မင်္ဂလာပါခင်ဗျာ :::: ဤဘလော့တွင် တင်သမျှ နည်းပညာလေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ ::::

……..မင်္ဂလာပါ :::: Kyaw Soe Tun Aung Blog မှာကြိုဆိုပါတယ်…….

……..မင်္ဂလာပါ :::: Kyaw Soe Tun Aung Blog မှာကြိုဆိုပါတယ်…….

……..မင်္ဂလာပါ :::: Kyaw Soe Tun Aung Blog မှာကြိုဆိုပါတယ်…….

……..မင်္ဂလာပါ :::: Kyaw Soe Tun Aung Blog မှာကြိုဆိုပါတယ်…….

……..မင်္ဂလာပါ :::: Kyaw Soe Tun Aung Blog မှာကြိုဆိုပါတယ်…….

Computer အခြေခံစာအုပ်

Computer အခြေခံစာအုပ်လေးပါ။လိုချင်သူများအောက်တွင်ဒေါင်းနိုင်ပါတယ်။


Destok ပေါ်မှာ Glass Themes လေးနဲ့ လန်းမယ်





ပထမဆုံး အနေနဲ့ အပေါ်မှာဒေါင်းယူလာတဲ့ ဖိုင်ကိုဖြေပါ...အထဲမှာ UniversalThemePatcher_20090409 zip နဲ့ VS_full_glass_for_win7_by_nguyenxuanhoa zip နှစ်ခုကို ရပါ့မယ်။

နှစ်ခုစလုံးကို Destok ပေါ်သို့တင်ထားပေးပါ။

(၁)UniversalThemePatcher zip ကို အရင်ဖြေပါ ..

လုံးဝဖြေပြီးသွားသောအခါ UniversalThemePatc.exe နှစ်ခုတွေ့ရမှာ ဖြစ်ပါတယ်

ပထမ ဟာကတော့ 64bit အတွက်ပါ .

အောက်ဆုံးကဟာကတော့ 32bit အတွက် မိမိစက်ရဲ့ system အလိုက် တစ်ခုကို run လိုက်ပါ

ပြီးသွားရင် တော့အောက်မှာ ပြထားတဲ့အတိုင်း patch တွေကို တစ်ခုပြီး တစ်ခုကလစ်သွားပါ။

အားလုံးပြီးသွားပါက Restart ကျသွားပါလိမ့်မယ်။

(၂) window ပြန်တက်လာပါက VS_full_glass_for_win7_by_nguyenxuanhoa zip ကိုဖြေလိုက်ပါ

ဖြေလို့ရလာတဲ့အထဲက ဖိုင် 3 ဖိုင်စလုံးကိုကော်ပီကူးပါ

My Computer>> local Disk (C) >> Windows >> Resources >> Themes လမ်းကြောင်းအတိုင်းသွားပြီးတော့ Paste လုပ်လိုက်ပါ။

(၃) Destok ပေါ်မှာ Right Click ခေါက် personalize window background မှာ Full Glass vs7 ဆိုတဲ့ themes လေးတိုးလာပြီဖြစ်ပါတယ်

အဲ Themes လေးကိုရွေးပေးလိုက်ပါ ။ ဒါဆိုရင်အဆင်ပြေပါပြီ။

(၄) အကြည်လေးဖြစ်ဖို့အတွက်ကတော့  My Computer>> local Disk (C) Windows Resources Themes လမ်းကြောင်းအတိုင်းသွားပြီးတော့ Full glass ဆိုတဲ့ ဖိုင်လေးကို double click လုပ်ပေးရမှာဖြစ်ပါတယ်
ပြီးသွားရင်တော့ သင်ရဲ့ Destok ဟာ Gslass Themes လေးနဲ့လန်းနေပါပြီ။
 

eBoostr 4.5 with path


The fastest eBoostr yet!

1. Better SSD support (custom sector size)

2. Changes in the load balancing scheme (Up to 15% Speed Improvement!)

3. More accurate speed tests when using RAM or very fast cache devices.

4. After an unexpected reboot or BSOD eBoostr now goes into enabled state automatically after 10 minutes (instead of being disabled).

5. iPod synchronization failure on Windows XP = FIXED!

SmadAv 9.2.1 with Key

The latest version of smadav 2013 anti virus will protect your pc from any viruses, malwares and everything that will destroy your computer system. As the best portable anti virus, smadav will remove the viruses and cure your data. It is easy to carry on your flash disk or need minimum space on your computer. This Anti virus is lite and will not make your computer slow.

Smadav 2013  Anti Virus is designed by the Indonesian programmer to give the best protection for your personal computer.

Smadav 2013 will appreciate sensors that detect full screen mode in conjunction with gaming – suppressing non-essential alerts while still offering full protection in the background. In this latest version, the protection will be more secured and more viruses that are detected.

The small footprint and low false positive rating combines with the highest protection rate (94%) against new malware delivered via the Web and email.  Smadav 2013 also have a good reputation in totally protectionas well as its ability to detect and eliminate existing malware.
 

Facebook အကောင့် ဖွင့်မရ ပြဿနာတက်ခဲ့သာ် ဖြေရှင်းရန်နည်းလမ်း



Facebook အကောင့် ဖွင့်မရဖြစ်ခဲ့သော် ပုံထဲကလို ဖြစ်လာခဲ့ရင် ပြုလုပ်ရန်နည်းလမ်း

တစ်ခုမှာ ဖုန်းနံပတ်ထည့်ပြီး Confirmation Code  တောင်းပါ ။ SMS ၀င်လာတဲ့အခါ

ပေးလာတဲ့ကုဒ်ကို ဖြည့်တာနဲ့ အဆင်ပြေပါပြီ ။

Zigbee Wireless Networking


  ဒီကောင်လေးကလည်း Lessons လေးတွေနဲ့ကို အသေးစိတ်ရှင်းပြပေးထားပါတယ်။ ကျွန်တော်ခဏခဏပြောဖူးသလိုပေါ့ဗျာ။ စာအုပ်ဆိုတာက ဆောင်ထားလိုက်တာ မမှားပါဘူး။ လိုအပ်တဲ့ ကျောင်းသားတွေ အတွက်လည်း အဆင်ပြေမှာပါ။ ဖိုင်ဆိုဒ်ကတော့ 5.18 MB ပဲရှိပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။
 
 

Wireless and Mobile Network Security Basics.


