မင်္ဂလာပါခင်ဗျာ :::: ဤဘလော့တွင် တင်သမျှ နည်းပညာလေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ ::::

……..မင်္ဂလာပါ :::: Kyaw Soe Tun Aung Blog မှာကြိုဆိုပါတယ်…….

……..မင်္ဂလာပါ :::: Kyaw Soe Tun Aung Blog မှာကြိုဆိုပါတယ်…….

……..မင်္ဂလာပါ :::: Kyaw Soe Tun Aung Blog မှာကြိုဆိုပါတယ်…….

……..မင်္ဂလာပါ :::: Kyaw Soe Tun Aung Blog မှာကြိုဆိုပါတယ်…….

……..မင်္ဂလာပါ :::: Kyaw Soe Tun Aung Blog မှာကြိုဆိုပါတယ်…….

Showing posts with label Facebook ဆိုင်ရာ. Show all posts
Showing posts with label Facebook ဆိုင်ရာ. Show all posts

Facebook တွင်သူငယ်ချင်းကို Block လည်းမ Block ခြင်၊ Unfriend လည်းမလုပ်ခြင်သူများအတွက်

ငါ့ wall မှာ ငါတင်တာ၊ မကျေနပ်ရင် unfriend လုပ်သွား၊ ဒီလိုမျိုး facebook status တွေ မကြာခဏ တွေ့မိကြမယ်ထင်ပါတယ်။ ဒီလို status တွေကြောင့်လည်း အပြင်က သူငယ်ချင်းအရင်းကြီးတွေ Facebook သုံးပြီးခါမှပဲ သူစိမ်းတွေဖြစ်ကုန်ကြပါတယ်။ အဲဒီလိုဖြစ်ရတဲ့အကြောင်းက နှစ်ယောက်လုံးက facebook ကို မကျွမ်းကျင်လို့ပါ။ Facebook ကို ကျွမ်းကျင်မယ်ဆိုရင် တင်တဲ့လူကလည်း ကိုတင်ချင်တာ တင်လို့ရမယ်၊ ကြည့်မယ်လူကလည်း ကိုယ့်ဆီမှာ ဘယ်လိုအကြောင်းအရာတွေပဲ လာပေါ် 

ရမယ်ဆိုတာ သတ်မှတ်လို့ရတယ်။ ဒီတော့ သူငယ်ချင်းတွေ အချင်းချင်း မိတ်ပျက်စရာမလိုတော့ဘူးပေါ့။

အရင်ဆုံးပြောချင်တာက ကိုယ့်အကောင့်ထဲမှာ လူတွေအများကြီးရှိရဲ့သားနဲ့ ဘာလို့ သူတစ်ယောက်တည်းကပဲ တင်တဲ့ status တွေက ကိုယ့်ဆီမှာ လာပေါ်နေရသလဲဆိုတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ အပြင်မှာလည်းခင်တဲ့ သူငယ်ချင်းနှစ်ယောက် facebook သုံးတယ်ဆိုပါစို့၊ friend လည်း အဒ်ထားတယ်။ ပထမတော့ ကိုယ့်သူငယ်ချင်းကြီးဆိုပြီး တင်သမျှ အကုန် like၊ comment တွေပေး၊ facebook မှာတွေ့ရင်လည်း chat ပေါ့ဗျာ၊ အဲဒီလို သူ့ post ကို like ထားဖူး၊ comment ပေးထားဖူး၊ chat ထားဖူးရင် facebook က အဲဒီလိုလူနှစ်ယောက်ကို အပြင်မှာရင်းနှီးတယ်လို့၊ ပိုခင်တယ်လို့ ယူဆပြီး သူတင်တဲ့ post ကို ပိုပြပေးတာ။ ဒါပေမယ့် နောက်ကျတော့ ဒီကောင်က နည်းနည်းလွန်လာပြီ၊ ထမင်းစားလည်းတင်၊ အပြင်သွားလဲတင်၊ checkin တွေလည်းဝင်၊ feeling တွေ watching တွေလည်းလုပ်၊ အိပ်ယာထလည်းတင် ဆိုတော့ မျက်စိနောက်လာကော၊ ဒါနဲ့ သူငယ်ချင်းအချင်းချင်းဆိုတော့ unfriend လည်းမလုပ်ချင်တော့ အရိပ်အမြွက်လေးပြောလိုက်တယ်၊
မင်းကွာ .. တစ်နေ့တစ်နေ့ ဘာတွေတင်မှန်းလည်းမသိဘူး၊ ငါ့ဆီမှာ လာပေါ်တာ ရှုပ်နေတာပဲ
ဆိုတော့ သူငယ်ချင်းကလည်း သဘောပေါက်တယ်၊ ဒါပေမယ့် လက်မခံနိုင်ဘူး၊ ပထမတော့ ဘာမှမပြောဘဲနေလိုက်တယ်။ ဒါပေမယ့် တင်တာတော့မလျှော့ဘူး၊ မလျှော့တော့ နောက်တစ်ကြိမ် အပြောခံရကော၊ ဒီတစ်ခါတော့ သူလည်း
ဒေါသထွက်လာပြီးတော့
ငါ့ဝေါမှာငါတင်တာကွာ၊ မင်းမမြင်ချင်ရင် unfriend လုပ်သွား၊ block သွားလည်း ဘာမှမဖြစ်ဘူး၊ ငါစိတ်မဆိုးဘူး
စိတ်မဆိုးဘူးသာပြောတာ၊ တစ်ကယ်လုပ်ကြည့်ပါလား၊ အပြင်မှာပါ မိတ်ပျက်ကုန်မယ်။ အဲဒါနဲ့ သူတင်တာတွေကို သည်းမခံနိုင်ရာကနေ သူက ဒီလိုပါပြောလာတော့ ဒေါသငယ်ထိပ်ရောက်ပြီဆိုပါတော့၊ ဒါပေမယ့်
မကောင်းတတ်လို့ unfriend လောက်ပဲလုပ်လိုက်တယ်။ ဒါပေမယ့် အပြင်မှာ အခေါ်အပြောမလုပ်ကြတော့တဲ့အထိ ဖြစ်သွားရော။ ဒီလိုနဲ့ တစ်ကယ်အပြင်က သူငယ်ချင်းတွေ Facebook ကြောင့် မိတ်ပျက်ကုန်လို့၊ facebook က အရင်တုန်းကတည်းက လုပ်ထားပေးတာ တစ်ခုရှိတယ်။ အဲဒီတုန်းကတော့ သူငယ်ချင်းဝေါကိုသွားပြီးတော့ Show in news feed ဆိုတာလေးကို အမှန်ခြစ်လေး ဖြုတ်ထားရတာ။ ဒါပေမယ့် အဲဒါက လူမမြင်လို့ထင်တယ်။ Facebook က follow နဲ့ unfollow ဆိုတာကို အသစ်လုပ်ပေးလိုက်ပါတယ်။ အသစ်ဆိုပေမယ့် ကြာပါပြီ။ ဒါပေမယ့် ကျွန်တော့်ပတ်ဝန်ကျင်မှာ ဒီလို ပြဿနာတွေ တွေ့နေရလို့ အခုမှ ပြန်တင်ပေးလိုက်တာပါ။ တင်တဲ့အခါမှာလည်း နှစ်ဖက်လုံးအတွက် အဆင်ပြေအောင် တင်ပေးမှာပါ။
ပထမကတော့ သူငယ်ချင်းဆီက post တွေ မမြင်ချင်တော့တဲ့လူတွေ အတွက်ပါ။ သူ့ post တွေ မမြင်ချင်ရင် သူ့ကို သွားပြောဖို့ မလိုပါဘူး။ အရင်ဆုံး မပြင်ချင်တဲ့လူရဲ့ wall ကို သွားလိုက်ပါ။ ပြီးရင် အောက်က ပုံမှာ ဝိုင်းပြထားတဲ့ Following ဆိုတာလေးကို နှိပ်လိုက်ပါ။ Follow လို့ ပြန်ပေါ်နေပါလိမ့်မယ်။ အဲဒါဆိုရပါပြီ။ သူ့ တင်သမျှ ကိုယ့်ဆီမှာ မတက်တော့ပါဘူး။
facebook unfollow
နောက်တစ်နည်းကတော့ ကိုယ်တင်တာတွေ များနေတယ်လို့ အပြောခံရတဲ့ လူတွေအတွက်ပါ။ အရင်ဆုံး တင်တာများနေပြီ၊ ငါ့ဆီမှာ လာပေါ်တာရှုပ်နေတာပဲ လို့ ပြောတဲ့သူရဲ့ wall ကိုသွားလိုက်ပါ။ အောက်မှာ ပြထားတဲ့အတိုင်း Friends ဘေးက down arrow လေးကိုနှိပ်ပြီး၊ Acquaintances ကိုနှိပ်လိုက်ပါ။
acquaintance
ပြီးရင် ကိုယ် post တင်တော့မယ်ဆိုရင် အောက်ကပုံထဲကအတိုင်း post visibility setting မှာ “Friends except acquaintances” ဆိုတာကို ရွေးပြီး တင်လိုက်ပါ။
friend-except-acquaintances
ဒါဆို ကိုယ်နဲ့ friend ဖြစ်တဲ့သူ အားလုံးမြင်ရပါမယ်။ ဒါပေမယ့် Acquaintances ထဲက လူတွေကတော့ Freind ဖြစ်ပေမယ့် မမြင်ရပါဘူး။ အဲဒါအပြင် ဒီနည်းလမ်းနှစ်ခုလုံးကို လုပ်တာဟာ တစ်ဖက်ကလူကို အဲဒီလိုလုပ်ထားတယ်ဆိုတာ မသိစေတဲ့အတွက် အပြင်မှာလည်း မိတ်မပျက်သလို Facebook ကိုလည်း စိတ်ကြိုက်သုံးနိုင်မှာပါ။

