မင်္ဂလာပါခင်ဗျာ :::: ဤဘလော့တွင် တင်သမျှ နည်းပညာလေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ ::::

Windows 7 မှာ Hibernation ကိုဘယ်လို ပိတ်မယ် ဖွင့်မယ်

Windows 7 နဲ့ Vista တို့က Windows XP သုံးနေတဲ့သူတွေအတွက် ပြင်ဆင်မှုတွေ လုပ်တဲ့နေရာမှာ တော်တော်ကို အစိမ်းသက်သက်ဖြစ်နေပါလိမ့်မယ်။ အခု ဒီနေရာမှာ Windows 7 မှာ Hibernation ကိုဘယ်လို ပိတ်မယ် ဖွင့်မယ်ဆိုတာကို ဖော်ပြပေးသွားမှာပါ။

Hibernation ကတော့ အဓိကအားဖြင့် လျှပ်စစ်စွမ်းအင် သုံးစွဲမှုကို သက်သာစေရန်အတွက်ပါပဲ။ ဒါဟာ "sleep mode" နဲ့ မတူပါဘူး။ "sleep mode" က ဖွင့်ထားတဲ့ files တွေ documents တွေကို Power နဲနဲနဲ့ Memory အပေါ်မှာ သိမ်းထားတာပဲဖြစ်ပါတယ်။ သို့သော် Hibernation ကတော့ ဖွင့်ထားတဲ့ Files တွေ Documents တွေအားလုံးကို Hard Disk မှာ စွမ်းအင် သုံးစွဲမှုလုံးဝမပါပဲ ထိန်းသိမ်းထားတာပဲဖြစ်ပါတယ်။ ဒီ Feature ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အရမ်းကောင်ပါတယ်.. မီးက လာလိုက် ပျက်လိုက်ဆိုတော့ ဒီ feature လေးနဲ့ အရေးပေါ် ပိတ်လိုက်ရင် ကျွန်တော်တို့ရဲ့ Data တွေ မဆုံးရှုံးတော့ဘူးပေါ့။ နောက်တစ်ခါ မီးလာလို့ ကွန်ပျူတာကို ပြန်ဖွင့်တဲ့အခါ အရင်က ကျွန်တော်တို့ သုံးခဲ့တဲ့ State အတိုင်း ပြန်ရပါတယ်။


၁။ Command Prompt ကို "Administrator rights" နဲ့ဖွင့်ဖို့အတွက် Run Command (Win+R) ကိုသွားပါ။ အထဲမှာ 'cmd' ဆိုပြီးရိုက်ထည့်ကာ Ctrl + Shift + Enter နိုပ်ပါ.. ဒါဆိုရင် Administrator rights နဲ့ Command Prompt တက်လာပါလိမ့်မယ်..


၂။ Command Prompt ထဲမှာ powercfg /hibernate on ဆိုတာကို ရိုက်ထည့်လိုက်ပါ...  ဒါက Command ကိုသုံးပြီး hibernation ကိုဖွင့်တာပါပဲ။ ပြီးရင် exit ကို ရိုက်ထည့်ပြီး command prompt ကိုပိတ်လိုက်ပါမယ်။

၃။ ကျွန်တော်တို့ရဲ့ Start Menu ကိုသွားကြည့်ပါ။ Shutdown ဆိုတဲ့ဘေးနားမှာ arrow လေးနဲ့ ကိုနိုပ်ပြီး hibernate button ပေါ်မပေါ်ဆိုတာ ကြည့်လိုက်ပါ... (မှတ်ချက် Windows မှာ Menu Style အပေါ် မှုတည်ပြီးတော့ ကွဲပြားတာလေးတွေရှိပါတယ်။ တစ်ချို့က Shutdown Button ကို နိုပ်မှ ပေါ်လာတာတွေရှိပါတယ်)။ Start Menu မှာ မပေါ်သေးရင် အောက်ပါ အတိုင်း ဆက်လက်လုပ်ဆောင်ဖို့လိုပါလိမ့်မယ်။

၎။ Start Menu ကို နိုပ်ပြီး Start Menu ရဲ့ Sear Box မှာ "Power Options" ဆိုပြီးရိုက်ထည့်က Enter ခေါက်လိုပါက Power Options ပေါ်လာပါလိမ့်မယ်

ပုံမှာပြထားတဲ့အတိုင်း အဆင့်ဆင့်သွားပြီးတော့ Sleep ထဲက Allow Hybrid Setting ကို ပိတ်ပေးရပါတယ်။ ( Change Plan Setting > Change Advanced Power Setting > Sleep > Allow hybrid sleep - Off ) ဆိုပြီးလုပ်ပေးလိုက်ယုံပါပဲ.. ဒါဆိုရင် Hibernate button ကိုမြင်ရပါပြီ...

0 comments :

Post a Comment

မိတ်ဆွေတို့၏ စကားတစ်ခွန်းသည် စာရေးသူအတွက် အားဆေးတစ်ခွက်ဖြစ်သည်။

Related Posts Plugin for WordPress, Blogger...
Link သေနေတာများရှိရင် comment မှာဖြစ်ဖြစ်၊ Cbox မှာဖြစ်ဖြစ် ပြောခဲ့ပါဗျာ…....