WINDOWS PROBLEMS
1. File grouping fix – Windows 7, Vista
မေး … My Documents folder ကို ဖွင့်လိုက်တဲ့အခါမှာ Today, Yesterday,
Last week နှင့် A long time ago စသော ခေါင်းစဉ်များအလိုက် file တွေကို
စီစဉ်ထားတာတွေ့ရပါတယ်။ မူလ သုံးနေကျအတိုင်း ပြန်ပြောင်းလိုပါတယ်။
ဖြေ … Arrange by – Date modified ဆိုပြီး ဖိုင်တွေကို modified
လုပ်ထားတဲ့ ရက်စွဲအလိုက် စီစဉ်စေတဲ့အတွက် အခုလို ပေါ်တာဖြစ်ပါတယ်။ အဲဒီ
windows နေရာလွတ်တစ်ခုမှာ Right-click လုပ်ပြီး Group by – None လို့
ရွေးလိုက်ပါ။ အကယ်၍ Group by မပေါ်ခဲ့ဘူးဆိုရင်၊ Arrange by – Folder လို့
ပြန်ပြောင်းပေးပါ။
2. Scroll or browser ? – Windows XP
မေး … အရင်ကဆိုရင် Start menu မှာ ရှိတဲ့ All programs list မှာ columns
တွေအများကြီးနဲ့ပြတယ်။ အခု ကော်လံတစ်ခုပဲပေါ်တော့တယ်။ အရင်လို ဖြစ်အောင်
ဘယ်လိုလုပ်ရမလဲ ?
ဖြေ … all programs list ဟာ column တစ်ခုတည်းနဲ့
ပြလို့မလောက်အောင် များလာတဲ့အတွက် ကော်လံတစ်ခုပြီးတစ်ခု ထပ်ပြီးခွဲပြပါတယ်။
အဲဒါကို ကော်လံတစ်ခုအနေနဲ့ပဲ ထားပြီး scroll bar လေးထည့်လို့ရပါတယ်။
windows 7 နဲ့ Vista တို့လိုပေါ့။ programs တွေ ဘယ်လောက်များများ start
menu box ထဲမှာပဲ scroll နဲ့ပြပါတယ်။ XP မှာတော့ all programs ဆိုပြီး
column တစ်ခုမှာ scroll နဲ့ပြမှာပေါ့။ အဲလိုမကြိုက်ပဲ အရင်အတိုင်း
ကော်လံအများကြီးနဲ့ မြင်ချင်ရင်တော့ Start လိုဂို နေရာမှာ Right-Click
လုပ်ပြီး Properties ကိုနှိပ်။ ပေါ်လာတဲ့ box ရဲ့ Start Menu tab မှာ
Customise ကိုနှိပ်ပါ။ Advanced tab မှာ Scroll Programs ကို uncheck
လုပ်လိုက်ပါ။ (scroll နဲ့လိုချင်ရင် check ၊ မပါချင်ရင် uncheck ပေါ့)။
ပြီးတဲ့နောက် OK နှိပ်ပြီး ပြင်ခဲ့တာကို apply ဖြစ်စေပါတယ်။
3. Task Manager tabs - Windows 7, Vista, XP
မေး … Task manager မှာ သူ့ရဲ့ tabs တွေ menu တွေ တစ်ခုမှ မပေါ်တော့ပါဘူး။ အရင်လိုဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။
ဖြေ … Task Manager ရဲ့ usage ပြတဲ့ Grid တွေနေရာကို Double-Click
နှိပ်မိလို့ ဖြစ်ပါတယ်။ အဲဒီ edge (grid ကွက်) ကို Double-Click
ပြန်နှိပ်ပေးလိုက်ပါ။
4. Missing Quick Launch – Windows 7
မေး … Windows 7 ရဲ့ Taskbar မှာ Quick Launch ပါမလာတော့ဘူး။ အရင် windows တွေအတိုင်း Quick Launch menu ထည့်သုံးချင်ပါတယ်။
