မင်္ဂလာပါခင်ဗျာ :::: ဤဘလော့တွင် တင်သမျှ နည်းပညာလေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ ::::

Blog Address အဟောင်းမှ လိပ်စာအသစ်သို့ Redirect လုပ်နည်း

  မိမိ blog လိပ်စာအဟောင်းကိုသွားလိုက်တာနဲ့ လိပ်စာအသစ်ဆီကို Redirect လုပ်ပေးမယ့်နည်းလမ်းလေးပါ။ ဘလောဂါတွေအတွက် ဒီလိုအပြောင်းအလဲတွေ
ရှိခဲ့ရင် ခုနည်းလမ်းကမဆိုးပါဘူး။ သူ့ဟာသူ auto Redirect လုပ်ပေးမှာဖြစ်ပါတယ်။ ကဲ လုပ်ရမှာက လွယ်ပါတယ်။ အရင်ဆုံး မူလဘလောစပေါ့ထဲ Login ဝင်ထားပါ။
 
Blogger Dashboard ထဲရောက်ရင် Template ကိုရွေးပါ။ အဲဒီကနေတစ်ဆင့် Edit Html ကိုဆက်သွားပါ။ ရောက်ပြီဆိုရင် <head> ဆိုတဲ့စာသားလေးနေရာကိုရှာပါ။ Firefox ကနေ Ctrl+F နဲ့ရှာနိုင်ပါတယ်။ တွေ့ပြီဆိုတာနဲ့ အောက်ကကုဒ်ကို <head> ဆိုတဲ့အောက်နားမှာထည့်ပေးရပါမယ်။
<meta content='5;url=http://www.YOUR-URL.com/' http-equiv='refresh'/>
အနီရောင်နဲ့ 5 ဆိုတာက Redirect လုပ်ပေးမယ့်အချိန်ပါ။
http://www.YOUR-URL.com/ မှာ မိမိ Redirect လုပ်ချင်တဲ့လိပ်စာကိုထည့်ပေးရပါမယ်။
ဒါဆိုရင် ရပါပြီ။ Save မလုပ်ခင် Preview ကနေအရင်ဆုံးကြည့်ပါ။ အလုပ်ဖြစ်ရင်တော့ Save လို့ရပါပြီ။ တစ်ခုခုမှားသွားရင် ပြန်ခေါ်လို့ရအောင် မိမိရဲ့ ဘလော့ Template ကို Backup လုပ်ထားပါစေ။

0 comments :

Post a Comment

မိတ်ဆွေတို့၏ စကားတစ်ခွန်းသည် စာရေးသူအတွက် အားဆေးတစ်ခွက်ဖြစ်သည်။

Related Posts Plugin for WordPress, Blogger...
Link သေနေတာများရှိရင် comment မှာဖြစ်ဖြစ်၊ Cbox မှာဖြစ်ဖြစ် ပြောခဲ့ပါဗျာ…....