Credit:Myanmar IT

Facebook News Feed ဒီဇိုင်းသစ်ယူမယ်



 Facebook News Feed ဒီဇိုင်းသစ်ယူမယ်
newsfeedFacebook က News Feed ဒီဇိုင်းသစ် ကို မကြာမီ ရရှိတော့မှာပါ။ ယင်း ဒီဇိုင်းသစ် Timeline ကို အသုံးပြုချင်တယ် ဆိုရင် အောက်ပါ လခ့်မှာ ဝင်လို့ Waiting List ကို cick နှိပ်ထားနိုင်ပါတယ်။

ဒါဆိုရင် Facebook က News Feed ဗားရှင်း အသစ်ကိုယ့်ဟာအလိုအလျောက်ပြောင်းသွားမှာပါ။ ထူးခြားတာကတော့ ပုံခပ်ကြီးကြီး ခပ်ရှင်းရှင်းမြင်ရတာမျိုး ဖြစ်ပါတယ်။ မိုဘိုင်းဗားရှင်းနဲ့ ကွန်ပြူတာ ဗားရှင်း ကွာခြားမှု သိပ်မရှိတော့ပါဘူး။ စာထက် ပုံ လိုဂို အသုံးပြုမှုများလာမယ့် ဗားရှင်း အသစ်က မိုဘိုင်းနဲ့တောင် နီးစပ်တယ်လို့ ဆိုကြပါတယ်။

Fresh Feed တို့လို UI လည်းပါလာပြီး ကိုယ် Feed လိုချင်တဲ့ Soure တွေဆီကနေပဲ ရအောင် Option ပေးထားလို့လည်းရမယ်လို့ ဆိုပါတယ်။ ဒါကြောင့် News Feed ဗားရှင်း အသစ်ကို လိုချင်ရင် အောက်ပါ လခ့်မှာ ဝင်ရောက်၍ Click လုပ်ထားနိုင်ပါတယ်။

https://www.facebook.com/about/newsfeed
______________________________________

Facebook chatbox မှာစာလုံး Design ထည့်ခြင်း




  Step #1 ပထမဦး ဆုံး facebook chat text generator site ကိုသွားပါ။

                         


  Step #2 ကိုယ်ရေးချင်တဲ့ စာကိုရေးလိုက်ပါ အောက်မှာ code တွေထွက်လာပါလိမ့်မယ်။(Eng  စာပဲရမှာပါ)။

Step #3 
code တွေကို သင့်ရဲ့ chatbox မှာ copy လုပ်ပြီး paste လုပ်ရုံပဲ။
 
 