မိမိသုံးချင်တဲ့ programs (သို့) windows explorer ကို ဖွင့်ပြီး taskbar
မှာ right-click နှိပ်၊ pin this taskbar ဆိုရင်လည်း taskbar မှာ icon
ထည့်ပြီးသားဖြစ်မှာပါ။
5. Taskbar gone awry ... Windows 7, Vista, XP
မေး … taskbar ဟာ ပုံမှန်အတိုင်း အောက်မှာမဟုတ်ပဲ ညာဘက်ကို
ဒေါင်လိုက်ရောက်ပြီး sidebar ပုံစံဖြစ်နေပါတယ်။ အောက်ကို ပြန်ရောက်အောင်
ဘယ်လို ရွှေ့ရမလဲ။
ဖြေ … taskbar ကို lock မချထားရင် ဘားပေါ်မှာ click ဖိထားပြီး
ပြောင်းချင်တဲ့ ဘက် (အပေါ်၊ အောက်၊ ဘေးနှစ်ဖက်) ကို Drag ဆွဲယူကာ
ပြောင်းနိုင်ပါတယ်။ ပုံမှန်အတိုင်း အောက်ကို ပြန်ရောက်ဖို့အတွက် taskbar
မှာ right click နှိပ်ပြီး Lock the taskbar ကို check မပေးထားပါနဲ့
(uncheck)။ taskbar ရဲ့ နေရာလွတ်တစ်ခုမှာ click ဖိထားရင်း အောက်ဘက်ကို Drag
ဆွဲယူပါ။ ပြီးရင် Lock the taskbar ကို check ပြန်ပေးလိုက်ပါ။
6. The wrong browser - Windows 7, Vista, XP
မေး … firefox ကို default browser အဖြစ်သုံးချင်ပါတယ်။ (browser
နဲ့ ပွင့်ရမယ့် ဘယ်လင့်ကိုပဲ နှိပ်လိုက် နှိပ်လိုက် firefox နဲ့ပဲ
ပွင့်ချင်တာပါ)။ အခု Internet Explorer နဲ့ ပွင့်နေပါတယ်။
ဘယ်လိုပြောင်းရမလဲ။
ဖြေ … ဒါက Default program ရွေးထားတာနဲ့ ဆိုင်ပါတယ်။ windows system ကနေ
ပြောင်းမယ် ဆိုရင်တော့ restart ပေးပြီးမှ ပြောင်းပါတယ်။
မိမိပြောင်းချင်တဲ့ program ကနေပဲ ပြောင်းပေးလိုက်တာ အကောင်းဆုံးပါပဲ။ ဥပမာ
– firefox ကို Default သုံးချင်တာဆိုရင် firefox ရဲ့ menu မှာ Tools –
Options ကိုနှိပ်။ ပေါ်လာတဲ့ Options box ရဲ့ Advanced tab မှာ Always check
to see if Firefox is the default browser on startup ကို check ပေးပြီး
Check Now ခလုပ်ကို နှိပ်။ OK ပေးလိုက်ရင် firefox က Default browser
ဖြစ်သွားပါပြီ။ IE ကို Default ပေးချင်တာဆိုရင် IE ရဲ့ menu မှာ Tools –
Internet Options ကိုနှိပ်ပြီး Programs tab မှာ Make default ခလုပ်ကို
click ပါ။ Default browser ဟုတ်မဟုတ် သတိပေးစေလိုရင် Tell me if Internet
Explorer is not the default web browser ဆိုတာကို check ပေးထားလိုက်ပါ။
အခြားသော browser များကိုလည်း Default ဖြစ်စေလိုရင် ဒီနည်းလမ်းအတိုင်းပဲ
လုပ်ပါ။ (browser အများစုက IE နဲ့ မတူရင် Firefox နဲ့ တူလိမ့်မယ်)
7. Wrong Windows starts – Windows 7, Vista, XP
