မင်္ဂလာပါခင်ဗျာ :::: ဤဘလော့တွင် တင်သမျှ နည်းပညာလေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ ::::

……..မင်္ဂလာပါ :::: Kyaw Soe Tun Aung Blog မှာကြိုဆိုပါတယ်…….

……..မင်္ဂလာပါ :::: Kyaw Soe Tun Aung Blog မှာကြိုဆိုပါတယ်…….

……..မင်္ဂလာပါ :::: Kyaw Soe Tun Aung Blog မှာကြိုဆိုပါတယ်…….

……..မင်္ဂလာပါ :::: Kyaw Soe Tun Aung Blog မှာကြိုဆိုပါတယ်…….

……..မင်္ဂလာပါ :::: Kyaw Soe Tun Aung Blog မှာကြိုဆိုပါတယ်…….

Smart Cover v3.3.1 Apk (108.3 Kb)

ဒီဆော့ဝဲလ် လေးကတော့  android phone/tablet  တွေကို  cover သုံးပြီး ကိုင်ဆောင် သူတွေ အတွက် အသင့်တော်ဆုံး  ဆော့ဝဲလ် လေးပါ.. ဒီဆော့ဝဲလ်လေး ထည့်ထားတာကြောင့် မိမိဖုန်းရဲ့  touch ခလုတ် တွေ သုံးစရာ မလိုပဲ  screen  ကို auto  on/off  လုပ်ပေးမှာနိုင်မှာ ဖြစ်ပါတယ် … cover ဖွင့်ရင်   screen ပွင့်လာမှာ ဖြစ်သလို  cover ပိတ်ရင် လည်း  screen က သူ့အလိုလို ပိတ်ပေးမှာ ဖြစ်ပါတယ် …file size ကလည်း သိပ်မများတဲ့အတွက် ဖုန်းအတွက် လေးလံမှာ မစိုးရိမ်ရပါဘူး 
မှာလေ့လာပြီး အသုံးပြုမယ်ဆိုရင် အောက်လိပ်စာမှာရယူနိုင်ပါတယ်
 
 
Downlaod>>>direct >> Box
 
 
 

Facebook News Feed ဒီဇိုင်းသစ်ယူမယ်



 Facebook News Feed ဒီဇိုင်းသစ်ယူမယ်
newsfeedFacebook က News Feed ဒီဇိုင်းသစ် ကို မကြာမီ ရရှိတော့မှာပါ။ ယင်း ဒီဇိုင်းသစ် Timeline ကို အသုံးပြုချင်တယ် ဆိုရင် အောက်ပါ လခ့်မှာ ဝင်လို့ Waiting List ကို cick နှိပ်ထားနိုင်ပါတယ်။

ဒါဆိုရင် Facebook က News Feed ဗားရှင်း အသစ်ကိုယ့်ဟာအလိုအလျောက်ပြောင်းသွားမှာပါ။ ထူးခြားတာကတော့ ပုံခပ်ကြီးကြီး ခပ်ရှင်းရှင်းမြင်ရတာမျိုး ဖြစ်ပါတယ်။ မိုဘိုင်းဗားရှင်းနဲ့ ကွန်ပြူတာ ဗားရှင်း ကွာခြားမှု သိပ်မရှိတော့ပါဘူး။ စာထက် ပုံ လိုဂို အသုံးပြုမှုများလာမယ့် ဗားရှင်း အသစ်က မိုဘိုင်းနဲ့တောင် နီးစပ်တယ်လို့ ဆိုကြပါတယ်။

Fresh Feed တို့လို UI လည်းပါလာပြီး ကိုယ် Feed လိုချင်တဲ့ Soure တွေဆီကနေပဲ ရအောင် Option ပေးထားလို့လည်းရမယ်လို့ ဆိုပါတယ်။ ဒါကြောင့် News Feed ဗားရှင်း အသစ်ကို လိုချင်ရင် အောက်ပါ လခ့်မှာ ဝင်ရောက်၍ Click လုပ်ထားနိုင်ပါတယ်။

https://www.facebook.com/about/newsfeed
______________________________________

Windows 8 နှင့် 7 မှာ Master Boot Record ကို ပြင်နည်း

Windows တွေ Boot မတတ်တဲ့အခါ ကျွန်တော်တို့ အခုပြောပြမယ့် MBR လို့ခေါ်တဲ့ Master Boot Record ကြောင့်လည်းဖြစ်နိုင်ပါတယ်။MBR ကဘာလို့ပျက်ရလည်းဆိုရင် အကြောင်းအရင်းတွေ အများကြီးရှိပေမယ့် အဖြစ်အများအကြောင်းအရင်းတစ်ခုက malware ကူးစက်ခြင်းကြောင့် လည်းဖြစ်နိုင်ပါတယ်။နောက်တစ်ခုက စက်ကို ပုံမှန် ShutDown ချသင့်တဲ့နေရာကနေမချပဲ စက်ရဲ့ Power ခလုပ်ကို အကြာကြီး ဖိပြီးပိတ်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။






ထားပါတော့ အကြောင်းအရင်းတွေအများကြီးရှိပေမယ့် သင့်ရဲ့ စက် Boot မတတ်တော့ဘူးဆိုရင် Master Boot Record ကိုပြင်ကြည့်သင့်ပါတယ်။

Windows 8 နှင့် 7 မှာ MBR ကို ပြင်ခြင်း
အခုကျွန်တော်တို့ ပြောမယ့်နည်းကို Windows 7 နဲ့ 8 မှာလည်းအသုံးပြုနိုင်ပါတယ်။အခုဒီနည်းကို အသုံးပြုမယ်ဆိုရင် လိုအပ်ချက်အနေနဲ့ Windows တင်တဲ့ အခွေလိုပါလိမ့်မယ်။

Step 1: Windows Recovery Menu ထဲကိုဝင်ဖို့ System Boot လုပ်နေတဲ့အခါ Keyboard ကနေ F8 ကိုနှိပ်ပေးပါ။ Windows တင်တဲ့ အခွေကို Computer ရဲ့ DVD Drive ထဲကိုထည့်ထားပါ။