အထဲမှာ Chapter လေးတွေအလိုက် အသေးစိတ်ရှင်းပြပေးထားပါတယ်။ ကျောင်းသားတွေ အတွက် အဆင်ပြေမှာပါ။ ဖိုင်ဆိုဒ်ကတော့ 6.48 MB ပဲရှိပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။
 
 

DLL-File.com Fixer 2.0.72.1862 Full Version

အခုကျွန်တော်တို့ ကြုံနေရတဲ့ အခက်အခဲလေးတွေဖြစ်တဲ့ .dll errors လေးတွေပါ။ အခုလက်ရှိတော်တော်များများ Game Install လုပ်တဲ့အချိန်တွေနဲ့ အခြား Software တွေကို Install လုပ်တဲ့အချိန်မှာ ဖြစ်တဲ့ Errors လေးတွေအတွက်ပါ။  .dll ဖိုင်လေးတွေကိုလည်း Download ဆွဲပြီး C:\Windows\System32 ထဲကိုကူးထည့်ပေးရင် အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် အခု  ဒီကောင်လေးကိုသုံးပြီး ကျွန်တော်တို့ .dll errors လေးတွေကို ဖြေရှင်းကြရအောင်ဗျာ။ 
Antivirus တွေကို ခဏလောက်ပိတ်ထားလိုက်ပါ။ ဥပမာ Microsoft Security Essential မျိုးတွေဆိုရင် ကျွန်တော်တို့ရဲ့ Patch ဖိုင်တွေကို ကိုက်ပစ်တတ်ပါတယ်။ Patch ဖိုင်လေးကို Install လုပ်ထားတဲ့ ဖိုလ်ဒါလေးထဲကို ကူးထည့်ပေးပြီး Patch ဖြည်ပေးလိုက်ရင် Full Version လေးဖြစ်ပါပြီ.။ အဆင်ပြေကြပါစေ။
 
 

MP3-Toolkit V 1.0.5 Full Version

ဒါလေးကတော့ movie ဖိုင်တွေကို mp-3 ပြောင်းပေးခြင်း ၊ CD ကနေ Mp3 ကိုပြောင်း
ပေးခြင်း ၊ MP3 ဖိုင်တွေကို stereo mono ပြောင်းပေးခြင်း ၊ bitrate နဲ့ rate ကို ချိန်ညှိနိုင်
ပြီး၊ Mp-3cutter လဲတွဲဖက်အသုံးပြုနိုင်ပါတယ်။ ဒါအပြင်ပြင်ပအသံတွေကိုပါ Recorder
လုပ်ပေးပြီး Mp3 ဖိုင်အဖြစ် တန်း save ပေးပါတယ်တစ်ခုထဲ့နဲ့အားလုံးပြည့်စုံတဲ့ Tool
လေးပါ။


Blog မှာ WaterEffect CSS Download Buttons ထဲ့နည်း

အရင်ဆုံးကိုယ့်ရဲ့ Blog ထဲ့သို Log in ၀င်ပါ၊
Template ကိုနိုပ်ပါ
Edit HTML ကိုနှိပ်ပါ

Ctrl + F အကူအညီနဲ့ ]]></b:skin> ကိုရှာပါ၊တွေ့ပြီဆိုရင်

]]></b:skin> ရဲ့အပေါ်မှာ Cursor ချပြီး အောက်ပါ Code များကူးထဲ့ပြီး Save Template
ကိုနိုပ်ပါ။





အောက်က Code တွေကကိုယ်ပိုစ့်တင်တိုင်း Download link ပေးတဲ့နေရာမှာသုံး
ရမဲ့ Code တွေပါ။အဲဒီ Code ကို Notepad နဲ့ Save ထားပြီးနောက်ပိုင်း post တင်
တိုင်းဆက်လက်အသုံးချနိုပ်ပါပြီဗျာ.....


<a class="button big blue" href="Your Link" target="_blank">Live Demo</a>

<a class="button big orange" href="Your Link" target="_blank">Live Demo</a>

<a class="button big green" href="Your Link" target="_blank">Live Demo</a>

<a class="button big gray" href="Your Link" target="_blank">Live Demo</a>

အနီရောင်ပြထားတဲ့ Blue,orange စသည်တို့က Download button တွေကိုအရောင်
တွေပါ

Your Link နေရာမှာ Download link ထဲ့ပေးပါ

Live Demo ဆိုတဲ့နေရာမှာ နှစ်သက်ရာရေးလို့ရပါတယ်၊

ကိုယ်ပိုင် Web Page တစ်ခု ရဲ့ Loading Time ကို 50% ပိုမိုမြန်ဆန်လာစေရန်

ပထမဦးဆုံးအနေနဲ့ မိမိရဲ့ Template ကိုအရင်ဆုံး Backup လုပ်ထားလိုက်ပါနော်။
 
အဆင့် 1 Design > Edit HTML > Expand Widget Templates မှာအမှန်ခြစ်ပေးပါ။
အဆင့် 2 Ctrl + F ကိုနှိပ်ပြီး ဒီကုတ်လေးကိုရှာပါ  </head>
အဆင့် 3 တွေ့ပြီဆိုရင် </head> ရဲ့ အပေါ်မှာအောက်က Code ကို ကူးထည့်ပေးပါ။
အဆင့် 4 အရင်ဆုံး Preview နဲ့အရင်ကြည့်ပါ။ Error မတက်ဘူး အဆင်ပြေပြီဆိုမှ Save နှိပ်ပေးပါ။



အားလုံးဘဲအဆင်ပြေကြပါစေနော်။




မြန်မာ-အင်္ဂလိပ်....အင်္ဂလိပ်-မြန်မာ အဘိဓာန်

မင်္ဂလာပါဗျာ အင်္ဂလိပ်မြန်မာ-- မြန်မာအင်္ဂလိပ် အဘိဓန် လိုချင်သူများအတွက် အဘိဓန်နှစ်ခုကို  
တင်ပေးလိုက်ပါတယ်ဗျာ ကျွန်တော်သုံးကြည့်တာတော့ အဆင်ပြေတယ်။



 
                                 အင်္ဂလိပ်မြန်မာ ကို   ဒီမှာ   ဒေါင်းလိုက်ပါ
 
 
                        မြန်မာ အင်္ဂလိပ် ကိုတော့ ဟောနေရာကေ ဒေါင်းယူလိုက်ပါဗျာ
အားလုံးပဲအဆင်ပြေပါစေဗျာ...
                                          