အားလုံးအဆင်ပြေကြပါစေ။

Facebook တွင် မဟုတ်တာတင်ရင် မဆဲပါနှင့် Report သာလုပ်လိုက်ပါ

 
Facebook တို့ Blogger တို့ဟာ ဒီမိုကရေစီနည်းလမ်းကျကျနဲ့ လည်ပတ်နေပါတယ်။ ကျွန်တော်တို့ကို ကြိုက်တာတင်ခွင့်၊ ရေးခွင့်ပေးထားပါတယ်။ ဒါပေမယ့် အများထင်နေကြသလိုမျိုး စည်းမဲ့ကမ်းမဲ့တော့ မဟုတ်ပါ။ လူတစ်ယောက် တင်တဲ့အကြောင်းအရာ၊ ဓာတ်ပုံ စတာတွေဟာ မူပိုင်ခွင့်နဲ့ငြိစွန်းရင်၊ လူမျိုးရေးဘာသာရေးတိုက်ခိုက်မှုဖြစ်ရင်၊ လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းမှုတွေပါရင်၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေဆိုရင် Report လုပ်ပြီး ဖျက်ဖို့တောင်းဆိုနိုင်ခွင့်တွေ ပေးထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အထက်ပါအကြောင်းအရာမျိုးတွေ တစ်စုံတစ်ယောက်က သူ့ Facebook မှာ တင်တဲ့အခါမှာ ၀ိုင်းပြီးတော့ ဆဲနေမယ့် အစား Facebook ဆီ Report ၀ိုင်းတင်ပြီး ဖျက်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။ Report တင်တဲ့သူများရင် Facebook က ဖျက်ပေးမှာ အသေအချာပါပဲ။ Facebook ရဲ့ အယူအဆကတော့ ရှင်းပါတယ်။ အများက လက်မခံရင် သူတို့ဘက်က ဖျက်ပေးမယ်ဆိုတာပါပဲ။







ပုံမှာပြထားသလိုမျိုး သူတင်လိုက်တဲ့ Status ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ ကြက်ခြေခတ် ခလုတ်လေးကိုနှိပ်ပြီး Report/Mark as Spam ကို ရွေးပေးပါ။ အဲဒီအခါမှာ ပုံ(၂)မှာ ပြထားသလိုမျိုး Thanks for Your Help ဆိုတဲ့ စာတမ်းပေါ်လာပါလိမ့်မယ်။ အဲဒီမှာပါတဲ့ Report ဆိုတဲ့ Link ကို ထပ်နှိပ်ပါ။




အဲဒီအခါ ပုံ (၃) လို Window တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။ ဒီနေရာမှာ သူတင်ထားတဲ့ Post  ဟာ ဘယ်လိုအကြောင်းအရာမျိုးနဲ့ ငြိစွန်းတယ်ဆိုတာကို ကိုယ့်ဘက်က သေချာရွေးပေးရပါလိမ့်မယ်။






I don't like this post (ဒီပို့စ်ကို ကျွန်တော်မကြိုက်ပါ)

It's harassing me (ဒီပို့စ်ဟာ ကျွန်တော့်ကို တိုက်ခိုက်နေတယ်)

It's harassing a friend (ဒီပို့စ်ဟာ ကျွန်တော့်သူငယ်ချင်းကို တိုက်ခိုက်နေတယ်)

Spam or scam (ဒီပို့စ်ဟာ အကျိုးမရှိတဲ့ Spam တစ်ခုဖြစ်တယ်)



Hate Speech (ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားပြောဖြစ်တယ်)

သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်

           * Target a Race or Ethnicity (လူမျိုးရေးတိုက်ခိုက်မှု)

           * Target a religious group (ဘာသာရေးတိုက်ခိုက်မှု)

           * Targets based on gender or orientation (ယောကျာ်းဖြစ်မှု၊ မိန်းမဖြစ်မှုကို တိုက်ခိုက်မှု)

           * Targets people with disability or disease (မသန်မစွမ်းသူများကို တိုက်ခိုက်မှု)



Violence or harmful behavior (ချိုးဖောက်မှု သို့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ အပြုအမူဖြစ်တယ်) သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်

            * Credible threat of violence (ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှု)

            * Self-Harm

            * Suicidal Content (ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုနှင့် ဆက်နွယ်သောအကြောင်းအရာ)

            * Graphic Violence (ပုံရိပ်ပိုင်း ချိုးဖောက်မှု - အခြားသူပုံများကို အခွင့်မရှိပဲ တင်ခြင်း)

            * Theft or vandalism (ခိုးယူမှု သို့ ရမ်းကားဖျက်ဆီးမှု)

            * Illegal drug use (မူးယစ်ဆေးဝါးသုံးစွဲမှု)



Sexually explicit content (လိင်ပိုင်းဆိုင်ရာ မသင့်တော်သော အချက်အလက်များပါဝင်နေမှု)

My friend's account might be compromised or hacked (ကျွန်တော့်သူငယ်ချင်းရဲ့ အကောင့်ကို ခိုးယူပြီးသုံးစွဲနေခြင်း)



အထက်ပါရွေးစရာတွေထဲကမှ သင့်တော်တာကို ရွေးပြီး Continue ကို နှိပ်ပါ။ အဲဒီအခါ ပုံ ၄ မှာ ပြထားသလိုမျိုး Window တစ်ခု ထပ်ပေါ်လာပါလိမ့်ဦးမယ်။



Block ကို ရွေးပေးလိုက်ရင်တော့ သူနဲ့ကိုယ်နဲ့ Facebook မှာ ဆက်သွယ်လို့ မရတော့ပါဘူး။
Get help..... ကို ရွေးပေးရင်တော့ ကိုယ်နဲ့အတူ Report ၀ိုင်းတင်ဖို့ သူငယ်ချင်းတွေ အကူအညီတောင်းနိုင်ပါလိမ့်မယ်။

မဖြစ်မနေလုပ်ရမှာကတော့ အောက်ဆုံးက Report to Facebook ကို အမှန်ခြစ်ပြီး Continue ကို ဆက်နှိပ်ပါ။

