မင်္ဂလာပါခင်ဗျာ :::: ဤဘလော့တွင် တင်သမျှ နည်းပညာလေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ ::::

သူများစက်ကိုဝင်ရောက်ကြည့်နည်း......

Service သမားတွေအတွက်အဆင်ပြေမယ်ထင်ပါတယ်........
လိုအပ်သလိုသာအသုံးပြုပါ။
အင်တာနက် online နည်းပညာတိုးတက်လာတာနဲ့ အမျှ online မှာ သုံးနေကြတဲ့ သူတွေရဲ့ ကွန်ပျူတာတွေ စက်တစ်လုံးကနေတစ်လုံး ၀င်ရောက်ပြီး ပြုပြင်ပေးတာ..
ဖိုင်တွေကို ရှယ်ပေးလိုက်တာ...သူရဲ့ desktop ကိုဝင်ကြည့်တာ..စတဲ့လုပ်ငန်းစဉ်ကို အဆင်ပြေအောင်ဆောင်ရွက်ပေးနိုင်ခဲ့တာတော့အံ့ မခန်းပဲဗျာ...သူကတော့
teamviewer ဖြစ်ပါတယ်...ဘယ်နေမှာမဆို ကော်နယ်ရှင် ရှိနေရင်ဝင်ရောက်နိုင်ပါတယ်..အသုံးပြုကြည့်ပေါ့  ....အွန်လိုင်းကနေကွန်ပျူတာပြင်သမားတွေ၇ဲ့ လက်
စွဲတော်ဆိုလည်းမမှားပါဘူးလေ.....
1.အရင်ဦးစွာ...အောက်မှာပေးထားတဲ့(သူများစက်သို့ဝင်ရောက်နိုင်ရန်)လို့ရေးထားတဲ့ ဟိုးအောက်က ဆော့ဝဲ လေးကိုဒေါင်းလိုက်နော်
2.ပွင့်လာပြီဆိုတာနဲ့ download Now its free! ဆိုတာလေးကို ဒေါင်းပါ...လွယ်လွယ်ကူကူ desktop ပေါ်မှာပဲတင်ထားလိုက်ပေါ့...
3.desktop ပေါ်ရောက်နေတဲ့ teamviewer icon လေးကို run လိုက်ပါ....
4.wellcome to teamviewer မှာ next ကို click ပါ
5.enviroment မှာ personal/non-commerical use ကိုရွေးပြီး next ကိုclick ပါ..
6.license Agreement မှာ check box ၂ ခုစလုံးအမှန်ခြစ်ပေးပါ...
7.choose installation type မှာ password ကို ဘာမှမထည့်ပဲ next ကို click
8.Access control မှာလည်း next ကို click.....ပြီးရင် finish
window security alert ပေါ်လာတဲ့အခါ Ask me later ပဲပေးလိုက်ပါ..
1. ကိုယ့်ရဲ့ ID (တခြားသူက ကိုယ့်ရဲ့စက်ထဲဝင်မယ်ဆိုရင် ဒီ ID နံပါတ်လေးကိုပေးပြီး ကိုယ်အပေါ်မှာပေးထားတဲ့ Password (eg. 12345) ကို တပါးထည်း ပေးရပါမယ်။)
2.ကိုယ်က တစ်ခြားသူရဲ့စက်ကိုဝင်မယ်ဆိုရင် တခြားသူရဲ့ ID နံပါတ် ထည့်ရမယ့်နေရာဖြစ်ပါတယ်။ (တပါးတည်း တစ်ခြားသူရဲ့ Password ကိုတောင်းရပါ့မယ်)
3.Remote Support ကိုရွေးပေးရပါ့မယ်။ ဒါမှ ကိုယ်ကတစ်ခြားသူရဲ့စက်ကို ၀င်ပြီး Support လုပ်နိုင်မှာပါ။
4.ID တွေထည့်ပြီးရင် Connect to Partner ကို နှိပ်လိုက်ရင် Password တောင်းတဲ့ Box ပေါ်လာရင် ခုနတုံး ကတောင်းထားတဲ့ Password ကို ရိုက်ပေးလိုက်ရင် ကိုယ်ကတစ်ခြားသူရဲ့စက်ထဲကို တစ်ခြားသူရဲ့ ခွင့်ပြုချက်နဲ့ ၀င်ရောက်နိုင်ပါပြီ။ ၀င်ရောက်ပြီးသွားရင် တစ်ခြားသူရဲ့ Admin အတိုင်းဘဲ အားလုံးကိုယ့်စိတ်ကြိုက် ပြုလုပ်နိုင်ပါပြီ။ပုံတွေ ကူးထည့်ပေးတာတို့  ၊ software ပိုင်း ပြင်ဆင်ပေးတာတို့  ကို ကိုယ့်ကွန်ပျူတာ screen ကနေ နေရာ
မရွေ့ ပဲလုပ်ဆောင်ပေးနိုင်ပါပြီ.....
ဒီရဲ့ Teamviewer က တစ်ခြားသော ကွန်ပျူတာ တစ်လုံးကနေ တစ်လုံးဝင်ရောက်နိုင်တဲ့ ဆော့ဝဲလ်တွေထဲမှာတော့ တော်တော်လေးကို အဆင်ပြေချောမွေ့စွား အသုံးပြုနိုင်တဲ့အပြင် Free ပေးထားတဲ့ ဆော့ဝဲလ်လေးမို့ သဘောကျဖို့ကောင်းပါတယ်။ ကွန်ပျူတာဆော့ဝဲလ်တွေပြင်သမားအတွက်တော့ အချိန်ကုန် လူပင်ပန်းစရာမလို အိမ်ကနေ ဟိုဟိုဒီဒီ ဆော့ဝဲလ်လေးထည့်လိုက်ရုံဘဲ...

 လိုချင်ရင်ဒီမှာ DOWNLOAD သွားနိုင်ပါတယ်

0 comments :

Post a Comment

မိတ်ဆွေတို့၏ စကားတစ်ခွန်းသည် စာရေးသူအတွက် အားဆေးတစ်ခွက်ဖြစ်သည်။

Related Posts Plugin for WordPress, Blogger...
Link သေနေတာများရှိရင် comment မှာဖြစ်ဖြစ်၊ Cbox မှာဖြစ်ဖြစ် ပြောခဲ့ပါဗျာ…....