Wi Fi Network လုံခြုံရေး

How To Protect Your WiFi Network

Wi Fi Network လုံခြုံရေးအတွက် အချက်များ
ကျနော်တို့ မြန်မာနိုင်ငံတွင် WiFi ကို တော်တော်များများအသုံးပြုလာကြသော်လည်း အသုံးပြုသူအများစု နှင့် တပ်ဆင်ဆောင်ရွက်ပေးသူ အများစုသည် WiFi Network Security ကို အလေးထားအသုံးပြုကြခြင်းမရှိကြသလို အသုံးပြုတတ်ခြင်းများလည်း မရှိကြပါ။ မိမိ၏ WiFi Network ကို ခိုးယူသုံးစွဲ၍ အင်တာနက်အသုံးပြုခြင်း၊ အလွဲသုံးစား ပြုလုပ်ခြင်း နှင့် မလိုအားလပ်သော ပြသနာများမဖြစ်စေခြင်းတို့ အတွက် သင်၏ WiFi Network ကို လုံခြုံရေး အကာကွယ်များ ရယူတပ်ဆင်ထားရှိသင့်သည်။
အောက်တွင် သင်၏ WiFi Network လုံခြုံရေးနှင့် ပက်သက်၍ ရှောင်ရန်၊ ဆောင်ရန် အချက်များကို ကျနော် သိရှိလေ့လာထားသလောက် ပြန်လည် ဝေငှ ရေးသားပေးပါမည်။
1.Change Default Administrator Passwords ( User Names )
သင် အသုံးပြုနေသော WiFi Router သို့မဟုတ် WiFi Access Point တွင် network setting configuration ပြုလုပ်ရန် web access ပါရှိသည်။ ၎င်းတွင် Login Screen ပါရှိပြီး  user name & password ရိုက်ထည့်ပေးရသည်။
WiFi access point နှင့် Router ထုတ်လုပ်သော စက်ရုံမှ ထုတ်လုပ်လိုက်စဉ်က တစ်ပါတည်းပါလာသော user name & password များကို ပြောင်းလဲပစ်ရမည်။ အဘယ်ကြောင့်ဆိုသော Product အလိုက် Default password များကို internet ပေါ်တွင် အလွယ်တကူ ရှာဖွေ၍ သုံးစွဲနိုင်သောကြောင့်ဖြစ်သည်။ 
ဥပမာ။     ။ Linksys router အတွက် password သည် admin ဖြစ်ပြီး၊ SMC router အတွက် password သည် smcadmin ဖြစ်သည်။ ထို့ကြောင့် သင်၏ WiFi Network ကိုခိုးယူသုံးစွဲရန် ကြိုစားအားထုတ်သူသည် သင်၏ password ကို အလွယ်တကူ ခန့်မှန်းသိရှိနိုင်သည့်အတွက် Default Password များကို ပြောင်းလဲသုံးစွဲပါ။ သင်၏ WiFi access point နှင့် Router ကို ခိုးယူသုံစွဲသူသည် ၀င်ရောက်ချိတ်ဆက်နိုင်သွားပါက သင်၏ WiFi Network တစ်ခုလုံးကို မောင်ပိုင်စည်း၍ စိတ်တိုင်းကျ လုပ်ချင်တိုင်း လုပ်နိုင်သွားပေတော့သည်။ ပိုင်ရှင်ဖြစ်သော သင်ကိုယ်တိုင်ပင်လျှင် WiFi Network ကို အသုံးမပြုနိုင်အောင် လုပ်သွားနိုင်ပေမည်ဖြစ်ရာ ဤအချက်သည် အလွန်တရာ အရေးကြီးပေသည်။
သင်၏ password ကို ပေးရာတွင် ခန့်မှန်းရလွယ်ကူသော စကားလုံးများ၊ အမည်များကို မပေးသင့်ပေ။ ရှုပ်ထွေးသောစကားလုံးများကို အနည်းဆုံး စာလုံးရေ 8 လုံး ထားရှိပေးရမည်။
2. Turn on ( Compatible ) WPA/ WEP Encryption
အခုနောက်ပိုင်း ထုတ်လုပ်သော WiFi equipment တော်တော်များများတွင် encryption အထောက်အပံ့များ ပါဝင်ကြသည်။ Encryption နည်းပညာကို အသုံးပြု၍ Data နှင့် Message များ ပေးပို့ခြင်းသည် အလွယ်တကူ ကြားဖြတ်ပြီး ခိုးယူသုံးစွဲရန် ခက်ခဲသဖြင့် wireless network ကို စိတ်ချစွာ အသုံးပြုနိုင်စေသည်။ WiFi နည်းပညာကို အသုံးပြုရာတွင် အမျိုးမျိုးသော Encryption နည်းပညာများကို အသုံးပြုနိုင်သည်။
နည်းပညာများမှာအောက်ပါအတိုင်းဖြစ်သည်။
   1. IEEE 802.11( WEP Encryption ) နည်းပညာ
၎င်းနည်းပညာတွင် open system နှင့် shared key authentication methods ကို အသုံးပြုသည်။ WEP Encryption တွင် 40 bits သို့မဟုတ် 104 bits encryption key ကို အသုံးပြုသည်။  WEP နည်းပညာတွင် encryption key တစ်ခုတည်းကို အများ ၀ိုင်းဝန်းသုံးစွဲရသည်။ လုံခြုံမှု အားနည်းချက်များစွာရှိသောကြောင့် လုံခြုံမှု အနည်းငယ်သာလိုအပ်သောလုပ်ငန်းနှင့် အိမ်တွင်းသုံး WiFi Network များမှာသာ အသုံးပြုသင့်သည်။
(802.11 with WEP (Windows Vista, Windows XP, Windows Server 2003, and Windows Server 2008)
   1. IEEE 802.1X
IEEE 802.1X နည်းပညာသည် IEEE 802.11 ထက်ပိုမို၍ လုံခြုံမှု ရှိသည်။ Network အရွယ်အစား အလယ်အလတ်နှင့် အကြီးစားတို့တွင် အသုံးပြုသည်။ user တစ်ဦးချင်း ကိုယ်ပိုင် user name နှင့် password တို့ကို အသုံးပြု၍ ရရှိရန်အတွက် IEEE 802.1X network တွင် RADIUS Server, Account Data Base Server / Active Directory Domain Controller Server တို့ကို တွဲဖက် အသုံးပြုကြရသည်။ Extensible Authentication Protocol (EAP) ကို အသုံးပြုသည်။
(802.1X (Windows Vista, Windows XP, Windows Server 2003, and Windows Server 2008))
မှတ်ချက်။        ။ အချို့ WLAN Card များသည် IEEE 802.1X တွင် အလုပ်မလုပ်ပါ။
   1. Wi-Fi Protected Access (WPA)
အားနည်းချက်ရှိသော WEP Encryption ကို ပို၍ ကောင်းမွန်သော Wi-Fi Protected Access (WPA)