မေး … ကျနော်က windows နှစ်ခုတင်ထားပါတယ်။ Windows 7 နဲ့ Vista ပါ။
ပုံမှန်တိုင်း တက်လာမယ့် Windows ကို Windows 7 ဖြစ်စေချင်ပါတယ်။ Windows 7
ကို Default ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။
ဖြေ … ဘယ် windows တွေပဲ တင်ထားတင်ထား windows တစ်ခုထက် ပိုတာနဲ့ boot မှာ
OS menu ပေါ်ပါ တယ်။ မိမိသုံးချင်တဲ့ windows ကို arrow နဲ့ ရွေးချယ်ပြီး
သုံးနိုင်ပါတယ်။ နောက်ဆုံးသုံးခဲ့တဲ့ windows က အပေါ်ဆုံးက (Default အဖြစ်)
ရှိနေမှာပါ။ waiting time ကို 30 sec (Default time) စောင့်ပါတယ်။ အဲဒီ
စက္ကန့်သုံးဆယ်အတွင်း မိမိက ဘာမှ ထပ်မရွေးခဲ့ရင် အပေါ်ဆုံးက Default windows
ကိုပဲ boot ယူပြီး တက်သွားမှာပါ။ အခုမေးခွန်းအတွက်ပဲ ပြောရရင် windows 7
ကို ရွေးပေးလိုက်ပါ။ Computer ကို Right-Click လုပ်ပြီး Properties
နှိပ်လို့ပဲ ဖြစ်ဖြစ်၊ Win+Break key ကို နှိပ်လို့ပဲဖြစ်ဖြစ် system
properties ကို ဖွင့်ပါ။ ဘယ်ဘက်က Advanced system settings ကိုနှိပ်ပါ။
ပေါ်လာတဲ့ Advanced tab မှာ Start and Recovery ရဲ့ Settings ကိုနှိပ်ပါ။
Default Operating system မှာ Windows 7 ကို ရွေးပေးလိုက်ပါ။ Time to
display list of OS ဆိုတဲ့ box မှာ boot waiting time ကို
မိမိထားချင်သလောက် ပြောင်းထားလိုက်ပါ။ (Default time က 30 sec ဖြစ်ပြီး 0
sec ထိ လျှော့နိုင်ပါတယ်)
8. Disk space missing – Windows 7, Vista, XP
မေး … hard disk ရဲ့ C:\ က သိမ်းထားတာ သုံးထားတာ အဲလောက်မများပဲ
ပြည့်လုနီးပါးဖြစ်နေပြီ။ သုံးထားတဲ့ disk space ဘာလို့ ပိုများသွားတာလဲ။
ဖြေ … windows က သိပ်ပြီး မလိုအပ်တဲ့ ဖိုင်တွေကိုလည်း copy
သိမ်းထားလေ့ရှိတယ်။ ဥပမာ – temporary လိုမျိုးပေါ့။ အဲဒါတွေဖျတ်ဖို့အတွက်
(my) Computer ရဲ့ C:\ ကို right-click လုပ်ပြီး properties ကိုနှိပ်၊
ပေါ်လာတဲ့ general tab မှာ Disk cleanup ဆိုတာကိုနှိပ်ပြီး သူ့ရဲ့ wizard
အတိုင်းဆက်သွားပြီး delete လုပ်ပေးလိုက်ပါ။ ၀င်းဒိုးကို သုံးတာ ကြာရင်
ကြာသလောက် Copy ယူထားတဲ့ space ပိုများမှာပါ။
9. Too many fonts – Windows 7, Vista, XP
မေး … ၀င်းဒိုးမှာ ဖောင့်တွေအရမ်းများနေပါတယ်။ လိုအပ်တဲ့ဖောင့်တွေ
ရှိသလို မလိုအပ်တဲ့ဖောင့်တွေလည်း ပါပါတယ်။ မလိုတာတွေ သိနိုင်ဖို့
ဖောင့်တွေကို ဘယ်လိုကြည့်မလဲ။
ဖြေ …
www.computeractive.co.uk/2142304
ကိုသွားပြီး Cfont Pro ကို Download လုပ်ပါ။ Cfont Pro ရဲ့