နောက်ဆုံး Thank you ပေါ်လာရင်တော့ Report တင်တာ အောင်မြင်သွားပါပြီ။

Facebook မှာ LIKE တွေအများကြီးရအောင်လုပ်မယ်။

အခုမှ ရှင်းရှင်းလင်းလင်းသိရတော့တယ် သူများတွေက တခုခုတင်လိုက်တိုင်းမှာ LIKE တွေ
အများကြီးဘဲ 100 likes, 160 likes စတာတွေကို ရနေကြတယ်။ ကျွန်တော်မှာ ရှိတဲ့ Friends တွေ
တော်တော်များများကတော့ အမှန်ကန်ရတာလို့ဘဲ ထင်ပါတယ်။ ဒါပေမဲ့ အမှန်ကန်ရရ ၊အတုဘဲရရ
စိတ်တော့မ၀င်စားပါဘူး။ ဒါပေမဲ့ မြန်မာပြည်တွင်းမှာတော့ မသိဘူး။ ဒီ Australia မှာကတော့
လူငယ်တွေကြားမှာ Facebook မှာ friends တွေအများကြီးရှိတာတို့၊ Likes တွေအများကြီးရတာတွေက
လူများတွေအကြားမှာ လူဝင်ဆန့်ပြီး လူအများက ထင်ကြီးပြီး ခင်ချင်ကြပါတယ်။ အထူးသဖြင့် ကိုယ့်
သူငယ်ချင်းတွေကိုလဲ ပြန်ကြွားတက်ကြတယ် ငါ့ Facebook မှာ LIKE တွေအများကြီးရတယ်ဆိုပြီး
ဆိုတော့ LIKE လေး ၄ ၊ ၅ ခုလောက်တောင် ပြည့်အောင်မရနိုင်တဲ့ လူတွေက စိတ်အားငယ်နေကြမှာပေါ့
ဒီအတွက် မပှုပါနဲ့ ဟိုတနေ့ကမှဘဲ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်း သူကသူရဲ့ ပုံနဲ့ Status တွေ
များ LIKE တွေအများကြီးရတဲ့ အကြောင်းကိုပြောပြရင်းနဲ့ စကားဆက်ပြီး တော့ LIKE တွေအများကြီးရ
အောင် အတုလုပ်လို့ရတာကို ပြောဖြစ်ကြပါတယ်။

ဆိုတော့ အထက်က ပုံလို Like တွေ အများကြီးလိုချင်ရင်တော့။
ကို သွားပြီးတော့  အောက်ကပုံအတိုင်း Click here ကို နှိပ်ပါ။

ပြီးတော့ Install ကိုနှိပ်ပါ။


ပြီးနောက်မှာ Success ဆိုပြီးတော့ ပေါ်လာတဲ့အခါမှာ
အထက်ကပုံလို address ကို Copy ကူးပြီးတော့
ပထမဖွင့်ထားတဲ့ Page မှာ Paste လုပ်ပြီး submit လုပ်ပါ။

ပြီးတဲ့အခါမှတော့ ကိုယ့်ရဲ့ Like များစေချင်တဲ့ Status ဖြစ်ဖြစ်၊ Photo ဖြစ်ကို နှိပ်ပြီး Submit လုပ်
ခဏအကြာမှာ LIKE တွေများလာပါလိမ့်မယ်။


NOTE: ကိုယ့်ရဲ့ Status ဖြစ်ဖြစ်၊ Photo ကို Privacy setting - Public မှာ ထားဖို့လိုအပ်ပါတယ်။


အဆင်ပြေပျော်ရွှင်ကြပါစေ။

refer: စံပီး

Facebook ကဗွီဒီယိုတွေ ဒေါင်းဖို့ခက်နေပြီဆိုရင်


တစ်ခါတစ်ခါ Facebook က ဗွီဒီယိုတွေဟာ download ယူဖို့ခဲယဉ်းပါတယ် Internet download manager နဲ့ အဆင်ပြေပေမယ့် နောက်ပိုင်း တစ်ခုပြီးတစ်ခုပြောင်းလဲလာတဲ့ ပေါ်လစီတွေအရ Facebook
 ဟာ သူ့ရဲ့ ဗွီဒီယိုတွေကို ဒေါင်းခွင့်သိပ်မပေးတာမျိုးတွေ ရှိလာပါတယ် ..
အဲဒီအခါ .. ကျွန်တော်တို့ဟာ Facebook Downloader လို ဆော့ဝဲမျိုးတွေကို အသုံးပြုပြီး
ဒေါင်းယူကြရပါတယ် ..


ဒါပေမယ့် .. တစ်ချို့ဗွီဒီယိုတွေဆိုရင် ဘယ်လို Downloader နဲ့မှ ဒေါင်းယူဖို့ အဆင်မပြေတာမျိုးတွေ
ရှိလာပါတယ် ...
ကဲ . အဲဒီလို အခက်အခဲမျိုးတွေကြုံနေတဲ့ ကြားထဲက Facebook Video ကို ဒေါင်းချင်ပါတယ်ဆိုတဲ့
သူငယ်ချင်းများ ဘာဆော့ဝဲမှ မသုံးပဲ Facebook က ဗွီဒီယိုတွေကို ဒေါင်းလို့ရတဲ့နည်းလေး
မျှဝေပေးချင်ပါတယ် ..
ပထမဆုံး ကိုယ်ဒေါင်းယူချင်တဲ့ ဗွီဒီယိုဖိုင်ပေါ်မှာ Right Click နှိပ်ပြီး ကျလာတဲ့ထဲက
Copy link location ကိုရွေးပါ ..



ပြီးရင် ဒီနေရာ လေးကို သွားလိုက်ပါ
အဲဒီမှာ Download ရဲ့ ရှေ့ကအကွက်ထဲမှာ ကော်ပီကူးယူလာတဲ့ လင့်ကို Paste ( Ctrl + V ) လုပ်လိုက်ပြီး ညာဖက်အစွန်က Download ကိုနှိပ်လိုက်ပါ ( အောက်က အနီရောင် Download မဟုတ်ဘူးနော် )


Loading လုပ်တာကို ခဏလောက်စောင့်လိုက်ရင် အောက်နားမှာ အဲဒီဗွီယိုဖိုင်လေး ပေါ်လာပါမယ်
အဲဒီအောက်က Download this video ( Right Click And Save As  ) ဆိုတာလေးကို နှိပ်လိုက်ပါ
(သူပြောထားသလို Right Click နှိပ်ပြီး ကျလာတဲ့ထဲက Save As ကို နှိပ်စရာမလိုပါဘူး )




သူငယ်ချင်းတို့ဒေါင်းချင်တဲ့ ဗွီဒီယိုဖိုင်လေး မငြိုမငြင်နဲ့ ကျလာပါလိမ့်မယ်
အဆင်ပြေပါစေဗျာ

Refe:::အိုင်တီမုဆိုး

Facebook အကောင့်သစ်ဖွင့်တိုင်း Lock လော့ကျကျနေတယ်ဆိုရင်




အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ..

အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့
အောင်မြင်တာကို တွေ့ရပါတယ် ..
အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့ Gmail အကောင့်အသစ်တစ်ခုဖွင့်လိုက်ပါတယ် ..
ဒီပို့စ်မှာ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်အောင် Gmail အကောင့်သစ်ကိုလည်း Free ဖွင့်ပြထားပါတယ် ..

www.k7.net မှာ အကောင့်သစ်ဖွင့်ပြီး ဖုန်းနံပါတ်ယူတဲ့နည်းပါ .. အသေးစိပ်ကိုတော့ ဒီပို့စ်  (or) ဒီမှာ မှာ
သွားဖတ်နိုင်ပါတယ် ..

Gmail အကောင့်သစ်ဖွင့်ပြီးဆိုရင် အဲဒီ gmail ကို မပိတ်ပဲ နောက်ထပ် Tab အသစ်နဲ့  Facebook  အကောင့်သစ်စဖွင့်ပါတယ် ..

First name Last name နေရာတွေမှာ အင်္ဂလိပ်နံမည်တွေ ထည့်ပေးပါတယ် .. (ကျွန်တော့်တို့ မြန်မာနံမည်တွေက
အနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါ ..
မွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )
ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..
နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ ..
( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ် ..
School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )
နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်
Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ....

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး  Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ ..
အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )

Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီး
Complete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..
နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် ..

Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ ..
လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Status လေးတစ်ခုလောက် ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ

ဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ )




 ယူကျု ကနေကြည့်လိုပါ     သည်မှာ   သွားပြီးကြည့်နိုင်ပါတယ်.....


refer:::itmotesoeway

Blog မှာ Facebook Like & Send Button ထည့်နည်း

 
မိမိတို့ Blog မှာ  Facebook Like & Send Button ထည့်နည်းလေးကို မသိသေးတဲ့ သူငယ်ချင်းများလည်း ဗဟုသုတရ စေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်...။ 

  Blog ရေးနေသူတိုင်း ဒီအဆင့်လေးတွေကိုတော့ အားလုံးလုပ်တတ်ကြမှာပါနော်... ဒါကြောင့် မူရင်းအတိုင်း ပြန်လည်မျှဝေ
ပေးလိုက်ပါတယ်.....:)

1. Go to Blogger Dashboard > Your Blog > Template > Edit HTML
2. Backup your template. (Backup လုပ်ထားလိုက်ပါ)
3. Check the box of expand widget template.
4. Search for <data:post.body/>
5. Now if you want to add the plugin at the end of posts,
then add the following code below <data:post.body/>.
If you want to add the plugin just below post titles,
then add the below code before <data:post.body/>.


သူပြောထားတဲ့ အတိုင်း <data:post.body/> ကို ရှာလိုက်ပါ (Ctrl+F နဲ့ ရှာလိုက်ပါ)
ရှာလို့တွေပြီဆိုရင် Facebook Like & Sand Button ကို ပို့စ်ခေါင်းစဉ် အောက်မှာ ကပ်လျှက်ထားချင်တယ်ဆိုရင် ဒီကုဒ်လေး <data:post.body/>  ရဲ့  ရှေ့မှာ ဒီအောက်က အပြာရောင်နဲ့ကုဒ်တွေကို Copy ကူးပြီး 

 <!-- Facebook Like+Send button Start AllBlogTools.com -->
<script src='http://connect.facebook.net/en_US/all.js#xfbml=1' type='text/javascript'/><fb:like colorscheme='light'  action='like'  layout='standard' expr:href='data:post.url' font='' send='true' show_faces='false' width='450'/>
<!-- Facebook Like+Send button End AllBlogTools.com -->  

 ကပ်ထည့်ပေးလိုက်ပါ ။ ဒါမှမဟုတ် ပို့စ်ရဲ့အောက်မှာ ထားချင်တယ်ဆိုရင်တော့ <data:post.body/> ကုဒ်ရဲ့  နောက်မှာ ကပ်ပြီးထည့်ပေးလိုက်ပါ...။ စိတ်ချရအောင် Preview ကိုနှိပ်ပြီး မိမိ Blog လေးကို ပြန်ကြည့် လိုက်ပါဦး စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Save Template ကိုနှိပ်ပြီး Save လို့ရပါပြီ...။ အဲ့ဒီအတိုင်း ကျနော် စမ်းလုပ်တာ အဆင်ပြေပါတယ်..

တကယ်လို့ ဒီ <data:post.body/>  ကုဒ်ကို ရှာမတွေ့ခဲ့ရင် အခြား ဒီကုဒ်လေးတွေနဲ့လည်း ရှာလို့ရနိုင်ပါတယ် ... <div class='post-header-line-1'> (or)  <div class='post-footer'> (or) <data:post.body/>

အဲ့ဒါပါပဲ .... အားလုံး အဆင်ပြေကြပါစေ.....:)

Blog က ပို့စ်တွေကို Facebook သို့ Automatic ရောက်စေချင်ရင်

How To Connect Your Blog to Facebook


မိမိတို့ Blog ကတင်သမျှ Post တွေကို အော်တိုမတ်တစ် Facebook  ကိုရောက်သွားအောင် ပြုလုပ်နည်းလေးကိုတော့ ပုံတွေနဲ့ ရှင်းမပြတော့ပါဘူး...
 Blogger တိုင်းလုပ်တတ်ကြမှာပါ... ဒါ့ကြောင့် ရိုးရိုး  လေးပဲ ရေးလိုက်ပါတယ်..။

ပထမဆုံး ဒီနေရာကို သွားပါ  http://www.networkedblogs.com/
add your blog ကိုနှိပ်ပါ..
Facebook Login ဝင်ပါ..
မိမိ ရဲ့ Blog URL ကို ထည့်ပြီး Next ကိုနှိပ်ပါ..
လိုအပ်တာတွေ ဖြည့်ပေးပါ... ဥပမာ Blog Name မှာ
ကိုယ့် Blog နာမည်ပေါ့ဗျာ...
အားလုံး လိုအပ်တာတွေ ဖြည့်ပြီးရင် Terms of service မှာ
Check (အမှန်ခြစ်လေးထည့်) ပြီး Next ကိုဆက်သွားပါ...
Are you the author of (မိမိ Blog နာမည်)? YES , NO မှာ YES ကိုရွေးပါ...