နည်းပညာဖြင့် အစားထိုးသည်။ ပိုမို၍ ခိုင်ခံကောင်းမွန်သော Temporal Key Integrity Protocol ( TKIP )ဖြင့် အစားထိုးတပ်ဆင်သည်။ optional အနေဖြင့် Advanced Encryption Standard ( AES ) ကိုလည်းအသုံးပြုနိုင်သည်။
   1. WPA-Personal
Preshared key ကို အသုံးပြုထားသဖြင့် လုပ်ငန်းငယ် နှင့် ကွန်ယက်ငယ်များတွင် အသုံးပြုနိုင်သည်။
   1. WPA-Enterprise
အလယ်အလတ်စားကွန်ယက်နှင့် ကြီးမားသောကွန်ယက်တို့တွင် အသုံးပြုရန်အတွက် တည်ဆောက်ထားပါသည်။
WPA (Windows Vista, Windows XP with SP2, Windows XP with Service Pack 1 [SP1] and the Wireless update rollup package for Windows XP, Windows Server 2003 with Service Pack 2, Windows Server 2003 with Service Pack 1, and Windows Server 2008)
   1. Wi-Fi Protected Access 2 (WPA2)
WEP Encryption နည်းပညာနှင့် IEEE 802.11၏ အခြားလုံခြုံမှုအားနည်းချက်များကို ပြင်ဆင်ထားသော IEEE 802.11i စံနစ်ဖြစ်သည်။ TKIP နှင့် AES encryption နည်းပညာနှစ်မျိုးစလုံးကို အသုံးပြုရသော နည်းစံနစ် ဖြစ်သောကြောင့် WLAN Card တော်တော်များများနှင့် ကိုက်ညီရန် လိုအပ်ချက်များစွာရှိသည်။ လုံခြုံရေးအဆင့်အတန်း မြင့်မားပါသည်။
   1. WPA2-Personal
Preshared key ကို အသုံးပြုထားသဖြင့် လုပ်ငန်းငယ် နှင့် ကွန်ယက်ငယ်များတွင် အသုံးပြုနိုင်သည်။
   1. WPA2-Enterprise
အလယ်အလတ်စားကွန်ယက်နှင့် ကြီးမားသောကွန်ယက်တို့တွင် အသုံးပြုရန်အတွက် တည်ဆောက်ထားပါသည်။
WPA2 (Windows Vista, Windows XP with SP2 and the Wireless Client Update for Windows XP with Service Pack 2, Windows Server 2003 with Service Pack 2, and Windows Server 2008)
သင် အသုံးပြုသော WiFi router, WLAN Access Card equipment နှင့် OS ပေါ်တွင် မည်သည့် Encryption နည်းပညာကို အသုံးပြုနိုင်သည်ကို ဦးစွာပထမ လေ့လာရမည်။ သို့မှသာ မည်သည့်နည်းပညာကို သုံးစွဲရမည်ကို ဆုံးဖြတ်ရမည်။
3. Change the Default SSID
Access Point နှင့် Router တော်တော်များသည် SSID ဟူသော ကွန်ယက်အမည် စံနစ်ကို အသုံးပြုကြသည်။
ပစ္စည်းထုတ်လုပ်သူတို့သည်၎င်းတို့၏ပစ္စည်းများတွင် ကုန်အမှတ်တံဆိပ်၏အမည်ဖြင့် SSID ကို သတ်မှတ်ပြီး ရောင်းချလေ့ရှိသည်။
ဥပမာ။     ။ Linksys သည် သူ၏ SSID ကို Linksys ဟု သတ်မှတ်ပေးထားသည်။
ထိုကြောင့် SSID ကို network security setting စတင်အသုံးပြုလျှင် ပြုခြင်း ပြောင်းလဲသုံးစွဲပစ်မှသာ မိမိသုံးစွဲနေသော Access Point နှင့် Router အမျိုးအစားတို့ကို မသက်ဆိုင်သူများ အလွယ်တကူ မသိရှိနိုင်သဖြင့် ခိုးယူသုံးစွဲရန် ခက်ခဲစေသည်။
4.Enable MAC Address Filtering
Access Point , Router နှင့် WLAN Access Card equipment များတွင် မတူညီနိုင်သော သီးခြားသတ်မှတ်ထားရှိသော  ကိုယ်ပိုင်အမှတ်ဟုနားလည်နိုင်သည့် physical address ခေါ် MAC Address တစ်ခုစီပါရှိသည်။ မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များတွင် ပါသော frame အမှတ်ကဲ့သို့ဖြစ်သည်။ Access Point , Router တို့သည် ၎င်းတို့လာရောက်ချိတ်ဆက်သော WLAN equipment များ၏ MAC Address များကို ကိုင်တွယ်သိမ်းဆည်းထိမ်းသိမ်းကြသည်။ သင်၏ WiFi Network တွင် အသုံးပြုမည့် WLAN equipment များ၏ MAC Address များကိုသာ စီစစ်ကန့်သတ်၍ ချိတ်ဆက် ခွင့်ပြုခြင်းသည် လုံခြုံမှုကာကွယ်ရေး အဆင့်တစ်ဆင့်အနေဖြင့် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။
သို့သော် Hacking program တစ်ချို့ကို အသုံးပြု၍ hacker များသည် MAC Address clone ပြုလုပ်ပြီး network ကို ချိုးဖောက် ခိုးယူအသုံးပြုနိုင်ပါသေးသည်။
5.Disable SSID Broadcast
WiFi Network တွင် AccessPoint နှင့် Router တို့သည် ပုံမုန်အားဖြင့် network name ( SSID) ကို လေထုထဲသို့ အကွာအဝေးတစ်ခုအထိ ပုံမှန် (Broadcast )လွှင့်ထုတ်ပေးသည်။ ၎င်း feature သည် access point အား သုံးစွဲသူ client တို့က WiFi Network ချိတ်ဆက်ရာတွင် အသုံးပြုနိုင်သည့် ဧရိယာ (WiFi Network Range ) အတွင်း ရှိခြင်း၊ မရှိခြင်း ကို  သိသာထင်ရှားစွာ မြင်တွေ့နိုင်ရန်အတွက် အသုံးပြုသည်။ ၎င်း feature ကြောင့်ပင်လျှင် Hacker များအား WiFi network ရှိကြောင်းကို အလွယ်တကူ သိရှိစေနိုင်သည်။ ကံကောင်းထောက်မစွာပင် AccessPoint နှင့် Router တို့တွင် SSID Broadcast ကို Disable လုပ်နိုင်သော setting ပါရှိသည်။ မိမိ၏ အိမ် နှင့် လုပ်ငန်းတွင် ၎င်း feature ကို မလိုအပ်လျှင် ပိတ်ထားခြင်းဖြင့် မသက်ဆိုင်သူများ မိမိ၏ WiFi Network ကို အလွယ်တကူ မတွေ့မြင်နိုင်စေ၍ လုံခြုံမှု အဆင့်အတန်း တိုးမြှင့်ရာ ရောက်ပါသည်။
