မင်္ဂလာပါခင်ဗျာ :::: ဤဘလော့တွင် တင်သမျှ နည်းပညာလေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ ::::

Facebook ကဗွီဒီယိုတွေ ဒေါင်းဖို့ခက်နေပြီဆိုရင်


တစ်ခါတစ်ခါ Facebook က ဗွီဒီယိုတွေဟာ download ယူဖို့ခဲယဉ်းပါတယ် Internet download manager နဲ့ အဆင်ပြေပေမယ့် နောက်ပိုင်း တစ်ခုပြီးတစ်ခုပြောင်းလဲလာတဲ့ ပေါ်လစီတွေအရ Facebook
 ဟာ သူ့ရဲ့ ဗွီဒီယိုတွေကို ဒေါင်းခွင့်သိပ်မပေးတာမျိုးတွေ ရှိလာပါတယ် ..
အဲဒီအခါ .. ကျွန်တော်တို့ဟာ Facebook Downloader လို ဆော့ဝဲမျိုးတွေကို အသုံးပြုပြီး
ဒေါင်းယူကြရပါတယ် ..


ဒါပေမယ့် .. တစ်ချို့ဗွီဒီယိုတွေဆိုရင် ဘယ်လို Downloader နဲ့မှ ဒေါင်းယူဖို့ အဆင်မပြေတာမျိုးတွေ
ရှိလာပါတယ် ...
ကဲ . အဲဒီလို အခက်အခဲမျိုးတွေကြုံနေတဲ့ ကြားထဲက Facebook Video ကို ဒေါင်းချင်ပါတယ်ဆိုတဲ့
သူငယ်ချင်းများ ဘာဆော့ဝဲမှ မသုံးပဲ Facebook က ဗွီဒီယိုတွေကို ဒေါင်းလို့ရတဲ့နည်းလေး
မျှဝေပေးချင်ပါတယ် ..
ပထမဆုံး ကိုယ်ဒေါင်းယူချင်တဲ့ ဗွီဒီယိုဖိုင်ပေါ်မှာ Right Click နှိပ်ပြီး ကျလာတဲ့ထဲက
Copy link location ကိုရွေးပါ ..



ပြီးရင် ဒီနေရာ လေးကို သွားလိုက်ပါ
အဲဒီမှာ Download ရဲ့ ရှေ့ကအကွက်ထဲမှာ ကော်ပီကူးယူလာတဲ့ လင့်ကို Paste ( Ctrl + V ) လုပ်လိုက်ပြီး ညာဖက်အစွန်က Download ကိုနှိပ်လိုက်ပါ ( အောက်က အနီရောင် Download မဟုတ်ဘူးနော် )


Loading လုပ်တာကို ခဏလောက်စောင့်လိုက်ရင် အောက်နားမှာ အဲဒီဗွီယိုဖိုင်လေး ပေါ်လာပါမယ်
အဲဒီအောက်က Download this video ( Right Click And Save As  ) ဆိုတာလေးကို နှိပ်လိုက်ပါ
(သူပြောထားသလို Right Click နှိပ်ပြီး ကျလာတဲ့ထဲက Save As ကို နှိပ်စရာမလိုပါဘူး )




သူငယ်ချင်းတို့ဒေါင်းချင်တဲ့ ဗွီဒီယိုဖိုင်လေး မငြိုမငြင်နဲ့ ကျလာပါလိမ့်မယ်
အဆင်ပြေပါစေဗျာ

Refe:::အိုင်တီမုဆိုး

0 comments :

Post a Comment

မိတ်ဆွေတို့၏ စကားတစ်ခွန်းသည် စာရေးသူအတွက် အားဆေးတစ်ခွက်ဖြစ်သည်။

Related Posts Plugin for WordPress, Blogger...
Link သေနေတာများရှိရင် comment မှာဖြစ်ဖြစ်၊ Cbox မှာဖြစ်ဖြစ် ပြောခဲ့ပါဗျာ…....