ပြီးရင် အပေါ်နားမှာ  Blogger Dashboard ကိုနှိပ်ပါ...  Grant Permissions ကိုဆက်နှိက်ပါ..
ပွင့်လာတဲ့ Box မှာ Allow ကိုရွေးပါ ...
ဘယ်ဘက်နားက Blogger Tools အောက်က Syndiction ကိုနှိပ်ပါ  Choose a blog to syndicate မှာ ကိုယ့် Blog နာမည်ကိုရွေးပေးပါ....
ပြီးရင် မိမိ Email ကိုဖွင့်ပြီး (Facebook Account Email)  Verify your email ကိုနှိပ်လိုက်ပါ ....
Thanks. Your email is verified. အောက်က  Continue ကိုနှိပ်ပါ...
Quick Publisher ကိုနှိပ်ပြီး CLick to select one more target ကိုနှိပ်ပြီး Blog က Post တွေကို မိမိ ရောက်စေချင်တဲ့ Facebook က မိမိ Profiles (or) Fan Page (or) Group စ,တာတွေ ကိုရွေးပေးပြီး Publish ကိုနှိပ်လိုက်ပါ...။

 အဆင်မပြေသေးရင် ဒီ မူရင်းပို့စ်ကို လေ့လာနိုင်ပါတယ်...။

အားလုံးအဆင်ပြေကြပါစေ....:)

Blog မှာ Facebook Comment Box ထည့်သွင်းနည်း


facebook comment box ကို ဘလောက်ဂ်မှာ ထည့်ချင်ကြမယ်၊
 အရင်ဆုံး ဘာမှမလုပ်ခင် Template ကို Download Full Template ကတဆင့် Backup လုပ်ထားပါ.. ဒါမှ တခုခု မှားသွားရင် အရင် Template ကို ဟန်မပျက် ပြန်တင်ပေးလို့ရမှာပါ..။

ပထမဆုံး ဒီနေရာကို သွားပြီး (မိမိ Facebook ကို Singin ဝင်ထားပါ)
 Create New App ကို နှိပ်ပါ ..


နာမည်လေးတွေ ပေးပြီး Continue ကိုနှိပ်ပါ...


သူပေးထားတဲ့ Security Code လေးတွေ မှန်အောင် ရေးထည့်ပေးပြီး Submit ကိုနှိပ်ပါ..


ဒီ Page လေးအတိုင်း ပေါ်လာပြီဆိုရင် App ID Key လေးတွေကို Copy ကူးယူပြီး တနေရာရာမှာ မှတ်ထားလိုက်ပါ..။ အဓိက က အဲ့ဒီ ကိုယ်ပိုင် ID Key လေးတွေရဖို့ပါ..။
 ပြီးရင် Edit Sittings ကိုနှိပ်ပါ..။


 နံပါတ် (1) App Domins မှာ ကိုမိမိဆိုက်ဒ်က custom domain မဟုတ်ရင် blogspot.com ကိုရွေးပေးပါ custom domain ဆိုရင်တော့ တခြား သက်ဆိုင်ရာကိုရွေးပေးလိုက်ပါ.. ကျနော်ကတော့ Blogspot.com နဲ့မို့ blogspot.com ကိုရွေးပေးလိုက်ပါတယ်.. နံပါတ် (2) မှာ မိမိ ဆိုက်ဒ် ရဲ့ လိပ်စာကို ထည့်ပေးပါ.. (3) Save Changes ကို နှိပ်ပြီး Save လိုက်ပါ...။
အဲ့ဒါကတော့ Facebook မှာ လုပ်ပေးရမဲ့ အပိုင်းပြီးသွားပါပြီ..။

ခု Blog မှာ Facebook Comment Box လေးထည့်ဖို့ Blog အပိုင်းကို ဆက်သွားရပါဦးမယ်...။

Blogger တိုင်း ဒီအဆင့်လေးတွေကို လုပ်တတ်ကြမှာပါ...

 Blogger Dashboard >Design > Edit HTML ကနေ Expand Widget Templates ကိုအမှန်ခြစ်ပေးပြီး Ctrl + F နဲ့ ဒီ ကုဒ်ကို ရှာပါ  
<head> 
တွေ့ရင် ဒီအောက်က ကုဒ်လေးတွေကို <head> ရဲ့ အောက်ကနေ ကပ်ထည့်ပေးလိုက်ပါ..

<meta content=' စောစောက မှတ်ထားတဲ့ Facebook ID လေးကိုထည့်ပေးပါ ' property='fb:app_id'/>

 Save  template ကိုနှိပ်ပြီး Save ပေးလိုက်ပါ..။

Comment Box  ထည့်ဖို့ .. Edit Template > Design > Edit HTML ကနေ “Expand Widget Templates” အမှန်ခြစ်လေးတပ်ပေးပါ..
 Ctrl + F နဲ့ ဒီအောက်က ကုဒ်တွေ ရှာပါ..

<p class='post-footer-line post-footer-line-3'>
(or)
 <div class='post-footer-line post-footer-line-3'>
(or)
<data:post.body/>
 
  အဲ့ဒီ သုံးခုထဲက တခုခုကို ရှာပါ တွေ့ရင် ဒီအောက်က အပြာရောင်နဲ့ ကုဒ်တွေကို အောက်နားကနေ ကပ်ထည့်ပေးလိုက်ပါ..။ 
<b:if cond='data:blog.pageType == "item"'>
<div id="fb-root"></div>
<script>(function(d){
var js, id = 'facebook-jssdk'; if (d.getElementById(id)) {return;}
js = d.createElement('script'); js.id = id; js.async = true;
js.src = "//connect.facebook.net/en_US/all.js#xfbml=1";
d.getElementsByTagName('head')[0].appendChild(js);
}(document));</script>
<fb:comments width='450' colorscheme='light' expr:title='data:post.title'
 expr:href='data:post.canonicalUrl' expr:xid='data:post.id'/>
</b:if>

အနီရောင်နဲ့ ပြထားတဲ့  450 နဲ့  light နေရာမှာ မိမိ Blog နဲ့ ကိုက်ညီမဲ့ အကျယ် အဝန်း, အရောင် တွေကို ပြင်ပေးနိုင်ပါတယ်..။ light ကို  dark အဖြစ်ပြင်ပေးနိုင်ပါတယ်..။
ပြီးရင် Ctrl + F နဲ့ ဒီကုဒ်ကို ရှာပါ  <html  တွေ့ရင် ဖျက်ပစ်ပြီး  အောက်က ကုဒ်လေးတွေနဲ့ အစားထိုးပေးလိုက်ပါ...