6.Do Not Auto-connect to Open WiFi netwoks
သင်၏အိမ် (သို့) လုပ်ငန်း ပတ်ဝန်းကျင်အနီးအနားတွင် router များ accesspoint များ ရှိနေပါက သင်၏ ကွန်ပျူတာနှင့် WiFi ချိတ်ဆက်နိုင်သော equipment များတွင်ပါရှိသော WiFi connection အလိုအလျောက် ချိတ် ဆက်နိုင်သည့် "Automatically connect to available networks" setting များကို ပိတ်ထားပါ။ ထိုသို့ ပြုလုပ်ခြင်း သည် သင်၏ data နှင့် network လုံခြုံရေးကိုအဆင့်မြှင့် ထိန်းသိမ်းဆောင်ရွက်ရာ ရောက်ရှိစေသော အချက်တစ်ချက် ပင်ဖြစ်သည်။
7. Assign Static IP address to Devices
များသောအားဖြင့် အိမ်သုံး WiFi network များတွင် ကွန်ယက် ချိတ်ဆက်မှုလွယ်ကူစေရန် DHCP Setting များကို တပ်ဆင်ထားကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် မသက်ဆိုင်သူများအား မိမိ၏ WiFi ကွန်ယက် Configuraton Setting များကို အလွယ်တကူရရှိ ချိတ်ဆက်နိုင်စေပြီး  မိမိ၏ ကွန်ယက်ကို ချိုးဖောက်ဝင်ရောက်ရန် အတွက် လွယ်ကူသောနည်းလမ်းတစ်ခု ပေးထားသလိုဖြစ်နေပေသည်။ ထို့ကြောင့် DHCP ကို အသုံးမပြုဘဲ static ip address များကို သာ သတ်မှတ် သုံးစွဲသင့်သည်။ static ip address များကိုသုံးစွဲရာတွင်လည်း အများစု အသုံးပြုတတ်သော ip address များကိုအသုံးပြုခြင်းများမှ ရှောင်ရှားသင့်သည်။
ဥပမာ။      ။ အများစု အသုံးပြုတတ်သော static ip address များ= 192.168.1.x ,192.168.x.x
8.Enable Firewalls on Each computer and the Router
ခေတ်မီ router များတွင် Firewall ကာကွယ်ရေးစံနစ်များ တပါတည်းပါရှိကြပါသည်။သို့သော် များသောအားဖြင့် Firewall ကာကွယ်ရေးစံနစ်များ ကာကွယ်ရေးစံနစ်များကို အသုံးမပြုကြဘဲ ပိတ်ထားကြသည်သာများပါသည်။ သင်၏ ကွန်ယက်လုံခြုံမှု ရှိစေရန် Firewall ကာကွယ်ရေးစံနစ်များ ကို သေချာ စွာတပ်ဆင်သင့်ပါသည်။ ထို့အတူ သင်၏ ကွန်ပျူတာတိုင်းတွင်လည်း Firewall ကာကွယ်ရေးစံနစ်များကိုသေချာစွာတပ်ဆင်အသုံးပြုရပါမည်။
9.Position the Router or Access Point Safely
WiFi signal များသည် သင်၏ လုပ်ငန်း (သို့) အိမ် ၏ပြင်ပသို့ ရောက်နိုင်ပါသည်။ အိမ်၏ပြင်ပ သို့ အင်အားနည်းပါးသော WiFi signal များသာ ရောက်ရှိနေလျှင် အကြောင်းမဟုတ်သော်လည်း WiFi ကွန်ယက်ကောင်းမွန်စွာ ချိတ်ဆက်နိုင်သည့် WiFi signal များ ပြင်ပသို့ရောက်ရှိနေပါက မသက်ဆိုင်သူများအား သင်၏ WiFi ကွန်ယက်သို့ ချိုးဖောက်ဝင်ရောက်သုံးစွဲနိုင်ခွင့်ပေးထားသလိုဖြစ်နေပါသည်။
ထို့ကြောင့် Router (သို့) Access Point များကိုတပ်ဆင်ရာတွင် WiFi signal များ ပြင်ပသို့မရောက်ရှိအောင် သင်၏ အိမ် (သို့) လုပ်ငန်း နေရာအလယ် တည့်တည့်တွင် တပ်ဆင်သင့်ပါသည်။ ပြတင်းပေါက်များ အနီးတွင် တပ်ဆင်ခြင်းရှောင်ကြင်ရပါမည်။
အဆင့်မြင့် Router နှင့် Access Point များတွင် WiFi signal များ လိုအပ်သလို ချိန်ညှိနိုင်သော setting များပါရှိ၍ သင် လိုအပ်သော singal power ကို ချိန်ညှိထားရှိချင်းဖြင့် သင်၏ လုပ်ငန်း (သို့) အိမ် ၏ပြင်ပသို့ WiFi signal များ ရောက်ရှိပြီး မသက်ဆိုင်သူများက သင်၏ WiFi ကွန်ယက်သို့ ချိုးဖောက်ဝင်ရောက်သုံးစွဲနိုင်ခွင့်ကို  ကာကွယ်တားဆီး ရာရောက်ပါသည်။
10. Turn off the Network During Extended Periods of Non-Use
WiFi Network လုံခြုံမှုများကိုတိုင်းတာချက်အရ WiFi စနစ်ကို အသုံးပြုရန် မလိုအပ်သောအခါတွင် ပိတ်ထားခြင်းသည် ၁၀၀ရာခိုင်နှုန်း လုံခြုံစိတ်ချရ ခြင်းဖြစ်ပေသည်။ သင်သည် တခါတရံမျှသာ WiFi စနစ်ကို အသုံးပြုသူဖြစ်လျှင် အသုံးမပြုသော အချိန်များ၌WiFi စနစ်ကို ပိတ်ထားပါ။ 
ဥပမာ။      ။ သင်သည် desktop computer များကို ကြိုးဖြင့်ချိတ်ဆက်အသုံးပြုသော Ethernet စနစ်ကို အသုံးပြုပြီး၊ WiFi စနစ်ကို laptop များသာ အသုံးပြုလျှင် laptop ကို အသုံးမပြုသည့်အချိန်တွင် သင်၏ router ရှိ Wireless စနစ်ကို ပိတ်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်။
အထက်ပါလုံခြုံရေးအချက်များသည် အခြေခံကျသော ကာကွယ်မှုစံနစ်များဖြစ်သော်လည်း အကောင်းဆုံး ကာကွယ်ရေးစံနစ်များဟု မပြောပါ။ လုံးဝ ကာကွယ်တားဆီးမှုမရှိသော အခြေအနေဖြင့်ဆိုလျှင် အထက်ပါ လိုက်နာဆောင်ရွက်သင့်သော အချက်များကို လိုက်ရွက်လျှင်ပင် အတော်အသင့် စိတ်ချစွာ သုံးဆွဲနိုင်ပါမည်။

