မင်္ဂလာပါခင်ဗျာ :::: ဤဘလော့တွင် တင်သမျှ နည်းပညာလေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ ::::

VSO Convert X DvD 4


ရုပ်ရှင်/ဗွီဒီယိုတွေကိုDVDပြောင်းတဲ့softwarလေးပဲဖြစ်ပါတယ်။ အရင်ဆုံး အောက်မှာပေးထားတဲ့လင့်မှာ ဒေါင်းလုပ်ယူပြီး Install လုပ်ပါ။ Text file မှာပါတဲ့ Serial တစ်ခုခုနဲ့ register လုပ်လိုက်ပါ။ 
PASSWORD :::www.kyawsoetunaung.blogspot.com
                                                       VSOConvertXtoDVD 4

 ဒီ software လေးကို ဘယ်လိုသုံးမလဲ ဆိုတာကို ကျွန်တော်သိသလောက် ရှင်းပြပေးပါ့မယ်။ အချို့လည်း သုံးစွဲ ဖူးသူတွေလည်းရှိကြမှာပါ။ မသိသေးကြသူများအတွက် အဓိကရည်ရွယ်ပါတယ်။ ကျွန်တော် သုံးကြည့်ဖူးတဲ့ အတွေ့အကြုံအပေါ်မူတည်ပြီး ရှင်းပြမှာဖြစ်တဲ့အတွက် လိုအပ်ချက်တွေတော့ရှိနေ ပါလိမ့်မယ်။ 

ကျွန်တော်တို့ အင်တာနက်ကနေ ရုပ်ရှင်တွေကိုဒေါင်းလုပ်ယူပြီး DVD နဲ့သိမ်းထားချင်ရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် မိသားစုနဲ့အတူ TV Screen ပေါ်ကြည့်ချင်ရင်ပဲဖြစ်ဖြစ် ဒီ Software လေးကိုသုံးရတာ တော်တော်လေး အဆင်ပြေတာကိုတွေ့ရပါတယ်။ ဒီ Project ကိုလုပ်ဖို့အတွက် အရင်ဆုံး မိမိတို့ရဲ့စက်ထဲမှာ ရုပ်ရှင် (Movie File) တစ်ခုတော့ရှိဖို့လိုပါတယ်။ Latest Movies တွေဟာ Quality ပေါ်မူတည်ပြီး အနည်းဆုံး မီဂါဘိုက် ၇၀၀ ကနေ ၂-၃ ဂီဂါဘိုက်အထိ ရှိနိုင်ပါတယ်။ အင်တာနက်က ဒေါင်းလုပ်ယူတဲ့ Movies တွေမှာ သူ့အတွက် Sub Title ပါ တစ်ခါတည်းပါလာတတ်ပါတယ်။

အောက်မှာ ပုံတွေနဲ့တစ်ဆင့်ချင်းရှင်းပြသွားပါမယ်။ File ---> Add video file(s)  (video file(s) ဆိုတာက အချို့ movie/video တွေမှာ ၁ ဖိုင်မက ရှိနေတတ်ပါတယ်)။ ပြီးရင် မိမိကူးချင်တဲ့ movie file ကိုရွေးပေးလိုက်ပါ။  
အောက်ပုံမှာပြထားအတိုင်း တွေ့ရပါလိမ့်
DVD Options ရှေ့က (+) ကိုနှိပ်လိုက်ပါ။ အောက်ကပုံမှာအတိုင်း တွေ့ရပါမယ်။ 
အပေါ်ပုံမှာပြထားတဲ့အတိုင်း Auto Start Playback ကို အမှန်ခြစ်ပေးလိုက်ပါ။ ဒါမှ DVD ကို play လုပ်တဲ့အခါမှာ DVD Menu ကိုကျော်ပြီး ချက်ချင်း Play လုပ်မှာဖြစ်ပါတယ်။ နောက်ပြီး Play titles one after the other ဆိုတာကိုလည်း အမှန်ခြစ်ပေးပါ။ အကယ်၍ မိမိက VCD Karaoke လိုမျိုး track အများကြီးကို ကူးမယ်ဆိုရင် သီချင်းတစ်ပုဒ်ပြီးတာနဲ့ menu ကိုပြန်ရောက်မသွားအောင်၊ နောက်တစ်ပုဒ်ကို ချက်ချင်း play အောင် အမှန်ခြစ်ပေးရတာပဲဖြစ်ပါတယ်။ 

DVD Options ရဲ့အောက်မှာ Title Menu parameters ဆိုတာကတော့ Disc menu ခေါင်းစဉ်၊ Background Image ကိုလည်း မိမိစိတ်ကြိုက် edit လုပ်နိုင်ပါတယ်။

အောက်ကပုံမှာပြထားတာကတော့ အကယ်၍ မိမိဒေါင်းလုပ်ယူထားတဲ့ Movies က Subtitle File (Subtitle File ၏ extension မှာ .srt (or) .sub ဖြင့်ရှိနေနိုင်ပ့ါသည်) ပါလာခဲ့ရင် Movie file ကို add လုပ်လိုက်တာနဲ့ sub title ကိုလည်းအလိုလျောက် add လုပ်ပေးပါတယ်။ ရှိပြီးသား sub title ကို မကြိုက်လို့ပဲဖြစ်ဖြစ်၊ တစ်ခြား  Sub title ကိုထပ်ထည့်ချင်ရင်ပဲဖြစ်ဖြစ် Right Click ထောက်ပြီး edit လုပ်သွားရုံပါပဲ။
DVD Menu ကိုရွေးဖို့အတွက်က Setting---->DVD Menus ကနေပြီး စိတ်ကြိုက်ရွေးပေးလို့ ရပါတယ်..အားလုံးစိတ်ကြိုက်ပြင်ဆင်ပြီးရင်တော့ Convert လုပ်လို့ရပါပြီ။  

Convert လုပ်ပြီးသွားရင် DVD Burn ဖို့အတွက် DVD ထည့်ပေးဖို့တောင်းပါလိမ့်မယ်။ DVD အလွတ် တစ်ချပ်ထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ DVD movie Disk တစ်ချပ်ကို ရပါပြီ။ 

မိတ်ဆွေတစ်ယောက်အသုံးပြုပုံလေးပါရေးပေးပါဆိုလို့.. ကျွန်တော်သုံးဖူးသလောက်အတွေ့အကြုံလေး ကို ရေးပေးလိုက်ရတာပါ။ ဒါထက်အများကြီးလုပ်လို့ရတာတွေ ရှိပါသေးတယ်။ မိမိတို့ဥာဏ်ရှိသလောက် ချဲ့ထွင်သုံးစွဲသွားကြနိုင်ကြပါတယ်။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ..










0 comments :

Post a Comment

မိတ်ဆွေတို့၏ စကားတစ်ခွန်းသည် စာရေးသူအတွက် အားဆေးတစ်ခွက်ဖြစ်သည်။

Related Posts Plugin for WordPress, Blogger...
Link သေနေတာများရှိရင် comment မှာဖြစ်ဖြစ်၊ Cbox မှာဖြစ်ဖြစ် ပြောခဲ့ပါဗျာ…....