Step 2: ပြီးရင် Troubleshoot ကိုနှိပ်ပေးပါ။

Step 3: Automatic Repair menu ထဲကိုသွားဖို့အတွက် Advanced options ကို Click လုပ်ပေးပါ။

Step 4: ကျွန်တော်တို့ Bootrec.exe tool ကို အသုံးပြုဖို့လိုလာပါပြီ။အဲ့ဒါကြောင့် အောက်မှာပေးထားတဲ့ Command တွေကို တစ်ခုပြီးမှာ တစ်ခုရိုက်ထည့်ပေးပါ။

Step 4: ကျွန်တော်တို့ Bootrec.exe tool ကို အသုံးပြုဖို့လိုလာပါပြီ။အဲ့ဒါကြောင့် အောက်မှာပေးထားတဲ့ Command တွေကို command prompt မှာ တစ်ခုပြီးမှ တစ်ခုရိုက်ထည့်ပေးပါ။


    bootrec /RebuildBcd
    bootrec /fixMbr
    bootrec /fixboot
    Exit

အပေါ်မှာပေးထားတဲ့ Command တွေကို ရိုက်ထည့်ပြီးလို့ အောက်ကပုံအတိုင်းပေါ်တယ်ဆိုရင် Master Boot Record (MBR) ကို ပြင်လို့ပြီးပါပြီ။


အားလုံးအဆင်ပြေကြပါစေ။

USB Disk Security 6.3.0.0



 
USB Disk Security 6.3.0.0 ထွက်လာပါပြီ.. USB ကတစ်ဆင့် ကူးစက်တဲ့ Virus တွေကို အကာအကွယ်ပေးတဲ့ Software ပါ. Windows သမားတိုင်းနီးပါး သုံးပါတယ်.. ဒီဗားရှင်းမှာ ခေတ်သစ် Virus အမျိုးအစားသစ်တွေကို ကာကွယ်ဖို့ Feature အသစ်တွေပါဝင်လာပါတယ်..
USB Disk Security provides 100% protection against any threats via USB drive, however, the majority of other products are unable even to guarantee 90% protection. USB Disk Security is the best antivirus software to permanently protect offline computer without the need for signature updates, but other antivirus software should update signature database regularly, and they cannot effectively protect offline computer. This light and easy to use solution is 100% compatible with all software and doesn't slow down your computer at all. You pay USB Disk Security once and get it all, however, other antivirus products should be paid for updates every year.


အဆင်ပြေပါစေ..

Ice Cream Sandwhich Android ကိုသင့်ရဲ့ PC မှာ အသုံးပြုခြင်း



 


Android Apps တွေကို PC ပေါ်မှာ Run တာဟာ အထူးအဆန်တော့ မဟုတ်တော့ဘူး။တကယ်လို့ သင့်မှာ Android ဖုန်းမရှိဘူးဆိုရင် (သို့) သင်ဟာ Android app တွေကို pc ပေါ်မှာ Run ချင်တဲဆိုရင် ဒီ Program ဟာ တော်တော်လေးကို အထောက်အကူပြုပါလိမ့်မယ်။ဒီ Program ကို အသုံးပြုပြီး သင့်ရဲ့ Desktop နှင့် Laptop ပေါ်မှာ Android app,game တွေကို အသုံးပြုနိုင်မှဖြစ်ပါတယ်။

Android App တွေ Game တွေကို အသုံးပြုနိုင်တဲ့ YouWave,BlueStaks တို့လို Program တွေရှိပါတယ်။ဒါပေမယ့် ကျွန်တော်တို့ အခုပြောပြမှာ က Ice Cream Sandwhich Android 4.0 OS ကိုသင့်ရဲ့ PC ပေါ်မှာ Run နိုင်တဲ့  SocketeQ  အကြောင်းကိုပြောမှာ ဖြစ်ပါတယ်။


ဒီ Program ကို WindowsAndroid လို့လည်းခေါ်ပါတယ်။WindowsAndroid ကို Windows Vista, Windows 7, and Windows 8 တို့ပေါ်မှာ Install လုပ်ပြီး Android Application တွေကို Full Screen အသုံးပြုနိုင်မှာဖြစ်ပါတယ်။နောက်ပြီး ဒီ Program က Resolution ပေါင်းဆုံးကို Support လုပ်ပါတယ်။
input/output device တွေဖြစ်တဲ့ mouse နဲ့ keyboard တွေနဲ့ လည်းအလုပ်လုပ်နိုင်ပါတယ်။့် ဒီ Program ဟာ Development State မှာပဲ ရှိပါသေးတယ်။ဒါပေမယ့် စမ်းသုံးနိုင်မယ့် Tested Version ကတော့ ထွက်နေပါပြီ။တစ်ခုတော့ ရှိတယ် Google Play Store ကိုတော့ Hardware Recognize မလုပ်နိုင်လို့ Access လုပ်နိုင်ခြင်းမရှိပါဘူး။

Development State မှာပဲ ရှိသေးတာကြောင့် တရားဝင် ထွက်ပြီလို့တော့ကြေညာ ထားခြင်းမရှိသေးပါဘူး။တကယ်လို့ သင့်ဟာ စမ်းသုံးကြည့် ချင်တယ်ဆိုရင် SocketeQ  company Website site ရဲ့ Download Tab ကနေ WindowsAndroid ကို Download လုပ်နိုင်ပါတယ်။နောက်ပြီး ဒီ Software နဲ့ ပက်သတ် ပြီး အသေးစိတ် အချက်အလက် တွေသချင်ရင် တော့ ဒီ PDF File  ကို Download လုပ်ပြီး လေ့လာနိုင်ပါတယ်။