ဘလော့ရဲ့ လင့်အမှားတွေ ပျက်တာတွေ စစ်ဆေးပေးတဲ့ Xenu's Link Sleuth V 1.3.8



Website,Blog တွေမှာ Link error တွေ Link ပျက်နေတာတွေကိုရှာဖွေပေး
မဲ့ Software လေးပါ software ကို Rum ပြီး File - Check URL ကိုနိုပ်ပြီး ကိုယ်စစ်ချင်
တဲ့ Link ကိုထဲပြီး Enter နိုပ်လိုက်ပါ  ပျက်ဆီးနေတဲ့
Link တွေကိုစာတန်းအနီနဲ့ပြနေပါလိမ့်မယ်၊ဒါဆိုဆက်လက်ဆောင်ရွက်နိုင်ပါပြီ။
 
Password -  kyawsoetunaung
 
 

IP address အကြောင်းသိကောင်းစရာ


computer တွေတစ်လုံးနဲ့တစ်လုံး network ချိတ်တဲ့နေရာမှာ protocol တစ်ခု
မဖြစ်မနေသုံးဖို့လိုအပ်ပါတယ်။
အဲဒီ protocol ဆိုတာ လွယ်လွယ်ပြောရင်တော့ ဘာသာစကား လိုပါဘဲ။
ကျွန်တော်တို့ လူတွေမှာလည်းဘာသာ
စကားတွေအမျိုးမျိုးရှိသလိုIPတွေမှာလဲProtocol တွေလဲ အမျိုးမျိုး ရှိပါတယ်။
ဒါပေမယ့်Internet ကိုချိတ်မယ်ဆိုတဲ့
computer တိုင်းဟာတော့ TCP/IP ဆိုတဲ့protocol ကိုမဖြစ်မနေ
သုံးဖို့လိုပါတယ်။
TCP/IP protocol သုံးတဲ့ computer တိုင်းဟာလည်း IP address
တစ်ခုမဖြစ်မနေသက်မှတ်ဖို့လိုပါတယ်။
IP address မှာ Version4နဲ့Version6ဆိုပြီးနှစ်မျိုးရှိပါတယ်။V4က32bits
နဲ့အလုပ်လုပ်ပြီးV6ကတော့
128bitsနဲ့အလုပ်လုပ်ပါတယ်။ယခု လက်ရှိအများစုက V4 ကို အသုံးပြုနေပါတယ်။
V4 IP address မှာ
Class လေးခုရှိပါတယ်။ A, B, C, D, နဲ့ E ပါ။Class A, B, C ကကျွန်တော်တို့
နဲ့ ရင်းနှီးပြီး အသုံးများပါတယ်။
( ဒီ class A, B, C သုံးခုထဲက address ရယူ အသုံးပြုထားတဲ့
machine တွေကြားမှာ အပြန်အလှန်ကြိုက်သလို
ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်)Class D က Multicast address ဖြစ်ပါတယ် ။
( multicast ဆိုတာ က သတ်မှတ်ထားတဲ့ အစုအဖွဲ့တစ်ခုအတွင်းမှာသာ
အပြန်အလှန်ဆက်သွယ်နိုင်တဲ့
address မျိုးပါ ဥပမာ -Class D address ရဲ့ Group1 မှာ computer
5 လုံး၊ Group 2 မှာ computer 5 လုံး၊
ချိတ်ထားတယ်ဆိုရင် Group1 ထဲက computer အချင်းချင်း၊ Group2
ထဲက computer အချင်းချင်း၊ပဲဆက်သွယ်နိုင်ပါတယ်
Group1 က computer နဲ့ Group 2 က computer ချိတ်ဆက်ပြီးအသုံးပြုလို့မရနိုင်ပါဘူး ။)
Class E ကတော့ သုတေသန ပြုလုပ်နိုင်ဖို့ reserved အတွက်ထားရှိပါတယ်၊ အသုံးမပြုပါဘူး။
အဲဒီတော့ ကျွန်တော်တို့ Class A, B, C အကြောင်းကို ဆက်လေ့လာပါမယ်
Network Address, Host Address
IP address တစ်ခုတိုင်းမှာ Network Address နဲ့ Host Address ဆိုပြီးတော့
အပိုင်းနှစ်ပိုင်းပါပါတယ်။Network Address ဆိုတာ Hostတွေကိုပေါင်းစည်းထားတဲ့
addressအစုအဝေးတစ်ခုဖြစ်ပြီး၊
HostAddressဆိုတာတော့
Networkထဲမှာပါဝင်တဲ့အစိတ်အပိုင်းတစ်ခုပါ။
IP address ဒီလို အလုပ်လုပ်တယ်
IPV4မှာ32bitsနဲအလုပ်လုပ်တယ်ဆိုတာကျွန်တော်ဆွေးနွေးပြီးပါပြီ။အဲဒီ
32bitsကို8bitsစီ၊8bitsစီအပိုင်း
လေးပိုင်းခွဲပြီးအလုပ်လုပ်ပါတယ်။တကယ် တမ်း bits တွေနဲ့အလုပ်လုပ်တာဖြစ်ပေမယ့်
သက်မှတ်တဲ့နေရာမှာဘဲဖြစ်၊
ဖြစ်ရေးသားဖေါ်ပြတဲ့နေရာမှာဘဲဖြစ်ဖြစ် Dot-decimalစနစ်နဲ့ ရေးသားဖေါ်ပြပါတယ်။
( ဥပမာ- 192.168.1 .100)
တစ်ပိုင်းစီဟာ 8bits ကို ကိုစားပြုပြီး တစ်ပိုင်း နဲ့ တစ်ပိုင်းကြားမှာ dot(.) လေးတွေခံရေးပါတယ် ။
8bits ပါဝင်တဲ့
အစုအဝေးတစ်ခုကို octet လို့ခေါ်ပါတယ်။
ဒါကြောင့် IP Address တစ်ခုမှာ octect လေးခုပါဝင်ပါတယ်။
IP address ကြည့်ရုံနဲ့ Class တွေလယ်လိုခွဲမလဲ
IP address တစ်ခုကိုကြည့်လိုက်တာနဲ့ Class A လား B လား C လား ဆိုတာကို
IP address ရဲ့ ပထမဆုံးအပိုင်း
