မင်္ဂလာပါခင်ဗျာ :::: ဤဘလော့တွင် တင်သမျှ နည်းပညာလေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ ::::

စက်ပိတ်တာနဲ့ Recent Files ကို Auto Clear လုပ်နည်း

မိမိကွန်ပျုတာမှာ Recent Documents တွေကို မိမိက စက်ပိတ်လိုက်တာနဲ့ Auto Clear ဖြစ်သွားအောင် ဘယ်လိုပြုလုပ်ရမယ်ဆိုတာ မသိတဲ့သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ Recent Documents ကဘာလဲဆိုတာ မသိတဲ့သူတွေအတွက် နည်းနည်းပြောပြပါမယ်။ ကွန်ပျုတာကိုဖွင့်တဲ့အချိန်ကနေ ပိတ်တဲ့အချိန်ထိ မိမိဖွင့်တဲ့ folder တွေ၊ ပုံတွေကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် အဲ့ဒီလို ခြေရာခံလို့မရအောင် မပိတ်ခင်မှာ Run>>Recent လို့ရိုက်ထည့်ပြီး အဲထဲမှာရှိတဲ့ဖိုင်တွေကို Delete ပေးလိုက်လည်းရပါတယ်။ ဒါပေမဲ့ အမြဲဒီလိုလုပ်ဖို့ မမှတ်မိနိုင်ပါဘူး။ ပိုဆိုးတာက အဲဒီ Recent Documents တွေကိုမဖျက်ပဲ ထားတာကြာလာရင် စက်ဟန်းသွားနိုင်သလို ဗိုင်းရက်စ်တွေ ခိုအောင်းတဲ့နေရာလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ပုံမှန်ရှင်းသင့်ပါတယ်။ ဒါကြောင့် မိမိလည်း ရှင်းရအောင်သက်သာအောင် အောက်ပါအတိုင်းလုပ်ဆောင်နိုင်ပါတယ်။
၁။ Start>>Run>>Regedit လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။
၂။HEY_Current_User>>Software>>Microsoft>>Windows>>CurrentVersion>>Policies>>Explorer စတဲ့ အတိုင်းရောက်အောင်သွားလိုက်ပါ။ ရောက်တာနဲ့ညာဘက်ကနေရာလွတ်မှာ New>>DWORD Value ကို ကလစ်နှိပ်လိုက်ပါ။ Rename ကို ClearRecentDocsExit လို့ရိုက်ပြီး Name ပေးလိုက်ပါ။
၃။ မိမိတည်ဆောက်ခဲ့တဲ့ ClearRecentDocsOnExit ပေါ်မှာ Double Click ပဲနှိပ်နှိပ်၊ Right Click ထောက်ပြီး Modify ကိုပဲဖြစ်ဖြစ် ကလစ်လိုက်ပါ။ ပြီးတာနဲ့ Value Data မှာ (1) လို့ရိုက်ပါ။ ပြီးရင် OK ကိုနှိပ်လိုက်တာနဲ့ အဆင်ပြေပါပြီ။
၎။ အထက်ပါအဆင့် ၃ အထိကတော့ Recent Documentိကိုစက်ပိတ်လိုက်တာနဲ့ Auto Clear လုပ်တာဖြစ်ပါတယ်။
Auto Clear မလုပ်ချင်ဘူးဆိုရင်တော့ Value Data ကို ‘0’ ပေးလိုက်ပါ။ Restart ချလိုက်ပါ။ အိုကေသွားပါလိမ့်မယ်။

0 comments :

Post a Comment

မိတ်ဆွေတို့၏ စကားတစ်ခွန်းသည် စာရေးသူအတွက် အားဆေးတစ်ခွက်ဖြစ်သည်။

Related Posts Plugin for WordPress, Blogger...
Link သေနေတာများရှိရင် comment မှာဖြစ်ဖြစ်၊ Cbox မှာဖြစ်ဖြစ် ပြောခဲ့ပါဗျာ…....