အားလုံးအဆင်ပြေကြပါစေ။

Windows 8 မှာ BIOS ထဲဝင်နည်း

ကျွန်တော်တို့ အရင် Windows တွေတုံးကဆိုရင်
BIOS ထဲဝင်ဖို့ F2 (သို့) Del ကိုနှိပ်ပြီးဝင်လို့ရပေမယ့်။အခု Windows 8 မှဆိုရင် အဲ့ဒီ Key တွေကို
နှိပ်ပြီးဝင်လို့မရတော့ပါဘူး။F2 (သို့) Del ကိုနှိပ်ပြီးဝင်လို့ရ ရ မယ့်အစားသူ့ကို BIOS ထဲကိုဝင်လို့
ရအောင် Windows 8 ရဲ့ boot options menu မှာထားပေးထားပါတယ်။


အများအားဖြင့် Computer တော်တော်များများ မှာ BIOS ထဲကိုဝင်ဖို့ computer ကိုဖွင့်လိုက်တဲ့အချိန်မှာ
“Press F2 to enter setup” လို Message ကိုတွေ့ရပေမယ့်၊အခုနောက်ပိုင်းထွက်လာတဲ့ Windows 8
အသင့်သွင်းပြီးသား Computer တွေမှာ ဆိုရင် MAC Computer တွေလို UEFI Firmware ကိုအသုံးပြုလာကြပါတယ်။



Windows 8 Hardware vs. Old Computers With Windows 8

ဒီနည်းကို UEFI ကိုသုံးထားတဲ့အတွက်ကြောင့် Windows 8 အသင့်သွင်းပြီးသား Computer တွေမှာပဲ
အသုံးပြုလို့ရမယ်လို့ဆိုထားပေမယ့် ဒီနည်းကို တစ်ချို့ Computer အဟောင်းတွေမှာလည်း သုံးလို့ရပါတယ်။တစ်ချို့ ပုံမှန် BIOS ကိုသုံးထားတဲ့ စက်တွေမှာ ဆိုရင် F2 (သို့) Delete key ကိုနှိပ်ပြီး
ဝင်လို့ရပါတယ်။တယ်ကယ်လို့ F2 (သို့) Delete ကိုနှိပ်ပြီးဝင်လို့မရင် UEFI နည်းကိုသုံးကြည့်ပါ။
တစ်ခုမဟုတ်တစ်ခုကတော့ အဆင်ပြေပါလိမ့်မယ်။

Boot Option ထဲဝင်ခြင်း

Windows 8 ရဲ့ Boot Option Menu ထဲကိုဝင်ဖို့ နည်းတွေအများကြီး ရှိပါတယ်။အလွယ်ဆုံးကတော့
PC Setting Application ကနေ၀င်နည်းပဲဖြစ်ပါတယ်။ဝင်ဖို့အတွက် Shortcut Windows Key + C ကိုတွဲ
နှိပ်ပေးပါ။Charms bar ပေါ်လာပြီ ဆိုရင် Setting ကိုနှိပ်ပြီး Change PC settings ကိုရွေးပေးပါ။

PC Settings application ထဲမှာ အောက်ပုံမှာ ပြထားတဲ့အတိုင်း General ကိုရွေးပေးပါ။ပြီးရင် Advanced startup အောက်မှာရှိတဲ့ "Restart" ကိုနှိပ်ပေးပါ။အဲ့ဒီ့ အချိန်မှ သင့်ရဲ့ Computer က Restart ဖြစ်သွားပြီး
Windows 8 ရဲ့ Boot Option menu ထဲကိုရောင်သွားပါလိမ့်မယ်။အဲ့ဒီ ကနေ UEFI BIOS ထဲကိုဝင်လို့
ပါပြီ။

Command-Line Geek တွေအတွက် သတင်းကောင်းတစ်ခု special shutdown.exe command
ကို Run ပြီးသင်တို့ Computer ကို Direct boot option menu ထဲကိုဝင်နိုင်ပါတယ်။

Shutdown.exe /r /o

UEFI BIOS ထဲကိုဝင်ခြင်း

Boot Option Menu ထဲမှာ သင်ဟာ USB Drive,CD,DVD (သို့) တစ်ခြား Device တွေကနေ Boot တတ်ချင်ရင် USE A Device ကိုသုံးပြီးတတ်နိုင်ပါတယ်။

တကယ်လို့ အဲ့ဒီမှာ သင်ဟာ UEFI BIOS ထဲကို ၀င်ဖို့သက်သက် ဆိုရင် Troubleshoot ကိုရွေးပေးလိုက်ပါ။

Troubleshoot ကိုနှိပ်လိုက်ပြီးဆိုတာ နဲ့ Advanced Options Menu ထဲကိုရောက်သွားပါလိမ့်မယ်။
Unified Extensible Firmware Interface လို့ခေါ်တဲ့ UEFI BIOS ထဲကိုဝင်ချင်ရင် UEFI Firmware Settings ကိုနှိပ်ပြီး ၀င်လို့ရပါပြီ။Advanced Options Menu ထဲမှာလည်း တော်တော်အသုံးဝင်တဲ့
Tool အမျိုးမျိုးကိုတွေ့ပါလိမ့်မယ်။(UEFI BIOS နဲ့ ရိုးရိုး BIOS နဲ့အတူတူပါပဲ။)

နောက်တစ်ခု- တကယ်လို့သင်ဟာ ပေါ်ပုံမှာ ပြထားတဲ့အတိုင်း UEFI Firmware Settings လို့မပေါ်ရင်
သင့်ရဲ့ Computer ကို ပုံမှန် BIOS ထဲဝင်နေကျအတိုင်း F2 (သို့) Delete ကိုနှိပ်ပြီးဝင်ရမှာဖြစ်ပါတယ်။
( F2 (သို့) Delete ပုံသေ BIOS ထဲကိုဝင်ရတဲ့ Key များမဟုတ်ပါ။တစ်ချို့စက်တွေမှာ BIOS ထဲဝင်ဖို့
တစ်ခြား Key တွေကို နှိပ်ပြီးဝင်ရတာလည်းရှိပါတယ်။တိတိကျကျသိချင်ရင် Computer ရဲ့ Manual မှာကြည့်နိုင်ပါတယ်။)