( first octect ) ကိုကြည့်ပြီးခွဲနိုင်ပါတယ်။
Class 1st octect range
A 1 to 126
B 128 to 191
C 192 to 223
ဥပမာ-
10.10.152.1 Class A
172.16.10.1 Class B
192.168.2.1 Class C
ဆိုတာကို ရှေ့ဆုံး အပိုင်းကိုကြည့်ရုံနဲ့ အလွယ်တကူခွဲနိုင်ပါတယ်။
Local Machine Address
အပေါ်က IP address range ထဲမှာ 127 ဆိုတာကို မတွေ့ ရပါဘူး။
အဲဒီ 127တစ် ပိုင်းလုံးကိုအသုံးမပြုဘဲ ချန်ထားခဲ့ပါတယ်။ အဲဒါကို loop-back address လို့
ခေါ်ပါတယ်။အဲဒီထဲကမှ 127.0.0.1 ကို local machine address အဖြစ်သုံးပါတယ်။
local machine address ဆိုတာ
computer နဲ့ သက်ဆိုင်တဲ့၎င်းတို့ကို ကိုယ်စားပြုတဲ့ address ပါ။
ဘာနဲ့ သဘောတရားချင်းတူလဲဆိုတော့ လူနာမည်တွေလိုပါဘဲ -
လူတိုင်းကိုယ်စီမှာ ကွဲပြားခြားနားတဲ့ နာမည်တွေရှိပါတယ်၊
ဒါပေမယ့် ဆက်သွယ်မှုတွေပြုလုပ်လို့
(စကားပြောခြင်း) ကိုယ့်ကိုကို ကိုယ်စားပြုတဲ့အခါ နာမည်ထက် ငါ၊ကျွန်တော်
စတဲ့ နာမ်စားတစ်ခုနဲ့
ကိုစားပြုကြပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ ( I ) ပေါ့။TCP/IP protocol
သုံးပြီး Network ချိတ်တဲ့
computer တိုင်း မှာလည်း မတူညီတဲ့ IP address တစ်ခုချင်းစီရှိ ကြပေမယ့်
ကိုယ့် computer ကို
ကိုယ်စားပြုတဲ့ အခါ 127.0.0.1 ဆိုတဲ့ Local machine address နဲ့ကိုစားပြုပါတယ်။
အလွယ်ပြောရင်တော
့ computer I ပေါ့။ဒီ address လေးသုံးပြီး ကိုယ့် computer က network ပေါ်မှာ
အလုပ်လုပ်နိုင် မလုပ်နိုင်၊
NIC card အလုပ်လုပ် မလုပ် စတာတွေကို စမ်းသပ်နိုင်ပါတယ်။

ကျွန်တော့်ဆိုဒ်ကို Android Phone မှာ အလွယ်တကူ ကြည့်နိုင်ပြီ



   ကျွန်တော့်ဆိုဒ် လေးကို Android Phone တွေမှာ အလွယ်တကူ ကြည့်ရှုနိုင်ပါပြီဗျာ။
ကျွန်တော်တင်ပေးလိုက်တဲ့ Kyaw Soe Tun Aung.apk ကို ပထမဆုံး Android ဖုန်းမှာ Install လုပ်လိုက်
ရုံပါဘဲ။ Internet ဖွင့် ထားချိန်မှာ သူ့အလိုလို ကျွန်တော့်ဆိုဒ်မှာ အသစ်တင်ထားတဲ့ Post တွေကို Auto
Download ဆွဲနေပါလိမ့်မယ်။ ပြီးသွားရင်တော့ Internet ကွန်နရှင်မရှိတဲ့ အခြေအနေမှာ Offline အနေ
နဲ့ ဖတ်နိုင်ပါပြီ။

Window-8 အတွက် မြန်မာဖေါင့်ထည့်နည်း

ဒီတစ်ခါတော့ Windows 8 အသုံးပြုသူများအတွက် zawgyi-one font အသုံးပြုနည်းလေး ပြောပြပါ့မယ်။ အရင်ဆုံးကျွန်တော်ပေးထားတဲ့ လင့်လေးတွေကနေ zawgyi font ကိုဒေါင်းလော့ချလိုက်ပါ။ ပြီးရင်  winrar ဖို်င်လေးကိုဖြေလိုက်ပါ။ ပထမဖိုင်ထဲမှာ  setup ဆိုတာလေးကို အရင် install လုပ်ပါ။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ။ ဒါဆိုရင်ပထမ အဆင့်ပြီးပါပြီ။ 
ဒုတိယအဆင့်က control panel ထဲဝင်ပြီး Language setting ကိုပြင်ဖို့လိုပါတယ်။ 
 
အဆင့်(၁) Control panel ကိုသွားဖို့ကရိုးရိုးလေးပဲ။ Desktop ပေါ်ကို right click ထောက် personalize ကိုကလစ်ပေးပါ။  ညာဘက်ထိပ်မှာ Control Panel Home ဆိုတာကို ကလစ်ပေးပါ။  Windows 8 ဖြစ်တဲ့အတွက် Language ဆိုပြီးကမ္ဘာလုံးပုံလေးကို ကလစ်ပေးပါ။
 

အဆင့်(၂) အဲဒီမှာ Advaced settings ဆိုတာကို လကစ်ပေးပါ။


 
အဆင့်(၃) Override for default input method  ဆိုတာကိုရှာ၊ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L  ဆိုတာလေးကို ရွေးပေးပါ။  ဒါဆိုရင် zawgyi  font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ။

 
Zawgyi keyboard download

Zawgyi font download


အားလုံးကိုလေးစားလျက်.....
ဗဟုသုတတိုးပွားကြပါစေနော်.....