<html xmlns:fb="https://www.facebook.com/2008/fbml"
 
Save template လုပ်လို့ရပါပြီ... မသေချာသေးရင် Preview လေးနဲ့ ကိုယ့် Blog ကို ပြန်ကြည့်လိုက်ပါဦး သေချာပြီ စိတ်တိုင်းကျပြီ ဆိုမှ Save template ကို နှိပ်ပြီး Save ပေးလိုက်ပါ..။

အားလုံး အဆင်ပြေကြပါစေ..

Facebook အကောင့်ကိုအသုံးမလို့တော့လို့ဖျက်ချင်သူများအတွက်


            ကျွန်တော်တို့တွေအသုံးပြုနေတဲ့ Facebook အကောင့်တွေကိုအကြောင်းအမျိုးအမျိုးကြောင့်
ဖျက်ချင်တဲ့သူများအတွက်နည်းလမ်းလေးပါ။အောက်မှာကျွန်တော်ပုံလေးတွေနဲ့လဲပြထားပေးပါတယ်။
  • အ၇င်ဆုံးမိမိဖျက်ချင်တဲ့အကောင့်ကိုဝင်လိုက်ပါ။ပြီး၇င် ဒီလင့် လေးကိုသွားလိုက်ပါ။ Submit ကိုနှိပ်လိုက်ပါ။
  • Permanently Delete Account ဆိုတဲ့ဘောက်လေးကျလာပါလိမ့်မယ်။အဲ့ဒီဘောက်လေးထဲမှမိမိတို့

    ဖျက်ချင်တဲ့အကောင့်၇ဲ့ password နဲ့ Txet in the box ထဲမှာသူပေးထာတဲ့စာလုံးလေးတွေကို၇ိုက်

    ထည့်ပြီး Okay ပေးလိုက်ပါ။နောက်ထပ်တခါထပ်ပြီးတော့ Okay ပေးလိုက်ပါ။ဒါဆို၇င်အကောင့်ကို

    ဖျက်လိုက်ပါလိမ့်မယ်။တကယ်လို့ အဲ့ဒီအကောင့်လေးကိုပဲပြန်လိုချင်တယ်ဆို၇င်တော့ 14 ၇က်အတွင်း

    အကောင့်နဲ့ပတ်ဝတ်ကို၇ိုက်ပြီးပြန်ယူလို့ပါတယ်။ 14 ၇က်ကျော်သွား၇င်တော့အကောင့်ကလုံးဝပျက်

    သွားပြီဖြစ်တဲ့အတွက်ပြန်ယူလို့၇မှာမဟုတ်တော့ပါဘူး။ 



    အားလုံးပဲအဆင်ပြေကြပါစေ.......ကျေးဇူးတင်ပါတယ်ခင်ဗျာ......


facebook မှာနောက်ခံဘက်ဂရောင်ပြောင်းနည်း..FWD

မသိသေးသူတွေအတွက် တင်ပေးထားတာပါ....၊  facebook   မှာ ဘယ်လို့ ဘက်ဂရောင်းပြောင်း မလဲဆိုတော့   
ပထမဦးဆုံး http://www.get-styles.com/ ကို သွားလိုက်ပါ....
plug-ins တွေ အများကြီးပေးထားတယ်ဗျ...ဘယ်ဟာကိ
ု ဒေါင်းလော့ဆွဲဆွဲ သုံးလို့ရတယ်ဗျ....
Mozilla ရော IE အတွက်ပါပေးထားတယ်....
အဲမှာ select ဆိုတာလေးကို နှိပ်ပြီး plug-ins လေးကို ဒေါင်းလိုက်ပါ....
ဒေါင်းပြီးသွားရင် Run လိုက်ပါ....Click 'Yes' to confirm the installaion
Run လိုက်ရင် သူက မော်ဇီလာကို ခဏပိတ်လိုက်ပါလိမ့်မယ်...Effect ဖြစ်အောင်လို့ပါ...
ပြီးရင် မော်ဇီလာကို ပြန်ဖွင့်လိုက်ပေါ့...ပြီး၇င် သူ့ဆိုဒ်ကို ပြန်သွားပြီးတော့
ကိုယ်သုံးချင်တဲ့ plug-ins ကို select လုပ်ပေးရမှာပါ....
ဒါဆို ရင် ရသွားပါပြီ.....ဖေ့ဘုတ်ထဲကို ၀င်ကြည့်လိုက်ပါ...ပြောင်းသွားပါလိမ့်မယ်....

Facebook တွင်အသစ်တင်သမျှကို Gmail ကနေကြည့်ရအောင်

Facebook သုံးသူများအတွက်ပါ။ မိမိရဲ့ Facebook ကို မိမိရဲ့ Gmail window မှာကြည့်နိုင်ပါတယ်။ သူငယ်ချင်း။တစ်ယောက်ယောက်က အသစ်တင်တာနဲ့ သင့်ရဲ့ Gmail window ထဲက Facebook gadget မှာတန်းဝင်လာမှာပါ။ အသစ်မတင်လျှင် ယခင်တင်ပြီးသား အကြောင်အရာများ ပေါ်နေမှာပါ။
Gmail မှာ Facebook gadget တင်ရန် သင့် Gmail ကိုဖွင့်ပါ။ ထို့နောက် Gmail window ရဲ့ အပေါ်ညာဘက်ထောင့်မှာ Setting ကိုနှိပ်ပါ။ Gadgets ဆိုတဲ့ menu ကိုထပ်သွားပါ။ (Gadgets menu ကိုမတွေ့ပါက Labs menu ကိုသွားပါ။ ထို့နောက် Add any gadget by URL ကို Enable လုပ်ပြီး Save changes ကိုနှိပ်ပါ။ Add any gadget by URL က Labs menu ရဲ့အောက်ဆုံးမှာရှိပါတယ်။ ပြီးလျှင် Gadgets menu ကို Setting menu ရဲ့အောက်မှာတွေ့ရပါလိမ့်မယ်။) Gadgets menu မှာ Add a gadget by its URL: ဆိုတဲ့ကွပ်လပ်မှာ အောက်က စာကြောင်းကို copy ကူးပြီးထည့်ပါ။

http://hosting.gmodules.com/ig/gadgets/file/104971404861070329537/f...