အားလုံးအဆင်ပြေကြပါစေ။

Facebook chatbox မှာစာလုံး Design ထည့်ခြင်း




  Step #1 ပထမဦး ဆုံး facebook chat text generator site ကိုသွားပါ။

                         


  Step #2 ကိုယ်ရေးချင်တဲ့ စာကိုရေးလိုက်ပါ အောက်မှာ code တွေထွက်လာပါလိမ့်မယ်။(Eng  စာပဲရမှာပါ)။

Step #3 
code တွေကို သင့်ရဲ့ chatbox မှာ copy လုပ်ပြီး paste လုပ်ရုံပဲ။
 
 


အားလုံးအဆင်ပြေကြပါစေ။

Bass Booster Pro v2.1.1 For Android





 
ဖုန်းတွေမှာ သီချင်းနားထောင်ရတာ Bass သံသိပ်မပါတော့ ခြောက်ကပ်ကပ်ဖြစ်နေရင် ဒီ Bass Booster Pro v2.1.1 လေးကို Install လုပ်လိုက်ပါ.. Bass သံ များများနဲ့ Beat တွေကို ကောင်းကောင်း ခံစားရလိမ့်မယ်.. Virtualizer ပါဝင်တဲ့အတွက် ကိုယ်လိုအပ်သလို ချိန်ညှိနိုင်မှာလည်း ဖြစ်ပါတယ်.. Electro, Techno, Dubstep, Dance, Pop, Rock, Metal, Reggae, Rap, R&B, Hip-Hop, Jazz, Latino, Acoustic, Classical, Party သံစဉ်အမျိုးအစားတွေအတွက် Preset ပေါင်း 20 အဆင်သင့်လည်း ပါဝင်ပါတယ်.. လိုအပ်တဲ့ Android Version ကတော့ 2.3.3 နဲ့ အထက်ပါ..
The Pro features of Bass Booster include :
- Unlimited custom presets
- Homescreen widget (2x1)
- Homescreen shortcut (see below)
- Virtualizer
- Start on phone boot
- Preset auto-detection (see below)
- Automatic preset on incoming call/SMS or during phone conversations
- 4 themes
- Reverb (in Beta ! It doesn't work on most phones, so it might be removed)
- 20 built-in presets : More Basses, Improve quality, Electro, Techno, Dubstep, Dance, Pop, Rock, Metal, Reggae, Rap, R&B, Hip-Hop, Jazz, Latino, Acoustic, Classical, Party, Voice Boost, Volume Boost. (included in the free version)



DownloadHere>>Direct >>Box





အဆင်ပြေပါစေ..

GTA Vice City Full Version 1.0.3 For Android Game 992MB


  http://www.downloadwithcrack.com/wp-content/uploads/2012/12/gta-vice-city-cover1.jpg
 
GTA Vice City ဆိုတဲ့ Game ကတော့ လူကြီးလူငယ်မရွေးသိပြီးသား Game ဖြစ်မှာပါဗျာ။ PS2 မှာကတည်း
ကလူသိများ လူကြိုက်များပြီး နာမည်ကြီးတဲ့ Game တစ်မျိုးပါ။ ပြီးတော့ PC အနေနဲ့ ထွက်လာတဲ့အခါမှာ
လည်း PS2 ကလိုဘဲ လူကြိုက်များနေတုန်းပါဘဲ။ ကဲဗျာ အခုအချိန်မှာတော့ Android , Tablet ခောတ်ဆို
တော့လည်း Andriod OS မှာ ကစားနိုင်တဲ့ GTA Vice City Android Version ဆိုပြီး ထွက်လာပြန်ပါတယ်။
Android အတွက်ထွက်တာတော့ လပိုင်းလောက်ရှိနေပါပြီ အခုမှဘဲ တင်ဖြစ်သွားတာပါဗျာ။ PC နဲ့ PS2
မှာကစားရသလိုဘဲ Android မှာလည်းဒီထက်မနိမ့်တဲ့ ရုပ်ထွက်တွေ နဲ့ကစားရမှာဖြစ်ပါတယ်ဗျာ။ Game
အကြောင်းကိုတော့ လူတိုင်းသိပြီးသားဖြစ်တဲ့အတွက်မရှင်းပြတော့ပါဘူး။ Android OS 2.3 နှင့်အထက်
ဖုန်းများမှာသာကစားနိုင်မှာဖြစ်ပါတယ်ဗျာ။ Apk ဖိုင်ကို Install လုပ်ပြီး Download File မှာပါလာတဲ့ obb file
ကို Phone ရဲ့ SD card ထဲကိုကူးထည့်ပြီးမှ ကစားရမှာဖြစ်ပါတယ်ဗျာ။
 
 
 
 
 
 



Welcome back to Vice City.

  • Beautifully updated graphics, character models and lighting effects 
  • New, precisely tailored firing and targeting options 
  • Custom controls with a fully customizable layout 
  • Massive campaign with countless hours of gameplay
  • Compatible with the MoGa Wireless Game Controller and select USB gamepads
  • Integrated with Immersion tactile effects 
  • Tailor your visual experience with adjustable graphic settings
PRO-APK.BLOGSPOT.COM
Version: 1.0.3
Size: 990 MB
Required android: 2.3 and up
Instruction: Extract Zip, Install apk and put data on Sdcard\
 
   Download

Twin Me v1.3.2 ကိုသုံးပြီး Android Device နဲ့ နှစ်ကိုယ်ခွဲ ဓါတ်ပုံရိုက်ရအောင်



Twin Me ဆိုတဲ့ Android App လေးကတော့ Android Devices သုံးပြီး ဓါတ်ပုံရိုက်သူတွေအတွက် နှစ်ကိုယ်ခွဲပုံတွေရိုက်နိုင်မယ့် App လေးဖြစ်ပါတယ်.. အသုံးပြုပုံကို အသေးစိပ်ရှင်းမပြတော့ပါဘူး.. လွယ်လွယ်လေးမို့လို့ပါ.. Google Play မှာ ဒီ App ကို 1.99 ဒေါ်လာနဲ့ ရောင်းပါတယ်..လိုချင်ရင်တော့ အောက်မှာဒေါင်းသွားပါ.....