M File Anti-Copy 5.5 + Serial



 

                       မိမိကွန်ပြူတာထဲက Video , Music , Photo နဲ့ Data တွေကို အခြားသူများ ကူးယူခြင်းမှ
ကာကွယ်တားဆီးပေးနိုင်တဲ့ Software လေးဖြစ်ပါတယ်။ ဘယ်လို နေရာတွေမှာ အသုံးတည့်လည်းဆိုရင် ကိုယ်ပိုင် Personal ဖြစ်ဖြစ် ရုံးအလုပ်ကိစ္စတွေဘဲဖြစ်ဖြစ် အရေးကြီး Data တွေကို မိမိ မရှိချိန်မှာကွန်ပြူတာ
ထဲကနေပြီး ကူးယူခွင့်မပြုချင်သူများအတွက်တော့အဆင်ပြေမှာပါ။
 
 

ဖုန်းထဲက နေပီးတော့ မိမိတို.blogအတွက် ပိုစ်တွေတင်ရအောင်

ဖုန်းထဲက နေပီးတော့ မိမိတို.blogအတွက် ပိုစ်တွေ ၀င်ရေးလို.ရ နေပါပီ အောက်က လင့်လေးကို နှိပ်ပီး ဖုန်းအတွက် blogger.apk ဖိုင်လေးကို ရယူနိုင်ပါတယ်



Tear copy v3.0 with serial

  Copy ကူးတာမြန်စေတဲ့ Software လေးပါဘဲ။ လူတိုင်းလည်းရင်နှီးကြမှာပါ။  အခု နောက်ထပ် Version အသစ်လေးထွက်လာလို့တင်ပေးလိုက်တာပါ။
အမြဲတမ်းသုံးနိုင်အောင်လည်း Full Version အဖြစ် Serial Key ကိုပါထည့်ပေးလိုက်ပါတယ်ဗျာ။ Link လေး
မသေခင်မှာ ဒေါင်းယူထားစေချင်ပါတယ်ဗျာ။ အသုံးပြုပုံက မခက်ပါဘူး install လုပ်ထားလိုက်ရုံပါဘဲ။
Copy ကူးရင် Software က Auto ကူးပေးပါလိမ့်မယ်။
 
 

sfos speed full version

အင်တာနက် ကွန်နက်ရှင် Speed , Upload / Download Speed , Browser Speed တွေကို မြင့်တင်ပေးနိုင်တဲ့ Software လေးပါ....

Y-Talk ကို အင်တာနက်လိုင်း မလိုဘဲ အသုံးပြုနည်း

 
 
၁။ (က) Land Line ( ကြိုးဖုန်း) နှင့် Mobile Phone ဖြင့် အသုံးပြုရန် ( Internet မလို ) ၀၁ – ၄၄ ၅၅၅၅၅ သို့ဆက်ပါ။ သင့် Ytalk Account Password ၏ နောက်တွင် “#” ကို ထည့်ပြီးနှိပ်ပါ။
( ဥပမာ 1234567890# )
မိမိ ခေါ်ဆိုလိုသော နံပါတ်နှိပ်ပြီး “#” ကိုထည့်၍ ဖုန်းခေါ်ဆိုပါ။ ( ဥပမာ 00 65 90000000# )
(ခ) Land Line ( ကြိုးဖုန်း) နှင့် Mobile Phone ဖြင့် ငွေဖြည့်ရန် ( Internet မလို )
Ytalk Account အတွက် ငွေဖြည့်ရန် ဖြစ်သည်။ ၀၁ – ၄၄ ၅၅၅၅၄ သို့ဆက်ပါ။ မိမိ Ytalk Account Password ကိုနှိပ်ပါ။ ( ဥပမာ 1234567890# )

PIN Code ၏ နောက်တွင် “#” ကိုထည့်ပြီး ငွေဖြည့်ပါ။

Singapore ၁၂ ကျပ်/မိနစ်
Malaysia ၂၄ ကျပ်/မိနစ်
Philippines ၁၂၇ ကျပ်/မိနစ်
Indonesia ၆၅ ကျပ်/မိနစ်
Thailand ၂၅ ကျပ်/မိနစ်
USA ၁၂ ကျပ်/မိနစ်
UK ၂၀ ကျပ်/မိနစ်
Australia ၁၉ ကျပ်/မိနစ်
Norway ၂၂ ကျပ်/မိနစ်
Newzealand ၂၀ ကျပ်/မိနစ်
Japan ၂၅ ကျပ်/မိနစ်
China ၁၁ ကျပ်/မိနစ်
Hongkong ၁၂ ကျပ်/မိနစ်
Taiwan ၁၂ ကျပ်/မိနစ်
South Korea ၃၉ကျပ်/မိနစ်
UAE ၂၁၂ ကျပ်/မိနစ်
Qatar ၂၁၂ ကျပ်/မိနစ်
Saudi Arabia ၂၂၉ ကျပ်/မိနစ်
India ၂၅ကျပ်/မိနစ်
တို့အပြင် အခြား နိုင်ငံပေါင်းများစွာကိုလည်း ဈေးနှုန်းသက်သာ စွာဖြင့် ဖုန်းခေါ်ဆို နိုင်ပါသည်။
မြန်မာ
Mobile မှကူးယူဖော်ပြသည်။

Related Posts Plugin for WordPress, Blogger...
Link သေနေတာများရှိရင် comment မှာဖြစ်ဖြစ်၊ Cbox မှာဖြစ်ဖြစ် ပြောခဲ့ပါဗျာ…....