မင်္ဂလာပါခင်ဗျာ :::: ဤဘလော့တွင် တင်သမျှ နည်းပညာလေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ ::::

Destok ပေါ်မှာ Glass Themes လေးနဲ့ လန်းမယ်





ပထမဆုံး အနေနဲ့ အပေါ်မှာဒေါင်းယူလာတဲ့ ဖိုင်ကိုဖြေပါ...အထဲမှာ UniversalThemePatcher_20090409 zip နဲ့ VS_full_glass_for_win7_by_nguyenxuanhoa zip နှစ်ခုကို ရပါ့မယ်။

နှစ်ခုစလုံးကို Destok ပေါ်သို့တင်ထားပေးပါ။

(၁)UniversalThemePatcher zip ကို အရင်ဖြေပါ ..

လုံးဝဖြေပြီးသွားသောအခါ UniversalThemePatc.exe နှစ်ခုတွေ့ရမှာ ဖြစ်ပါတယ်

ပထမ ဟာကတော့ 64bit အတွက်ပါ .

အောက်ဆုံးကဟာကတော့ 32bit အတွက် မိမိစက်ရဲ့ system အလိုက် တစ်ခုကို run လိုက်ပါ

ပြီးသွားရင် တော့အောက်မှာ ပြထားတဲ့အတိုင်း patch တွေကို တစ်ခုပြီး တစ်ခုကလစ်သွားပါ။

အားလုံးပြီးသွားပါက Restart ကျသွားပါလိမ့်မယ်။

(၂) window ပြန်တက်လာပါက VS_full_glass_for_win7_by_nguyenxuanhoa zip ကိုဖြေလိုက်ပါ

ဖြေလို့ရလာတဲ့အထဲက ဖိုင် 3 ဖိုင်စလုံးကိုကော်ပီကူးပါ

My Computer>> local Disk (C) >> Windows >> Resources >> Themes လမ်းကြောင်းအတိုင်းသွားပြီးတော့ Paste လုပ်လိုက်ပါ။

(၃) Destok ပေါ်မှာ Right Click ခေါက် personalize window background မှာ Full Glass vs7 ဆိုတဲ့ themes လေးတိုးလာပြီဖြစ်ပါတယ်

အဲ Themes လေးကိုရွေးပေးလိုက်ပါ ။ ဒါဆိုရင်အဆင်ပြေပါပြီ။

(၄) အကြည်လေးဖြစ်ဖို့အတွက်ကတော့  My Computer>> local Disk (C) Windows Resources Themes လမ်းကြောင်းအတိုင်းသွားပြီးတော့ Full glass ဆိုတဲ့ ဖိုင်လေးကို double click လုပ်ပေးရမှာဖြစ်ပါတယ်
ပြီးသွားရင်တော့ သင်ရဲ့ Destok ဟာ Gslass Themes လေးနဲ့လန်းနေပါပြီ။
 

2 comments :

  1. Password ဘာလဲဗျို့..

    ReplyDelete
  2. Password ရပြီဗျို့ ..www.kyawsoetunaung.blogspot.com

    ReplyDelete

မိတ်ဆွေတို့၏ စကားတစ်ခွန်းသည် စာရေးသူအတွက် အားဆေးတစ်ခွက်ဖြစ်သည်။

Related Posts Plugin for WordPress, Blogger...
Link သေနေတာများရှိရင် comment မှာဖြစ်ဖြစ်၊ Cbox မှာဖြစ်ဖြစ် ပြောခဲ့ပါဗျာ…....