                                    
                                       Download Here

Create a twin/clone photo of your friends or objects in two clicks!
It's easy! Follow the instructions:
- Hold de phone in horizontal position
- Place the subject in the left frame on the screen and take the first shot
- Hold the camera steady, place them in the right frame and shot again.
- Wait a few seconds and see the funny result! It's a clone!
- The app will try to fix a possible misalignment during the shots
It's easy to clone yourself
For a better results, try to place the subject in a scene with a detailed background and do not move the camera between the shots.





taget from::pyaephyo

ငတက်ပြားဂိမ်း 2

 
အသစ်ထွက်ရှိလာတဲ့ ငတက်ပြားဂိမ်းလေးပေါ့။ မြန်မာတွေ လုပ်ထားတဲ့ apk လေးဖြစ်လို့ အားပေးကြပါဗျာ။ ဖိုင်ဆိုဒ်ကတော့ 13 MB လောက်ရှိပါတယ်။ လိုချင်တယ်ဆိုရင် အောက်မှာယူသွားလိုက်ပါ။ အဆင်ပြေကြပါစေဗျာ။
 

Website Down or Up Checker APK

ဒါကတော့ အန်းဒရိုက်ဖုန်းကနေ ဆိုဒ်တစ်ခု Down နေသလားဆိုတာ စစ်ဆေးပေးမယ့် apk လေးပါပဲ။
ကျွန်တော်တို့ DDoS Attack လုပ်ပြီးရင် ဒါမှမဟုတ် ဆိုဒ်တစ်ခု DDos Attack အလုပ်ခံရတယ်လို့ သံသယရှိရင် ဒီ apk လေးနဲ့ စစ်ဆေးကြတာပေါ့ဗျာ။ :D ဖိုင်ဆိုဒ်ကတော့ သေးသေးလေးပါပဲ။ လိုအပ်ရင် ထုတ်သုံးရအောင် ဆောင်ထားကြပေါ့နော်။ လိုချင်တယ်ဆိုရင် အောက်မှာသွားဒေါင်းနိုင်ပါပြီ။

Blog Address အဟောင်းမှ လိပ်စာအသစ်သို့ Redirect လုပ်နည်း

  မိမိ blog လိပ်စာအဟောင်းကိုသွားလိုက်တာနဲ့ လိပ်စာအသစ်ဆီကို Redirect လုပ်ပေးမယ့်နည်းလမ်းလေးပါ။ ဘလောဂါတွေအတွက် ဒီလိုအပြောင်းအလဲတွေ
ရှိခဲ့ရင် ခုနည်းလမ်းကမဆိုးပါဘူး။ သူ့ဟာသူ auto Redirect လုပ်ပေးမှာဖြစ်ပါတယ်။ ကဲ လုပ်ရမှာက လွယ်ပါတယ်။ အရင်ဆုံး မူလဘလောစပေါ့ထဲ Login ဝင်ထားပါ။
 
Blogger Dashboard ထဲရောက်ရင် Template ကိုရွေးပါ။ အဲဒီကနေတစ်ဆင့် Edit Html ကိုဆက်သွားပါ။ ရောက်ပြီဆိုရင် <head> ဆိုတဲ့စာသားလေးနေရာကိုရှာပါ။ Firefox ကနေ Ctrl+F နဲ့ရှာနိုင်ပါတယ်။ တွေ့ပြီဆိုတာနဲ့ အောက်ကကုဒ်ကို <head> ဆိုတဲ့အောက်နားမှာထည့်ပေးရပါမယ်။
<meta content='5;url=http://www.YOUR-URL.com/' http-equiv='refresh'/>
အနီရောင်နဲ့ 5 ဆိုတာက Redirect လုပ်ပေးမယ့်အချိန်ပါ။
http://www.YOUR-URL.com/ မှာ မိမိ Redirect လုပ်ချင်တဲ့လိပ်စာကိုထည့်ပေးရပါမယ်။
ဒါဆိုရင် ရပါပြီ။ Save မလုပ်ခင် Preview ကနေအရင်ဆုံးကြည့်ပါ။ အလုပ်ဖြစ်ရင်တော့ Save လို့ရပါပြီ။ တစ်ခုခုမှားသွားရင် ပြန်ခေါ်လို့ရအောင် မိမိရဲ့ ဘလော့ Template ကို Backup လုပ်ထားပါစေ။

CSS codes များနှင့် Scripts များကို Blog Post တွင် ဖော်ပြခြင်း



အားလုံးပဲမင်္ဂလာပါခင်ဗျာ။ မိမိတို့ရဲ့ ဘလော့ဂ်မှာ CSS codes တွေနဲ့ Scripts တွေကို သီးခြား Style တစ်မျိုးနဲ့ ဖော်ပြပေးတဲ့နည်းလေးပဲဖြစ်ပါတယ်။ ဒီလိုဖော်ပြပေးခြင်းအားဖြင့် စာဖတ်သူအနေနဲ့လည်း Code တွေကို ရှင်းလင်းစွာ တွေ့မြင်ရမှာဖြစ်ပါတယ်။ စိတ်ဝင်စားသူများ အောက်ကနည်းလေးအတိုင်း လိုက်လုပ်ကြည့်နိုင်ပါတယ်။။

၁။ Dashboard--->>Layout---->>Edit html ကိုသွားပါ။ Template ကို Backup လုပ်ခဲ့ပါ(Download Full Template)။
၂။ ]]></b:skin> ဆိုတဲ့ Code ကိုတွေ့အောင်ရှာပါ။ တွေ့ရင် အဲဒီအပေါ်ကနေ အောက်မှာပေးထားတဲ့ Code တွေကို ထည့်လိုက်ပါ။