ပြီးလျှင် Add ကိုနှိပ်ပါ။ သင့် Gmail window က reload ပြန်လုပ်ပြီး Facebook window လေးက သင့် Gmail ရဲ့ဘယ်ဘက် side bar မှာပေါ်လာပါလိမ့်မယ်။ သင့် Facebook account နဲ့ log in လုပ်လိုက်ပါ။ သင့် Gmail window မှနေပြီး သင့် Facebook status ကိုအလွယ်တကူ ကြည့်နိုင်ပါပြီ။

Facebook chat မှာ ရုပ်ပုံတွေဘယ်လိုထည့်မလဲ

Face book chat ပြောရာမှာပဲဖြစ်ဖြစ် message ပို့ရာမှာပဲ ဖြစ်ဖြစ် ချစ်စရာရုပ်ပုံလေးတွေ ထည့်ပုံထည့်နည်းလေးကိုပြောပြချင်ပါတယ်...ဒီနည်းလမ်းလေ က Mozilla Firefox မှာပဲအဆင်ပြေပါတယ်.... တခြား browser တွေနဲ့ဆိုရင် အဆင်ပြေမှာမဟုတ်လို့ပါ...လိုက်လုပ်ကြည့်လိုက်ပါ....အသုံးပြု့ရတာ အရမ်း လွယ်လို့ပါ.... မသိသေးသောသူများအတွက်ပါ၊

၁ ) အရင်ဆုံးအနေနဲ့  Mozilla Firefox addon လေးတစ်ခုကို
ဒီနေရာ  ကနေ download လုပ်ယူလိုက်ပါ...

  download link >>>....http://facemoods.com/landing/chattab  << ကနေ download ရယူပြီးရင်
firefox browser ကိုပြန်ပြီး restart ပြန်လုပ်လိုက် ပါ.. firefox browser ကို ပြောတာပါ...window တစ်ခုလုံးကို ပြန်ပြီး restart လုပ်ခိုင်းတာမဟုတ်ပါဘူး...ဆိုလိုတာက firefox browser ကို ပိတ်ပြီးပြန်ဖွင့်ခိုင်းတာပါ....

ဒီအဆင့်ပြီးသွားရင်တော့ အသုံးပြု့လို့ရပါပြီ 


 ပုံမှာပြထားတဲကအတိုင်း chat အကွက်ရဲ့ဘေးမှာ ရုပ်ပုံလေးပေါ်လာမှာဖြစ်ပါတယ်...
ရုပ်ပုံထည့်လိုတဲ့အခါတိုင်းထိုအရုပ်ကလေးကို နှိပ်လိုက်ရင် ပုံမှာ အစိမ်းရောင်ညွှန်ပြထားတဲ့ box ကလေးပေါ်လာမှာဖြစ်ပြီး  အသုံးပြု့လိုတဲ့ရုပ်ပုံကိုနှိပ်ကာအသုံးပြု့နိုင်ပါတယ်..
 

Facebook chat history ကိုဘယ်လိုပြန်ရှာမလဲ........


Face book  chat history manager   ကိုသုံပြီးတော့ face book  မှာ သူငယ်ချင်းတွေနဲ့ chat ထားတဲ့ စာတွေ ကိုပြန်ရှာလို့ရမယ်နည်းလမ်းလေးကို ပြောပြချင်ပါတယ်....
အရင်က ကျွန်တော်လဲမသိပါဘူး..face book မှာ သူငယ်ချင်းတွေနဲ့စ ကားပြော ...ပြီးရင်ဘယ်မှာပြန်ရှာမလဲ မသိတော့.... အရမ်းကို စိတ်ညစ်ရပါတယ်...

၁ )အရင်ဆုံး... add on လေးတစ်ခု ကိုတော့ install လုပ်ဖိုတော့လိုပါတယ်...
Mozilla Firefox  အတွက် add on ကို  http://addons.mozilla.org/en-US/firefox/addon/12338  မှာ download ရယူ ပြီး install လုပ်ပါ...

၂ )install လုပ်ပြီးတဲ့အခါ မှာ.. Mozilla firefox browser ရဲ့  Menu bar မှ


tool menu နှိပ်ကြည့်ပါ..... tool menuရဲ့အောက်ဆုံးမှာ facebook chat history manager ဆိုပြီးတိုးလာတာကိုတွေ့ရပါလိမ့်မယ်..

၃ )Account အသစ်လုပ်တဲ့အခါ face book  ID လိုအပ်သည့်အတွက်..၎င်း Facebook ID ကို tool menu>> facebook chat history manager >>> Get  facebook ID ကိုနှိပ်၍ ရယူပါ...


 ၄ )Face book ID ရပြီဆိုရင်တော့ tool menu >>> facebook chat history manager   >>> Create Account ကိုရွေးချယ် Accountအသစ်ပြု့လုပ်ပါ.... Account သစ်ပြု့လုပ်တဲ့အခါ.. get account နှင့်ဆက်စပ်မှု့မရှိသည့်အတွက်....ကြိုက်နှစ်သက်ရာ User name နဲ့ password ကိုအသုံးပြု့နိုင်ပါတယ်...

၅ )Account လုပ်ပြီးသွားပြီဆိုရင်တော့ tool menu >> facebook chat history manager မှာရှိတဲ့ view  History  ကိုနှိပ်ပြီး. user name နဲ့ password ဖြည့်ကာ . face book မှာ chat ထားတဲ့ စာတွေကို ပြန်ဖက် လို့ရပါပြီ..

အရမ်းကိုအဆင်ပြေပါတယ်.... စမ်းသုံးကြည့်ပါ..
ကျေးဇူးတင်ပါတယ်..

Related Posts Plugin for WordPress, Blogger...
Link သေနေတာများရှိရင် comment မှာဖြစ်ဖြစ်၊ Cbox မှာဖြစ်ဖြစ် ပြောခဲ့ပါဗျာ…....