ဘယ်လောက်ခြမ်းမှာ တင်ထားသမျှဖောင့်နာမည်တွေ ပေါ်ပါတယ်။
နာမည်ပေါ်နှိပ်လိုက်ရင် ဖောင့်ရဲ့ properties, Sample အကုန်ပေါ်ပါတယ်။
uninstall လုပ်နှိင်သလို၊ လိုအပ်ရင်ပြန်သုံးနှိင်အောင် backup လည်း
လုပ်ထားလို့ရပါတယ်။ (C:\windows\font ကို ဖွင့်ပြီး ဖောင့်တွေပေါ်
Double-Click နှိပ်ရင်လည်း properties နဲ့ sample ကို မြင်ရမှာပါ။ windows 7
မှာ medium icon အနေနဲ့ view ထားထားပေးရင် icon မှာကို font sample
ပြနိုင်ပါတယ်။ Cfont Pro နဲ့ဆိုတော့ ပိုပြီး ပြည့်စုံလွယ်ကူတာပေါ့)
10. Vitural Drives – Windows 7, Vista, XP
မေး … Game တွေ၊ Learning CD တွေကို သုံးတဲ့အခါမှာ CD drive ကို စက်ထဲ
ထည့်ပေးထားမှ အဆင်ပြေပါတယ်။ ခွေမပါပဲ သုံးနှိင်အောင် ဘယ်လိုလုပ်ရမလဲ။
ဖြေ … Vitural CD software ကို သုံးလို့ရပါတယ်။ MagicDisc Software ကို
သုံးဖို့ အကြံပေးပါရစေ။ ဒီ software ကို Install လုပ်လိုက်ရင် DVD Drive
အတုတစ်ခုရလာပါတယ်။ (တစ်ခုမက ဖြစ်စေချင်ရင်လည်းရပါတယ်)။ drive ကလည်း
အတုဖြစ်လို့ ခွေကလည်း အတုပဲ ထည့်ပေးရပါမယ်။ သုံးမည့် CD ကို iso software
တစ်ခုသုံးပြီး iso image အဖြစ် ဖန်တီးလိုက်ပါ။ ပြီးနောက် MagicDisc ရဲ့
tray icon မှာ right-click နှိပ်ကာ၊ mount ဆိုပြီး လုပ်ထားတဲ့ iso ဖိုင်ကို
ရွေးပေးလိုက်ရင် drive ထဲ CD ထည့်ထားသကဲ့သို့ ဖြစ်သွားပါပြီ။ (လွန်ခဲ့တဲ့
နှစ်ပေါင်းများစွာထဲကနေ အခုထိ ဒီနည်းကိုပဲ သုံးနေကြတုန်းပါ)
11. Moving My Documents - Windows 7, Vista, XP
မေး … ကျနော် hard disk အဟောင်းမှာ free space မရှိတော့တဲ့အတွက် HDD
အသစ်တစ်လုံးထပ် တပ်လိုပါတယ်။ My Documents ဖိုဒါကို အသစ်ဆီ ရွှေ့လို့ရမလား
သိချင်ပါတယ်။
ဖြေ … ရပါတယ်။ XP နဲ့ Vista မှာဆိုရင် Start ကို နှိပ်၊ (My) Documents
မှာ right-click ထောက်ပြီး Properties နှိပ်။ Location ဆိုတဲ့ tab မှာ
လက်ရှိသိမ်းထားတဲ့ နေရာပြနေပါလိမ့်မယ်။ Move ဆိုတဲ့ ခလုပ်ကိုနှိပ်ပြီး
ပြောင်းလိုတဲ့ နေရာကို ရွေးချယ်ပေးလိုက်ပါ။ Windows 7 မှာ ဆိုရင် Start –
Documents ကို ဖွင့်ပါ။ ဘယ်ဘက် sidebar ရဲ့ Libraries အောက်မှာ Documents
ကို ပြနေပါလိမ့်မယ်။ Documents မှာ right-click လုပ်ပြီး၊ Expand
ကိုနှိပ်လိုက်ရင် My Documents ဆိုပြီး ထွက်လာပါမယ်။ My Documents ရဲ့
properties ကိုနှိပ်ပြီး XP နဲ့ Vista တုန်းကအတိုင်း ဆက်လုပ်သွားရုံပါပဲ။