.codeview { margin : 25px 35px 25px 25px; padding : 15px; clear : both; list-style-type : none; background : #f9f9f9 url(http://img17.imageshack.us/img17/5162/codeview.gif) no-repeat right bottom; border-top : 1px solid #eeeeee; border-right : 2px solid #cccccc; border-bottom : 2px solid #cccccc; border-left : 1px solid #eeeeee; } .codeview li { font-size : 13px; line-height : 24px; font-family : "Courier New", "MS Sans Serif", sans-serif, serif; color : #FFFFFF; font-weight : normal; margin : 0; padding : 0; }
၃။ အပေါ်က Code တွေထဲမှာ အနီရောင်ပြထားတာတွေကို မိမိဘလော့ဂ်ရဲ့ Template နဲ့ ကိုက်ညီအောင် စိတ်တိုင်းကျပြပြင်ပေးလို့ရပါတယ်။ Template ကို Save လုပ်ပါ။ CSS code တွေနဲ့ Script တွေ အောက်မှာပေးထားတဲ့ div section နှစ်ခုကြားမှာ ရေးပါ။ အဆင်ပြေကြပါစေဗျာ..
<div class="codeview">

Insert the Special code here

</div>

www.google.com.mm တွင် မြန်မာ Font နှင့် Keyboard အသုံးပြုနိုင်ရန် ဆောင်ရွက်နည်း


http://www.google.com.mm/        တွင် မြန်မာ Font နှင့် Keyboard အသုံးပြုနိုင်ရန် ဆောင်ရွက်နည်း

Mozilla Firefox တွင် ပြုလုပ်နည်း

အဆင့် ၁ - Firefox ၏ Menu တွင် Tools အား နှိပ်ပါ။
အဆင့် ၂ - Tools မှတဆင့် Add-ons အား နှိပ်ပါ။ Add-ons Manager သို့ ရောက်သွားပါလိမ့်မယ်။
အဆင့် ၃ - ညာဖက် အပေါ်ထောင့်ရှိ Search ၌ “Tagu” ဟု ရိုက်သွင်းပြီး ရှာဖွေပါ။
အဆင့် ၄ - ရှာဖွေရရှိသည့် အဖြေများထဲမှ Tagu အား ရွေးချယ်ပြီး Install လုပ်ပါ။
အဆင့် ၅ - Install လုပ်ပြီးလျှင် စတင်သုံးစွဲရန် Refresh (သို့) Firefox အား Restart လုပ်ပေးရန် လိုအပ်ပါမည်။
အဆင့် ၆ - Keyboard သုံးရန် Search Box ညာဖက်ထောင်ရှိ Keyboard ပုံလေးအား နှိပ်ပါ။

မှတ်ချက် - Plugin အား အသုံးမပြုလိုတော့လျှင် အဆင့် ၁ -> အဆင့် ၂ -> Extensions အားနှိပ်ပြီးလျှင် Disable (သို့) Uninstall ပြုလုပ်နိုင်ပါသည်။

ယခုအခါတွင် Firefox တွင် Unicode Font အား မြင်ရမည်ဖြစ်သလို google.com.mm တွင်လည်း Keyboard အား သုံးစွဲနိုင်ပြီဖြစ်သည်။

Google Chrome တွင် ပြုလုပ်နည်း

အဆင့် ၁ - Chrome ၏ Menu တွင် Settings အား ရှာပြီး နှိပ်ပါ။
အဆင့် ၂ - ဘယ်ဖက်ခြမ်း List မှ Extensions အား နှိပ်ပါ။
အဆင့် ၃ - Extensions ထဲတွင် ဘယ်ဖက်အောက်ထောင့်တွင် “Get More Extensions” အား ရှာပြီး နှိပ်လိုက်ပါ။
အဆင့် ၄ - Chrome Web Store ထဲ ရောက်ပြီဆိုလျှင် ဘယ်ဖက် အပေါ်ထောင့်က Search ထဲ၌ “Tagu” ဟု ရိုက်သွင်းပြီး ရှာဖွေပါ။
အဆင့် ၅ - ရှာဖွေရရှိသည့် အဖြေများထဲမှ Tagu အား ရွေးချယ်ပြီး Install လုပ်ပါ။
အဆင့် ၆ - Install လုပ်ပြီးလျှင် စတင်သုံးစွဲရန် Refresh (သို့) Firefox အား Restart လုပ်ပေးရန် လိုအပ်ပါမည်။
အဆင့် ၇ - Keyboard သုံးရန် Search Box ညာဖက်ထောင်ရှိ Keyboard ပုံလေးအား နှိပ်ပါ။

မှတ်ချက် - Plugin အား အသုံးမပြုလိုတော့လျှင် အဆင့် ၁ -> အဆင့် ၂ ပြီးလျှင် Extensions ထဲ၌ Tagu Plugin အား Disable (သို့) Remove ပြုလုပ်နိုင်ပါသည်။

နိဂုံးချုပ်အနေနဲ့ Google Chrome နဲ့ Mozilla Firefox တို့သုံးပြီး google.com.mm ကို သုံးစွဲရာမှ Firefox က Unicode နဲ့ Myanmar3 ၂ မျိုးစလုံးကို မှန်ကန်စွာ ဖော်ပြနိုင်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

