မင်္ဂလာပါခင်ဗျာ :::: ဤဘလော့တွင် တင်သမျှ နည်းပညာလေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ ::::

How To Remove Shortcut Virus

shortcut virus ဆိုတာ ကျနော်တို့အသုံးပြုတဲ့ external HDD, USB Pen Drive တွေကို ကူးဆက်ခံရလျှင် ၎င်းတို့မှာရှိတဲ့ ဖိုလ်ဒါများဟာ shortcut icon တွေအား လုံးဖြစ်သလို တစ်ခါတစ်လေ HDD, USB Flash တွေမှာ ဖိုင်၊ ဖိုလ်ဒါတွေရှိသော်လည်းမမြင်ရအောင် ၎င်းဗိုင်းရပ်စ်က ပိတ်ထားတတ်ပါတယ်။
အခုဖြေရှင်းနိုင်တဲ့နည်းလမ်းတစ်ချို့ကိုတင်ပြခြင်းဖြစ်ပါတယ်။ အသုံးတည့်မယ်ထင်လို့ ထပ်ရှယ်လိုက်တဲ့သဘောပါ။

၁။ "Start" -->Run --> cmd ကိုရိုက်ထည့်ပြီး Enter.

၂။ အောက်ပါ command ရိုက်ထည့်ပြီး Enter ခေါက်ပါ။

attrib -h -r -s /s /d k:\*.* 

မှတ်ချက် = k ဆိုတဲ့နေရာမှာ မိမိရဲ့ HDD, USB pen drive ရဲ့ letter ကိုရွေးပါ။

အဲဒါပြီးရင် မိမိရဲ့ HDD, USB Flash Drive ကိုပြန်ဖွင့်ကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

အပေါ်က CMD နဲ့ ရှင်းထုတ်ရတဲ့နည်းကခက်တယ်လို့ထင်ရင် bat ဖိုင်နဲ့လဲတင်ပေးလိုက်မယ်။ စမ်းကြည့်ပေါ့။ ဒါနဲ့လဲ အဆင်ပြေသွားနိုင်တယ်။  

shortcut virus remover.bat

0 comments :

Post a Comment

မိတ်ဆွေတို့၏ စကားတစ်ခွန်းသည် စာရေးသူအတွက် အားဆေးတစ်ခွက်ဖြစ်သည်။

Related Posts Plugin for WordPress, Blogger...
Link သေနေတာများရှိရင် comment မှာဖြစ်ဖြစ်၊ Cbox မှာဖြစ်ဖြစ် ပြောခဲ့ပါဗျာ…....