video
Editor လေးတင်ပေးလိုက်တာပါ။ X Video Editor က စာတန်းထိုး ရုံတင်မက ဖုန်းမှာ ရိုက်ထားတဲ့
ဗီဒီယိုတွေကို ဖြတ်၊ ဆက်၊ Effect ထည့်၊
နောက်ခံ သီချင်း ပြောင်း ၊ စာတန်းထိုး စတာတွေကို လိုသလို
စိတ်ကူးကောင်းရင် ကောင်းသလို ဖန်တီးလို့ရပါတယ်။
Andriod Version 2.2 အထက်တွေမှာ
အသုံးပြုလို့ရပါတယ်။ ဖုန်းဆောဝဲ ဖြစ်တာမို့ကွန်ပြူတာလို အားလုံး ဖန်တီးလို့မရပေမဲ့
အတိုင်းတာတခုထိတော့ တည်းဖြတ်လို့ အဆင်ပြေပါတယ်။
ဖုန်းထဲမှာပဲ ဗီဒီယိုတွေ ကိုယ်တိုင်ရိုက်
ဖုန်းမှာပဲပြန်တည်းဖြတ် အရမ်းကို အဆင်ပြေပါတယ်။ ကျနော်ကိုယ်တိုင် စမ်းသုံးကြည့်ပြီးမှ
တင်ပေးလိုက်တာပါ။ စိတ်ဝင်စားရင် အောက်ကလင့်ထဲမှာ စိတ်ကြိုက်သာ ၀င်ဒေါင်းနိုင်ပါပြီ

Related Posts Plugin for WordPress, Blogger...
Link သေနေတာများရှိရင် comment မှာဖြစ်ဖြစ်၊ Cbox မှာဖြစ်ဖြစ် ပြောခဲ့ပါဗျာ…....