Facebook တွင် မဟုတ်တာတင်ရင် မဆဲပါနှင့် Report သာလုပ်လိုက်ပါ

 
Facebook တို့ Blogger တို့ဟာ ဒီမိုကရေစီနည်းလမ်းကျကျနဲ့ လည်ပတ်နေပါတယ်။ ကျွန်တော်တို့ကို ကြိုက်တာတင်ခွင့်၊ ရေးခွင့်ပေးထားပါတယ်။ ဒါပေမယ့် အများထင်နေကြသလိုမျိုး စည်းမဲ့ကမ်းမဲ့တော့ မဟုတ်ပါ။ လူတစ်ယောက် တင်တဲ့အကြောင်းအရာ၊ ဓာတ်ပုံ စတာတွေဟာ မူပိုင်ခွင့်နဲ့ငြိစွန်းရင်၊ လူမျိုးရေးဘာသာရေးတိုက်ခိုက်မှုဖြစ်ရင်၊ လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းမှုတွေပါရင်၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေဆိုရင် Report လုပ်ပြီး ဖျက်ဖို့တောင်းဆိုနိုင်ခွင့်တွေ ပေးထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အထက်ပါအကြောင်းအရာမျိုးတွေ တစ်စုံတစ်ယောက်က သူ့ Facebook မှာ တင်တဲ့အခါမှာ ၀ိုင်းပြီးတော့ ဆဲနေမယ့် အစား Facebook ဆီ Report ၀ိုင်းတင်ပြီး ဖျက်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။ Report တင်တဲ့သူများရင် Facebook က ဖျက်ပေးမှာ အသေအချာပါပဲ။ Facebook ရဲ့ အယူအဆကတော့ ရှင်းပါတယ်။ အများက လက်မခံရင် သူတို့ဘက်က ဖျက်ပေးမယ်ဆိုတာပါပဲ။







ပုံမှာပြထားသလိုမျိုး သူတင်လိုက်တဲ့ Status ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ ကြက်ခြေခတ် ခလုတ်လေးကိုနှိပ်ပြီး Report/Mark as Spam ကို ရွေးပေးပါ။ အဲဒီအခါမှာ ပုံ(၂)မှာ ပြထားသလိုမျိုး Thanks for Your Help ဆိုတဲ့ စာတမ်းပေါ်လာပါလိမ့်မယ်။ အဲဒီမှာပါတဲ့ Report ဆိုတဲ့ Link ကို ထပ်နှိပ်ပါ။




အဲဒီအခါ ပုံ (၃) လို Window တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။ ဒီနေရာမှာ သူတင်ထားတဲ့ Post  ဟာ ဘယ်လိုအကြောင်းအရာမျိုးနဲ့ ငြိစွန်းတယ်ဆိုတာကို ကိုယ့်ဘက်က သေချာရွေးပေးရပါလိမ့်မယ်။






I don't like this post (ဒီပို့စ်ကို ကျွန်တော်မကြိုက်ပါ)

It's harassing me (ဒီပို့စ်ဟာ ကျွန်တော့်ကို တိုက်ခိုက်နေတယ်)

It's harassing a friend (ဒီပို့စ်ဟာ ကျွန်တော့်သူငယ်ချင်းကို တိုက်ခိုက်နေတယ်)

Spam or scam (ဒီပို့စ်ဟာ အကျိုးမရှိတဲ့ Spam တစ်ခုဖြစ်တယ်)



Hate Speech (ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားပြောဖြစ်တယ်)

သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်

           * Target a Race or Ethnicity (လူမျိုးရေးတိုက်ခိုက်မှု)

           * Target a religious group (ဘာသာရေးတိုက်ခိုက်မှု)

           * Targets based on gender or orientation (ယောကျာ်းဖြစ်မှု၊ မိန်းမဖြစ်မှုကို တိုက်ခိုက်မှု)

           * Targets people with disability or disease (မသန်မစွမ်းသူများကို တိုက်ခိုက်မှု)



Violence or harmful behavior (ချိုးဖောက်မှု သို့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ အပြုအမူဖြစ်တယ်) သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်

            * Credible threat of violence (ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှု)

            * Self-Harm

            * Suicidal Content (ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုနှင့် ဆက်နွယ်သောအကြောင်းအရာ)

            * Graphic Violence (ပုံရိပ်ပိုင်း ချိုးဖောက်မှု - အခြားသူပုံများကို အခွင့်မရှိပဲ တင်ခြင်း)

            * Theft or vandalism (ခိုးယူမှု သို့ ရမ်းကားဖျက်ဆီးမှု)

            * Illegal drug use (မူးယစ်ဆေးဝါးသုံးစွဲမှု)



Sexually explicit content (လိင်ပိုင်းဆိုင်ရာ မသင့်တော်သော အချက်အလက်များပါဝင်နေမှု)

My friend's account might be compromised or hacked (ကျွန်တော့်သူငယ်ချင်းရဲ့ အကောင့်ကို ခိုးယူပြီးသုံးစွဲနေခြင်း)



အထက်ပါရွေးစရာတွေထဲကမှ သင့်တော်တာကို ရွေးပြီး Continue ကို နှိပ်ပါ။ အဲဒီအခါ ပုံ ၄ မှာ ပြထားသလိုမျိုး Window တစ်ခု ထပ်ပေါ်လာပါလိမ့်ဦးမယ်။



Block ကို ရွေးပေးလိုက်ရင်တော့ သူနဲ့ကိုယ်နဲ့ Facebook မှာ ဆက်သွယ်လို့ မရတော့ပါဘူး။
Get help..... ကို ရွေးပေးရင်တော့ ကိုယ်နဲ့အတူ Report ၀ိုင်းတင်ဖို့ သူငယ်ချင်းတွေ အကူအညီတောင်းနိုင်ပါလိမ့်မယ်။

မဖြစ်မနေလုပ်ရမှာကတော့ အောက်ဆုံးက Report to Facebook ကို အမှန်ခြစ်ပြီး Continue ကို ဆက်နှိပ်ပါ။

နောက်ဆုံး Thank you ပေါ်လာရင်တော့ Report တင်တာ အောင်မြင်သွားပါပြီ။

window 7 version အနိမ့်ကနေ အမြင့်ကို ဘယ်လို upgrade လုပ်မလဲ

 
Window 7 ကို Upgrade လုပ်မယ်ဆိုရင်တော့ ပထမဦးဆုံး ပြောင်းလို့ရတာတွေကို ပြောပြပါ့မယ်. အဲ့ဒါကို ကြည့်ပြီးတော့ ဘယ်ဟာကို ပြောင်းသင့်သလဲ စဉ်းစားပါ. version အနိမ့်ကနေ version အမြင့်ကို Upgrade လုပ်လို့ရပါတယ်. သူ့ version အလိုက် အောက်မှာ ဖော်ပြထားပါတယ်.  အရင်ဆုံး ဘာလို့ ပြောင်းချင်တာလဲဆိုရင် အခုလက်ရှိ window အမျိုးအစားကို မကြိုက်ဘူး ဒီ့ထက်မြင့်တာကို upgrade လုပ်ချင်တာမျိုးလဲ ရှိသလို . Window တော့ တင်ချင်ပါရဲ့ ဒါပေမယ့် driver တွေ software တွေနဲ့ လိုအပ်တာတွေကို ပြန်တင်နေရမှာက အလုပ် တစ်ခုလို ဖြစ်နေတာမျိုးတွေလဲ ရှိမှာပါ. အခုလို window upgrade လုပ်လိုက်ခြင်းကြောင့် မိမိရဲ့ ယခင် တင်ထားတဲ့ driver တွေနဲ့ install လုပ်ထားတဲ့ software တွေကို ဘာတစ်ခုမှ ထိခိုက်မှာ မဟုတ်ပါဘူး. 

  1. Windows 7 Starter ကနေ ဆိုရင် Home premium, Professional,Ultimate သုံးမျိုးမှာ ကိုကြိုက်တဲ့ version ကို upgrade လုပ်လို့ ရပါတယ်.
  2. Windows 7 Home premium ကနေဆိုရင်တော့  Professional နှင့် Ultimate နှစ်မျိုးမှာ ကိုကြိုက်တဲ့ version ကို upgrade လုပ်လို့ ရပါတယ်.
  3. Windows 7 Professional ကနေဆိုရင်တော့ Ultimate တစ်မျိုးကိုပဲ upgrade လုပ်လို့ရမှာပါ. 

 အဲ့တော့ upgrade လုပ်နည်းကို ပြောပြပါ့မယ်.
  • Start ရဲ့အပေါ်မှာ Search Programs and Files ဆိုတဲ့ Search box လေးတစ်ခု ရှိပါတယ်. အဲ့ဒီ့အကွက်ထဲမှာ ပုံထဲကအတိုင်း Anytime Upgrade လို့ပဲ ရိုက်ရိုက် Windows Anytime Upgrade လို့ရိုက်ရိုက် ကြိုက်သလို ရိုက်ရှာလိုက်ပါ အပေါ်က result မှာ windows anytime upgrade ဆိုပြီးတော့ တွေ့ရပါလိမ့်မယ်. 



  • တွေ့တဲ့ Windows Anytime Upgrade ဆိုတဲ့ icon လေးကို နှိပ်လိုက်ပါ. အောက်ကပုံအတိုင်း Windows Anytime Upgrade လုပ်ဖို့အတွက် ပေါ်လာပါလိမ့်မယ်.



  • အဲ့ထဲမှာမှ Enter an upgrade key ဆိုတဲ့အကွက်ကို နှိပ်ရမှာဖြစ်ပါတယ်. နှိပ်လိုက်ပါ. ပြီးတာနဲ့ အောက်က ပုံအတိုင်း Enter an upgrade key ဆိုတဲ့ xxxxx.xxxxx.xxxxx.xxxxx.xxxxx ဆိုတဲ့အကွက်မှာ အောက်က ပေးထားတဲ့ ကီးကို ထည့်လိုက်ပါ. ကိုပြောင်းချင်တဲ့ version ရဲ့ key ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်.

Window 7 Home Premium
6RBBT-F8VPQ-QCVPQ-KHRB8-RMV82

Window 7 Professional
VTDC3-WM7HP-XMPMX-K4YQ2-WYGJ8
6RQ9V-6GCG4-8WV2H-966GF-DQ4DW
32KD2-K9CTF-M3DJT-4J3WC-733WD
(မိမိကြိုက်တဲ့ တစ်ကြောင်းကိုသာ ရိုက်ထည့်ရမှာဖြစ်ပါတယ်)

Window 7 Ultimate
FJGCP-4DFJD-GJY49-VJBQ7-HYRR2
342DG-6YJR8-X92GV-V7DCV-P4K27
(မိမိကြိုက်တဲ့ တစ်ကြောင်းကိုသာ ရိုက်ထည့်ရမှာဖြစ်ပါတယ်)

  • ရိုက်ထည့်ပြီးတာနဲ့ Next ကို နှိပ်လိုက်ပါ.


  • ကဲ ရိုက်ထည့်ပြီးပြီ ဆိုရင်တော့ အောက်ကပုံအတိုင်း မိမိထည့်ထားတဲ့ key ကို verifying  လုပ်နေတာကို တွေ့ရပါလိမ့်မယ်.


  • verify လုပ်ပြီးသွားရင်တော့ အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်. I accept ဆိုတာကို တစ်ချက် နှိပ်ပေးလိုက်ပါ. 

 ပြီးတာနဲ့ အောက်ကပုံအတိုင်း ထပ်ပေါ်လာရင်တော့ Upgrade ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ.


အဲ့ဒါပြီးရင်တော့ upgrading window  ဆိုပြီးတော့ upgrading လုပ်နေပါလိမ့်မယ်. အနည်းဆုံး 10 လို့ပြောထားပေမယ့် connection ပေါ်မှာ မူတည်ပါတယ်.  အင်တာနက် speed မြန်ရင် မြန်သလိုမျိုး တစ်နေရာနဲ့တစ်နေရာ တူညီမှာမဟုတ်ပါဘူး. နိုင်ငံခြားမှာ ရောက်နေတဲ့ သူအဖို့ကတော့ 10 မိနစ်လောက် ကြာပါမယ်. အားလုံးပြီးသွားပြီ ဆိုရင်တော့ You have successfully upgraded your Windows 7 Starter edition. ဆိုပြီးတော့ ပေါ်လာမှာပါ.



အားလုံးအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်. 

Related Posts Plugin for WordPress, Blogger...
Link သေနေတာများရှိရင် comment မှာဖြစ်ဖြစ်၊ Cbox မှာဖြစ်ဖြစ် ပြောခဲ့ပါဗျာ…....